ondragstart="return false" onselectstart="return false"

Wednesday, March 10, 2010

ပြည်ပရောက် ကရင်လူထုမှ ဗမာစစ်အစိုးရသို့ ကန့် ကွက်ဆန္ဒပြ

မတ်လ ၉၊ ၂၀၁၀
သတင်း-စောကျော်ခွီး

တိုင်းရင်းသားကရင်လူထုအပေါ် မတရားဖိနှိပ်သတ်ဖြတ်နေမှုများကို မခံနိုင်
လွန်းသဖြင့် သြစတြေးလျရောက် ကရင်လူထုမှ ၂၀၁၀ခုနှစ် မတ်လ (၉)
ရက်နေ့တွင် မြန်မာသံရုံးစိုက်ရာ ကမ်ဘာရာမြို့တွင် နေ့လည် (၁၁)နာရီ
မှ ညနေ(၃)နာရီခွဲအထိ စစ်အစိုးရသို့ အပြင်းအထန်ကန့်ကွက်ဆန္ဒပြခဲ့ကြ
သည်။


အင်္ဂလန်၊ နော်ဝေး၊ ဆွီဒင်၊ ကနေဒါ၊ တောင်ကိုးရီးယား၊ သြစတြေးလျား၊
ဂျာမဏီ၊ အမေရိကန်၊ ဂျပန်၊ မလေးရှားစတဲ့ နိုင်ငံ(၁၀)နိုင်ငံတို့မှအဝေး
ရောက် ကရင်များက ကမဘြာလုံးဆိုင်ရာလှုပ်ရှားမှုတခုကို တနေ့ထဲ တ
ပြိုင်ထဲ ရောက်ရာတိုင်းပြည်များတွင် ဆနဒြပြခဲ့ကြသည်။


ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ကရင်တို့ကလည်း ထိုနေ့ တရက်ထဲတွင် တပြိုင်ထဲအုံကြွ

ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသည်ဟုသိရပါသည်။ သြစတြေးလျနိုင်ငံဆန္ဒပြပွဲသို့ ဘားမား
ကမ်ပိန်းမှ လည်းကောင်း၊ ဒီမိုကရေစီ တပ်ပေါင်းစုမှ လည်းကောင်း၊ မွန်အမျိုးသား
အစည်းအရုံးမှကိုယ်စားလှယ် အသီးသီးအပြင် ကရင်များတက်ရောက်ကြရာ စုစုပေါင်း
လူဦးရေ (၂၀၀)ကျော်ပါဝင်ခဲ့ကြသည်။


ကမ်ဘာရာ ပါလီမန်၌ ငြိမ်းချမ်းစွာ ဟောပြော၍ အခမ်းအနားတခုလုပ်ခဲ့ပြီး နအဖသံ
ရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် ထိုင်းသံရုံးအရှေ့သို့သွားပြီး ထိုင်းသံမှတဆင့်
ထိုင်းဘုရင်မင်းမြတ်ထံသို့ ဂါရ၀ပြု နှုတ်ခွန်းဆက်ပြောကြားခဲ့သည်။ ထိုင်းဘုရင်မင်
းမြတ်နဲ့ ထိုင်းအစိုးရတို့မှလည်း ဆုတ်ယုတ်ပျက်ပြားလာတဲ့ မြန်မာပြည်အခြေအနေနဲ့ ကရင်လူမျိုးတွေအပေါ်လူမျိုးတုန်းသတ်ဖြတ်နေမှုကြောင့် ထွက်ပြေးလာတဲ့ ထိုင်းနိုင်ငံရှိ
ကရင်ဒုက္ခသည်များအပေါ်စာနာညှာတာမှု ထားပေးရန်၊ စစ်ဘေးကြောင့်ထွက်ပြေးလာ
ကြသူများကိုလည်း အတင်းအကြပ်ဖိအားပေး နေရပ်ပြန်ပို့တာတွေမလုပ်ဖို့ မေတ္တာရပ်

ခံစာပေးပို့ခဲ့ကြသည်ဟု သိရပါသည်။

“နအဖတွေကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသားကရင်တွေ
အပေါ် သတ်ဖြတ်နေမှုတွေ အိုးအိမ်၊ စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီး အမျိုးသမီး
များအပေါ် မှုဒိန်းကျင့်မှုတွေကိုစတဲ့ရာဇ၀တ်မှုတွေကို ကုလသမဂဂမှ စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့ပြီး စုံစမ်းပေးဖို့တောင်းဆိုပါတယ်။ သြစတြေးလျအစိုးရမှလည်း ဥရောပ
နိုင်ငံများနဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်များပေါင်းပြီးဖွဲ့စည်းထားတဲ့ ဒီစုံစမ်းစစ်ဆေးရေး
ကော်မရှင်ကို ၀ိုင်းဝန်းထောက်ခံလိုက်နာပေးဖို့ လက်မှတ်များအသီးသီးထိုးကြပြီးတော့
ဝန်ကြီးချုပ် ကယ်ဘင်ရပ်ဆီ ကရင်ကွန်မြူနတီအနေနဲ့ အိတ်ဖွင့်ပေးစာပေးခဲ့တယ်။
ပြည်တွင်းစစ်၏ အနိဌာရုံကြောင့် မိဘမဲ့ ဖြစ်နေရတဲ့ ကရင်ရင်သွေးတွေပြည်တွင်းကော
နယ်စပ်တွေဆီမှာ ဒုကတွေရောက်နေကြတယ်” ဟုနယူးဆောက်ဝေး ကရင်အမျိုးသား
အစည်းအရုံး ဥက္ကဌ မန်းအော်လန်းဒိုမှ သြစတြေးလျပါလီမန်ရှေ့တွင်ပြောကြားခဲ့ပါသည်။

