ondragstart="return false" onselectstart="return false"

Wednesday, February 29, 2012

နိုင်ငံရေး အရ ဆွေးနွေးသည့်အခါ စောင့်ကြည့်ရေးအဖွဲ့ လိုအပ်ဟု UNFC ပြောကြား

ဒီသတင်းစာရှင်းလင်းပွဲမှာ KNU မတွေ့ ရဘူးခင်ဗျား.. ဒါပေမယ့် ဒီကေဘီအေ မှ ဗိုလ်မှူးဆန်းအောင် တက်ရောက် ဆွေးနွေးသွား တယ်ဗျ။ ဒါလည်း စဉ်းစားစရာ........

Written by ဖြူဖြူက

သတင်းစာ ရှင်းလင်းပွဲ (ဓါတ်ပုံ - ဖြူဖြူကို)

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ၊ ဖက်ဒရယ်ကောင်စီ၊ (UNFC) ယမာန်နေ့ ညနေ (၆) နာရီတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ သတင်းစာ ရှင်းပွဲတွင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အတွင်းရှိနေသော အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ UNFC အဖွဲ့ဝင်တွင် အပစ်အခတ် ရပ်စဲပြီးသား အဖွဲ့နှင့် အပစ်မရပ် ရသေးသော အဖွဲ့ဟူ၍ရှိသဖြင့် ယခု သတင်းစာ ရှင်းလင်းပွဲတွင် အောက်ပါ အတိုင်း ရှင်းလင်းတင်ပြခဲ့ပါ သည်။

- အပစ်အခတ် ရပ်စဲပြီးသော အဖွဲ့များက နိုင်ငံရေးအရ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုပါသည်။ ထိုတောင်း ဆိုထားသော နိုင်ငံရေးအရ တွေ့ဆုံရေးတွင် ၊ နိုင်ငံတကာ (သို့မဟုတ်) သမာသမတ် ကျပြီး ဖိအားရှိသည့် ပုဂ္ဂိုလ်၊ နိုင်ငံမျိုးပါသင့်ကြောင်း မကြာခင်ကမှ အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

သို့သော် မွန်ပြည်သစ် ပါတီ၏ တောင်းဆိုချက်တွင် (၄၅) ရက်အတွင်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဆိုသည့်အချက်သည်၊ အချိန်စောလွန်းသည့်အတွက် ဆန္ဒစောသည်ဟု UNFC အဖွဲ့ဝင်များက ထောက်ပြပါသည်။ အနဲဆုံး (၆) လကြာမှ ဖြစ်သင့်ပြီး တခြားUNFC အဖွဲ့ဝင်များ၏ အခြေအနေအပေါ် အကဲခတ်ပြီး စုပေါင်းဆွေးနွေးနိုင်မည့်အချိန် ဖြစ်သင့်သည်ဟု
ထောက်ပြကြပါသည်။

ယခုအကြိမ် အစိုးရ၏ ကမ်းလှမ်းချက်သည်၊ အရင်ကနှင့် မတူကြောင်း၊ ယခုဆွေးနွေးရေးသည် ငြိမ်းချမ်းရေးဖြစ်ပြီး၊ အရင် တုန်းကဆွေးနွေးရေး လက်နက်ချစေရေးအတွက် ကမ်းလှမ်းသည့် ဆွေးနွေးပွဲဖြစ်ကြောင်း ဒီကေဘီအေ ကိုယ်စားလှယ် တဦးက ရှင်းလင်း တင်ပြပါသည်။

“အရင်တုန်းက ဆွေးနွေးရေးနဲ့ အခုဆွေးနွေးရေးဟာ မတူဘူးလို့ သိသလောက်ပြောပြမယ်။ အရင်တုန်းက ဆွေးနွေးရေးဟာ မင်းတို့လာခဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်မယ်၊ ဥပဒေဘောင်အတွင်းကိုဝင်ပါ။ လို့ပြောခဲ့တယ်။ အခုဆွေးနွေးရေးကတော့ မင်းတို့ငြိမ်းချမ်းရေး လုပ်ပါလို့ ပြောတယ်ဆိုတော့ ဆွေးနွေးပွဲတွေက မတူဘူးလို့ ပြောချင်ပါ တယ်။” ဟု ဒီကေဘီအေ ဆက်ဆံရေး အရာရှိ ဗိုလ်မှူးဆန်းအောင်က ရှင်းလင်းတင်ပြခဲ့ပါသည်။

