ondragstart="return false" onselectstart="return false"

Tuesday, March 2, 2010

ကရင်ပြည်နယ်တွင် နအဖ စစ်တပ်မှ စစ်သားများ ထွက်ပြေးမှုပိုများလာ

2 March 2010

၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ တွင် ကေအဲန်ယူ တပ်မဟာ(၆) နယ်မြေရှိ နအဖ စစ်စခန်းတခုဖြစ်သော ဘုရားငုတ်တို စခန်း ခမရ ၄၀၉ မှတပ်သား (၃)ဦး (၁)ခိုင်လင်းထက်၊ (၂) မိုးမြကို၊ (၃) ကျော်မင်းထက် တို့  သည် MA-1 (၃)လက်၊ ကျည်ကပ် (၇)ချပ်၊ ကျည်ထောင့်(၄၉၀)ထောင့် နှင့်အတူ KNLA-ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း(၁၇) သို့ လက်နက်ချ ၀င်ရောက်လာကြောင်းသတင်းရရှိပါသည်။

ညောင်လေးပင်ခရိုင်တွင်လည်း လှုပ်ရှားနေသော ခမရ (၄၃၈) မှတပ်သားနှစ်ဦးသည် MA-1 (၂ လက်)၊ ကျည်ထောင့် ၂၄၀ နှင့်အတူ ၁၅၊ ၀၂၊ ၂၀၁၀ ရက်နေ့ တွင် ကေအဲန်ယူ တပ်မဟာ(၃) ထံသို့ လက်နက်ချ ၀င်ရောက်လာကြောင်းသတင်းရရှိပါသည်။

သည့်ပြင် ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီ ၁၆ ရက်နေ့ တွင် ကေအဲန်ယူ ထိန်းချုပ်ဒေသတစ်ခုဖြစ်သော သထုံခရိုင် ဖားအံ့မြို့ နယ်ရှိ နအဖ စစ်စခန်းတခုဖြစ်သော ခမရ (၃) တပ်ခွဲ(၃) နန်းကြီး စစ်စခန်းမှ တပ်သား သိန်းကျော် (၂၃)နှစ်၊ ကိုယ်ပိုင်အမှတ် (၁၄၀၄၆၃၃) သည် MA-1 တလက်၊ ကျည်ကပ်တချပ်၊ ကျည်ထောင့် ၃၀ နှင့်အတူ ကေအဲန်ယူတပ်မဟာ(၁)သို့ လက်နက်ချ ၀င်ရောက်လာကြောင်းသတင်းရရှိပါသည်။

အဆိုပါ ဗမာ့တပ်မတော်မှ ထွက်ပြေးသော တပ်သားများ ပြောဆိုချက်အရ တပ်မတော်အတွင်း အထက်အောက်မညီမျှမှု၊ ခွဲခြားဆက်ဆံခံရမှု၊ ရရှိလာသော လစာငွေများသည် မိသားစုကို ဘယ်လို့ မှပြန်လည် ထောက်ပံ၍ မရနိုင်သည့်အပြင် တပ်တွင်း အထက်အရာရှိတို့ ၏ ဟိုဖြတ်ဒီဖြတ်နှင့် လစာငွေမှာ ဘာမှ မကျန်တော့ကြောင်း၊ သည့်ပြင် ရှေးတန်းစစ်မြေပြင်မှာ လည်း တိရိစ္ဆန်သဖွယ်ခိုင်းပြီး လူမဆန်တဲ့လုပ်ရပ်များကို ကျူးလွန်ရန် အထက်မှအမိန့် ပေးမှုများရှိကြောင်း၊ ဥပမာ- အပြစ်မဲ့ရွာသားများကို တွေ့ လျင် သတ်ခိုင်းခြင်း၊ ရွာများကို မီးရှို့ ဖျက်ဆီးခိုင်းခြင်း၊ တောရွာများတွင် ရွာသားများရှိမည်ဟုယူဆလျှင် ၄င်းရွာများကို အဝေးမှနေ၍ လက်နက်ကြီးပစ်ခိုင်းခြင်းစသည့် လူမဆန်တဲ့လုပ်ရပ်များကို အမိန့် ပေးခိုင်းစေနေကြောင်း ပြောပါသည်။