ထို့အပြင် နအဖသံရုံးရှေ့တွင်လည်း “အင်အားကြီးတဲ့သူက အင်အားနဲတဲ့သူကို အနိုင်
ယူတဲ့ ခေတ်ကလည်း မရှိတော့ပါဘူး။ သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ဟစ်တလာတို့၊ ဆဒမ်ဟူစိန်တို့ဟာမတရားတဲ့အနိုင်ကျင့်သူများဖြစ်ပေမဲ့ တနေ့တော့ အဆုံးသတ်ရတာ
တွေချည်းဘဲ။ ဒီ(၂၁)ရာစုဟာ ယဉ်ကျေးတဲ့အချိန်ဖြစ်နေပြီး၊ ရိုင်းပြတဲ့ အချိန်မဟုတ်
တော့ဘူး။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ သက်တမ်းဟာ ကုန်ဆုံးဖို့
အချိန် နီးသထက်နီးလာပြီဆိုတာပြောချင်ပါတယ်”ဟု ကရင်အမျိုးသားအစည်းအရုံး
ဥက္ကဌ မန်းအော်လန်းဒိုကပင်လျင် ထပ်လောင်းပြောကြားခဲ့သည်။

“တိုင်းတပါးကိုရောက်သွားတဲ့ ကရင်များဟာ ပြည်တွင်းက ကရင်လူထုတွေဘာဖြစ်နေ
တယ်ဆိုတာ အမြဲမပြတ် နားစွင့် လုပ်ဆောင်နေကြတာဘဲ။ ဒီလို စုစုလုံးလုံးဆန္ဒပြခြင်း
ကလည်း ပြည်တွင်းက ကရင့်ရဲဘော်တွေ၊ ဒုက္ခသည်တွေအတွက် စိတ်အားတက်ကြွ
စရာတခုဖြစ်နိုင်ကောင်းပါတယ်။ ဆိုင်ရာ အစိုးရတွေရဲ့ ရင်ထဲ၊ နှလုံးသားထဲ၊ နားထဲ
ကိုရောက်အောင် အခုလိုဆန္ဒပြပြောဆိုလုပ်ဆောင်းခြင်းမှ ဒီ နအဖအစိုးရကို စစ်စစ်မှန်
မှန်ပိုမိုဖိအားပေးလာနိုင်မယ်လို့ မျှော်လင့်မိတယ်။”ဟု ထိုဆန္ဒပြပွဲသို့ တက်ရောက်ခဲ့သူ
နော်လားလာမှ သူ့ရဲ့ မြင်တွေ့ခံစားခဲ့ရတာကိုပြောကြားခဲ့ပါသည်။

“အခုလို ကရင်လူမျိုးတွေက သေချာတဲ့ မဲဆေ့ခ်ျတွေကို လာပေးတဲ့အတွက်ဒီသြစတြေးလျား
က၀န်ကြီးတွေ ပိုမိုသိရှိသွားကြပြီး လိုရင်းတိုရှင်းနဲ့ ထိရောက်တဲ့ အချက်တွေ
ကိုလဲပြသခဲ့ပြီး။ ဘယ်လိုနည်းနဲ့ ကူညီဖြေရှင်းရမှာကိုလဲ သူတို့နားလည်ကြပ
လိမ့်မယ်။ ကုလသမဂမှာလဲ ဒီနအဖရဲ့ စစ်ရာဇ၀တ်ပြစ်မှုတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့မျှော်လင့်မိပါတယ်” ဟု
သြစတြေးလျမှ ကရင်တို့၏ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု ကိုတက်ရောက်ခဲ့သူ
မစ်ဇယ်တီ(ဘားမားကမ်ပိန်း)မှပြောကြားခဲ့သည်။

ကျောင်းဖွင့်ရက်၊ ရုံးဖွင့်ရက်နှင့် အလုပ်ဖွင့်ရက်များကိုခဏထားပြီး ရပ်ဝေးမှ
ကရင့်မျိုးချစ်စိတ်အပြည့်နှင့်လာရောက်ခဲ့ကြသူများကို အိမ်ရှင် ကမ်ဘာရာရှိ ကရင်များက
ကရင့်ရိုးရာ မုန့်ဟင်းခါး အစားအစာများနှင့် အားတက်သရောတည်ခင်းကျွေးမွေးခဲ့ကြသည်။
လူ့အခွင့်အရေးချိုးဖောက်မှုနှင့်လူမျိုးတုန်းသတ်ဖြတ်နေမှုတွေအတွက် အပြည်ပြည်
ဆိုင်ရာနှင့် ကုလသမဂမှ နအဖ၏စစ်ရာဇ၀တ်မှုတွေကိုစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့
ပြီး ၀င်ရောက်စုံးစမ်းပေးဖို့ သြစတြေးလျအစိုးရအနေနဲ့ထောက်ခံကူညီ ခေါ်ယူပေး
ရန်အတွက် ရည်ရွယ် ဆနဒြပြရခြင်းဖြစ်သည်ဟု သိရှိရပါသည်။

စောကျော်ခွီးဘလော့မှ

No comments:

Post a Comment