ondragstart="return false" onselectstart="return false"

Tuesday, February 14, 2012

ချစ်သားသို့  (ပဒိုမန်းရှာ အမှတ်တရ)

ချစ်သူများနေ့ မှာ လုပ်ကြံ့ခံလိုက်ရတဲ့ ကျနော်တို့ ခေါင်းဆောင် ပဒိုမန်းရှာကို ရည်စူးပြီး ကဗျာတပုဒ်ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။


ချစ်သားသို့ 

သားရေ…
ဂန္ထ၀င်ခရီးမှာ
နေ့ခရီးကြောင်တောင် နေရောင်ခြည်အောက်
ရွှေကြောကြီးမြင်တော့
ချောက်ကမ်းပါးကြီးမေ့ကာ
ဖြတ်လမ်းနဲ့ သွားလိုသူလည်းရှိနေပါသည်။

ညဥ့်နက်သန်းခေါင် လမ်းစမှောင်လည်း
ထောက်ချောက် ကျော့ကွင်းတွေရှောင်ကွင်းကာ
လိုရာသွားနေသူများလည်း ရှိပါသည်၊

လေပြင်းအတိုက် လှိုင်းအရိုက်မှာ
ငိုရှိုက်အော်မြည် ဆောက်တည်ရာမဲ့
လွင့်ပျက်နေသူများဟာ ရွှေထုပ်ကြီးမြင်လျှင်
ခြင်္သေ့ကြီးတစ်ကောင်လို မာန်ဖီတတ်တယ်။

မုန်တိုင်းကထန် လှိုင်းကထန်လည်း
ရေဆန်လေကြမ်း ခရီးလမ်းကို
အားမာန်အပြည့်ဖြတ်ခဲ့သော်လည်း
ရေစုန်ခရီးမှာ စိုးရိမ်စရာတွေနဲ့ အပြည့်ပဲ။

သားရေ--
စေတနာနှင့် အသိ
သတိနှင့်သီလ၊ ၀ီရိယနှင့် ပညာ
သစ္စာနှင့် သမာဓိ၊ သတ္တိနှင့် စွန့်လွတ်မှု
အရင်းပြု ခရီးနှင် ဂန္ထ၀င်ရက်မြတ်
ရေစုန်ခရီးမှာ
ဂျောက်ထဲမကျအောင်
သတိထားပါ သား-----။

ရေစုန်
၁၄၊ ၀၂၊ ၂၀၁၂
ဝန်ခံချက်။ ။ ပဒိုမန်းရှာလန်းဖန်းရဲ့ ဂန္တ၀င်မြောက်ကဗျာတပုဒ်ဖြစ်တဲ့ “ချစ်သမီးသို့ ” ကဗျာကိုယူပြီး ပြန်လည် တည်းဖြတ်ရေးဖွဲ့ ခြင်းသာဖြစ်ပါသည်။

No comments:

Post a Comment