ဗမာ့တပ်မတော်တွင်းသို့ အစကနဦးက ၀င်ရောက်သည့်သူတို့ ၏ထင်မြင်ယူဆချက်များနှင့် လက်ရှိ တပ်မတော်အတွင်းမှာကြုံတွေ့ နေရဒါတွေ တခြားစီဖြစ်နေသောကြောင့် ဗမာ့တပ်မတော်သား တစ်ယောက်အဖြစ်မခံယူလို တော့၍ ထွက်ပြေးခြင်းဖြစ်သည်ဟုပြောဆိုပါသည်။ ဆက်လက်ပြီး တပ်မတော်မှာ ဆက်နေ၍ တာဝန်ထမ်းဆောင်မည်ဆိုလျှင် ရှေ့ တန်းမှာ ကျနော်တို့ အသက်ပေးသွားသည့်တိုင်အောင် ကျနော်တို့ ၏လုပ်ရပ်များသည် တိုင်းပြည်ကို ကာကွယ်၍ တိုင်းပြည်နဲ့ လူမျိုးအတွက် ကျဆုံးခြင်းမျိုးမဟုတ်ပဲ အာဏာရှင်လူတစု အာဏာတည်မြဲရေးအတွက် ကိုယ့်တိုင်းရင်းသားညီကိုယ် အချင်းချင်းကို ပြန်လည်တိုက်ခိုက်၍ အဓိပါယ်မဲ့ သေခြင်းမျိုးကို အဖြစ်မခံနိုင်၍ ထွက်ပြေးရခြင်းဖြစ်ကြောင်း။

ယခုအချိန်မှာ တပ်မတော်သားတစ်ဦးဖြစ်ရဒါ အင်မတန်မှမျက်နှာငယ်ရကြောင်း၊ လူတွေက ကိုယ့်ကိုချစ်လို့ စကားလက်ခံပြောဆိုနေဒါမဟုတ်ပါ လူတွေက ကျနော်တို့ ကိုင်တဲ့သေနတ်ကို ကြောက်လို့ သာ ဆက်ဆံနေတယ်ဆို ဒါသိသာကြောင်း၊ တိုင်းရင်းသားနယ်မြေတွေမှာဆိုရင် ကျနော်တို့  ဗမာ့တပ်မတော်သားတွေကို အင်မတန်မှ ရွံ့ ရှာစက်ဆုပ်နေပြီဖြစ်ကြောင်း၊ ကလေး၊ လူကြီး၊မိန်းကလေး၊ယောကျားအားလုံးတို့ သည် ကျနော်တို့ စစ်တပ်ကိုမြင်ရင် တုန်တုန်ရီရီနဲ့ လက်ခံစကားပြောနေဒါတွေကို ကြည့်ခြင်းဖြင့် ကျနော်တို့ တပ်မတော်သားတွေကို ပြည်သူပြည်သားတွေက ဘယ်လောက်နာကျည်းနေပြီလဲဆိုဒါ သူတို့ ပါးစပ်ကပြောမထွက်ပေမယ့် သူတို့  ရဲ့မျက်ဝန်းတွင် ပေါ်လွင်နေပါကြောင်း၊ ကျနော်တို့ ဗမာ့တပ်မတော်ရဲ့ လူမဆန်တဲ့ လုပ်ရပ်အချို့ များဟာလည်း နာကျည်းထိုက်ပါကြောင်း၊ ဒါတွေအားလုံးကို ရှေးတန်းစစ်မြေပြင်မှာ ကိုယ်တိုင်မြင်တွေ့ ခံစားခဲ့ရကြောင်း စသဖြင့် ကေအဲန်ယူဆီသို့ ထွက်ပြေးလာသော ဗမာ့တပ်မတော်သားတစ်ဦးက ဆိုပါသည်။

အဆိုပါထွက်ပြေးလာသော ဗမာ့တပ်မတော်သားများကို ကေအဲန်ယူမှ နွေးထွေးစွာကြိုဆိုလျက် သူတို့ သွားလို သည့်နေရာများကို စီစဉ်ပို့ ပေးမည်ဟုသတင်းရရှိပါသည်။ ထွက်ပြေးလာသူအားလုံးသည် စစ်သားဘ၀ကို စိတ်ကုန်နေပြီဖြစ်၍ သာမန်အရပ်သားဘ၀ ဖြင့် ဘ၀ကို ပြန်လည်ရပ်တည်ကြမည်ဟု သိရှိရပါသည်။

No comments:

Post a Comment