ondragstart="return false" onselectstart="return false"

Thursday, March 11, 2010

ကရင်နီပြည်အတွက် နိုင်ငံရေးပါတီမှတ်ပုံတင်နိုင်ရေး ရန်ကုန်တွင်ဆွေးနွေးမှုပြုလုပ်

KNPP ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ ခွဲထွက်သွားတဲ့ ကလလတ အဖွဲ့ မှ ဦးထွန်းကျော် ကောင်းဆောင်တဲ့အဖွဲ့ က နယ်ခြားစောင့်တပ်ကို လက်ခံပြီး ယခုရွေးကောက်ပွဲ ၀င်ဖို့ ပြင်နေပါပြီ။ ဒီလိုဆိုရင်ဖြင့် KNU မှခွဲထွက်သွားတဲ့ ဒီကေဘီအေ အဖွဲ့ များ နယ်ခြားစောင့်တပ်ကို လက်ခံပြီဖြစ်တဲ့အတွက် ယခုဘာတွေလုပ်နေကြပါသနည်း.....အစကတည်းက ပုံမလာတဲ့ ၂၀၀၈ ဥပဒေ နှင့်၂၀၁၀ ရွေးကောက်ပွဲ အကြောင်းနှင့် ပါတ်သက်၍ ဒီနေရာမှာ ညီကို ဒီကေဘီအေ များကိုမပြောလိုပါ။ ပြောချင်ဒါ တစ်ခုက ညီကိုတို့ လို နယ်ခြားစောင့်တပ်တွေကို လက်ခံတဲ့အဖွဲ့ တွေက နိုင်ငံရေးဦးတည်ချက်တစ်စုံတစ်ရာရှိပြီး လှူပ်ရှားနေကြဒါ ကို တွေ့ နေရပါသည်။ ယခု ကျနော်တို့ ဒီကေဘီအေက ဒီလို အချိန်မှာ ရွှေထူး၊ သစ်လေးခုတ်ရောင်း ဒါလေးနဲ့ အချိန်ကုန်ပြီး ဒူးပလာယာခရိုင်၊ သထုံခရိုင်၊ ဖားအံ့ခရိုင်၊ ညောင်လေးပင်ခရိုင်။ ဖာပွန် ခရိုင်တွေမှာ ကျနော်တို့ ကရင်လူမျိုးတွေကို မျိုးဖြုတ်စစ်ဆင်နေတဲ့ နအဖ စစ်ရာဇ၀တ်ကောင်တွေနဲ့ အတူ ရှေ့ ဆုံးမှာ ပါဝင် ပါတ်သက်နေဒါ အံ့သြစွာ တွေ့ နေရပါတယ်။ အမျိုး ဘာသာ သာသနာ အတွက်တကယ် အလုပ်လုပ်နေပါတယ် ဆို တဲ့ အဖွဲ့ လို့ ကိုယ့်ကိုယ်ကို ပြောရင် နအဖ ခိုင်းသမျှ အချင်းချင်းပြန်တိုက်ခိုက်နေဒါတွေ ရပ်ဆိုင်းပြီး လူမျိုးအတွက် အဓိပါယ်ရှိဒါ တခုခု ဒီလိုအချိန်မှာ ဆုံးဖြတ်သင့်တယ်လို့  တိုက်တွန်းပါရစေ။ ဒီလိုမှမဟုတ်ရင် ဗမာ့တပ်မတော်ရဲ့ ရှေ့ ပြေးတိုက်ခွေးလေးတွေ သဖွယ် တချိန်လုံးရှည်သန်နေကြရမှာ ဖြစ်ပြီး ကြာလာရင်လုံးပါးပါးပြီး သေကြေပျောက် ကုန်ကြတော့မည်ဖြစ်သည်။ ဒေသခံလူထုတွေလည်း အများကြီးနှစ်နာနေပြီဖြစ်သည်။ ကရင်အမျိုးသားများရဲ့ ထောက်ခံမှုကို ပြန်လည်ရယူလို လျှင် အဓိပါယ်ရှိဒါတွေ စတင်လုပ်ဆောင်ပါတော့လို့ တိုက်တွန်းပါရစေ။

ကို၂ / မတ်လ ၁၁၊ ၂၀၁၀

ရွေးကောက်ပွဲတွင် ကရင်နီပြည်အတွက်ကိုယ်စားပြုပြီး ၀င်ရောက်ရှင်ပြိုင်နိုင်ရေးအတွက် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့အစည်းမှ ရန်ကုန်မြို့တွင် ပါတီမှတ်ပုံတင်ရန်နှင့် ပါတီနာမည်ပေးနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်းသိရသည်။
၎င်းက “အခု ရန်ကုန်မှာ ကလလတ အဖွဲ့ဝင်လူကြီးများအစည်းအဝေးလုပ်နေတယ် ပါတီမှတ်ပုံတင်ဖို့လေ။ မတ်လ ပထမ အပတ်တည်းက ရန်ကုန်မှာ စုဝေးပြီး အစည်းအဝေးလုပ်နေတာ။ ဒါပေမယ့် ပါတီရဲ့အမည်ကိုတော့ မသတ်မှတ်ရသေးဘူး။ ” ဟု ကရင်နီပြည်နယ် နိုင်ငံရေးအကြောင်းနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့် သူတဦးက ပြောသည်။

ကလလတအပြင် ကရင်နီပြည်နယ်တွင် လူထုကြားထဲမှ ပေါက်ဖွားလာနိုင်သော ပါတီများလဲရှိနိုင်ကြောင်းပြောသည်။

၎င်းက“အမှန်တော့ ခန့်မှန်းထားတာ ( ၃) ပါတီလောက်တော့ရှိမယ်။ လွိုင်ကော်နဲ့ ဒီးမောဆို နောက် ဘောလခဲ နဲ့ဖာဆောင်း မြို့ပေါ်က အုပ်စုတွေပေါ့ဗျာ”ဟုပြောသည်။

အစိုးရမှ နိုင်ငံရေးပါတီ ထူထောင်ခြင်း၊ ပါတီအမည်ပေးခြင်းအတွက် ရက်ပေါင်း ၆၀ ပြင်ဆင်ခွင့်ပေးထားသည်။ ရွေးကောက်ပွဲ ကော်မရှင်သို့ ထို ရက်ပေါင်း ၆၀ အတွင်းမှ ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျှောက် ပယ်ဖျက်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက ဖော်ပြထားသည်။

ကလလတ သည် နိုင်ငံရေးပါတီအဖြစ်သို့ အမည်ပြောင်းလဲထူထောင် သွားနိုင်ရန် ယခုလို အစည်းအဝေးပြုလုပ်နေခြင်းဖြစ်သည်။ ၎င်းသည် စစ်အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက ပစ်ခတ်ရပ်စဲရေးရယူပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် သဘောတူခဲ့သည်။
ကန္တရ၀တီတိုင်းသတင်းမှ

No comments:

Post a Comment