- အကယ်၍ နိုင်ငံရေးအရ ဆွေးနွေးရာတွင်လည်း အစိုးရ၏ (၂၀၀၈) အခြေခံ ဥပဒေအောက်တွင် လည်းကောင်း၊ လက်ရှိ လွှတ်တော်ကိုတက်ရောက် ပြီးလည်း သွားရောက် ဆွေးနွေးမှာလည်း မဟုတ်ကြောင်း ပအို့ အမျိုးသား လွတ်မြောက်ရေး အဖွဲ့မှ ခွန်ဥက္ကာက ဆိုပါသည်။

KIO ကချင်လွတ်မြောက်ရေးအဖွဲ့၏ သဘောထားသည်၊ အပစ်အခတ် ရပ်စဲရေးအတွက် နောက်ထပ် လက်မှတ်ထိုးစရာမရှိ တော့ကြောင်း၊ အရင်ကတည်းက အစိုးရနဲ့ ထိုးထားပြီးဖြစ်ကြောင်း အဲဒီလက်မှတ်ကို အစိုးရဖက်ကသာ ဖေါက်ဖျက်တဲ့ အတွက် အစိုးရမှာသာ တာဝန်ရှိကြောင်းပြောပါသည်။ ကချင်၏သဘောထားမှာ လက်ရှိ၌ ထိုးစစ်ဆင်လာသော အစိုးရတပ် များ နောက်ဆုတ်ပေးပါက အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမည်ဟု ဆိုပါသည်။

အစိုးရသည်၊UNFC အဖွဲ့ဝင်များနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီးဖြစ်ပါသည်။ ထိုအပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်ကသာ ဖေါက်ဖျက်ခဲ့ပါသည်။

ဤသတင်းစာ ရှင်းလင်းပွဲသို့ ကရင်နီ တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအို့အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (PNLO) ၊ရခိုင် အမျိုးသားကောင်စီ(ANC)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပလောင် အမျိုးသား တပ်ဦး (PSLF) ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကချင် လွတ်မြောက်အဖွဲ့ (KIO)နှင့် ဒီကေဘီအေ တို့ တက်ရောက်ခဲ့ပါသည်။

7 comments:

Anonymous said...

where the KNU going?they're not UNFC member? Why?what KNU thinking?

Anonymous said...

Hello!...KNU...what ru guys doing?We can't understand,what's going on?

Anonymous said...

For me now a day, For the KNU is mostly at adventure life, Between Leader and the citizens...

Anonymous said...

All KNU leaders have been probably so busy with their wives. They just can't attend this meeting. Please understand them..

Anonymous said...

Not only their wife...they are busy with their children's Education and freedom in Thailand too..

Anonymous said...

ကေအဲန်ယူတွေ အစိုးရနဲ့ သွားတွေ့ပြီးတဲ့နောက်ပိုင်း နတ်ကတော်ဖြစ် ကုန်ပြီထင်တယ်။ ((((အထူးသဖြင့် အစိုးရပြောသမျှ ခေါင်းညိတ်ခဲ့တဲ့ စ ကားမပြောတတ်တဲ့ (ပုတ်သင်ညို) ကေအဲန်ယူရဲ့ အားကိုးအားထားရဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးပေါ့။ ))))

Anonymous said...

(KNU) has been fighting Burma for 63th years and never have really cease fire and peace with burma .and still fighting.(KNU)never talking too much.and they has show the whole world by practice.our soldier and civilien has enought poor and bad exprriance with this bullshit.if you are the men ,come and joy us.we need more soldier and bullet to fighting.don't be stupid with your meanless words.your gossip does't made sences to our leader .and they know that you are showing what kind of you are.but for me.when i read all of your comment ,it gave me headached.so don't be bullshit men.be gentlemen.

Post a Comment