ondragstart="return false" onselectstart="return false"

Friday, February 24, 2012

အုန်း​ဖျန် မီး​ဘေး​ဒုက္ခသည်များ​ ​နေစရာအခက်အခဲ ကြုံ​တွေ့​နေ

February 24, 2012 by ကို​ထွေး

ထိုင်း​-မြန်မာနယ်စပ် မဲ​ဆောက်မြို့​အနီး​က အုန်း​ဖျန် ဒုက္ခသည်စခန်း​မှာ ​လောင်ကျွမ်း​ခဲ့​တဲ့​ မီး​ကြောင့်​ ​နေအိမ်​တွေ မီး​ထဲပါသွား​တဲ့​ ဒုက္ခသည်​တွေဟာ ​နေ​ရေး​၊​ ထိုင်​ရေး​နဲ့​တခြား​အခက်အခဲ အများ​အပြား​နဲ့​ ရင်ဆိုင်​နေရတယ်လို့​ ဒုက္ခသည်စခန်း​ တာဝန်ရှိသူ​တွေက ​ပြောပါတယ်။

အုန်းဖျန် ဒုက္ခသည်စခန်း မီးလောင်စဉ်

မ​နေ့​ မွန်း​လွဲပိုင်း​က ဖြစ်ပွား​ခဲ့​တဲ့​ မီး​ကြောင့်​ အိမ် ၅၀၀ ​ကျော် ဆုံး​ရှုံး​သွား​ခဲ့​ပြီး​ အိမ်​ထောင်စု ၇၀၀ ခန့်​က လူဦး​ရေ ၄၀၀၀ ​ကျော် အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​တယ်လို့​ ဒုက္ခသည်စခန်း​ တာဝန်ရှိသူ​တွေနဲ့​ အကူအညီ​ပေး​ရေး​ အဖွဲ့​တွေက ​ပြောပါတယ်။

မီး​လောင်မှု​ကြောင့်​ မီး​ဘေး​သင့်​ ဒုက္ခသည်​တွေမှာ ပိုင်ဆိုင်တဲ့​ ပစ္စည်း​တွေအား​လုံး​ ဆုံး​ရှုံး​ခဲ့​သလို၊​ လိုအပ်ချက်​တွေ အများ​အပြား​ ရှိ​နေတယ်လို့​ အုန်း​ဖျန် ဒုက္ခသည်စခန်း​ ​ကော်မတီ ဥက္ကဋ္ဌ ​စောဝါး​ထီး​က ​ပြောပါတယ်။

“မီး​ဘေး​သင့်​တဲ့​သူ​တွေက​တော့​ ကျ​နော်ကြည့်​ရတာ တချို့​ဆိုရင် ​ဝေဒနာရှင်အဆင့်​တောင် ဖြစ်သွား​မလား​ မသိဘူး​။ ဆိုလိုချင်တာက ဘာမှ မရှိ​တော့​ဘူး​လေ။ အဝတ်တထည် ကိုယ်တခုပဲ ရှိ​တော့​တယ်။ အစစအရာရာ အား​လုံး​ လိုအပ်တာ​ပေါ့​။ ပရိ​ဘောဂ၊​ အိမ်သုံး​ပစ္စည်း​၊​ အိမ်​ဆောက်ဖို့​ ပစ္စည်း​ရော ဘာမှ မရှိ​တော့​ဘူး​လေ။”

လတ်တ​လော အိုး​မဲ့​အိမ်မဲ့​ ဖြစ်သွား​သူ​တွေဟာ ဗလီ၊​ ရုံး​နဲ့​ကျောင်း​တွေမှာ ​နေထိုင်လျက်ရှိပြီး​ ကုလသမဂ္ဂ ဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​၊​ စား​နပ်ရိက္ခာ ကူညီ​ထောက်ပံ့​တဲ့​ (တီဘီဘီစီ)၊​ ဘာသာ​ရေး​ အဖွဲ့​အစည်း​တွေနဲ့​ တဦး​ချင်း​ အလှူရှင်​တွေက အကူအညီ ​ပေး​နေပါတယ်။

မီး​ဘေး​သင့်​ဒုက္ခသည် တဦး​က​တော့​ ​နေစရာမရှိလို့​ အခက်ကြုံ​နေရပုံကို ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ စာသင်​ကျောင်း​မှာ အ​ယောက် ၂၀၀ ​လောက်ရှိပါတယ်။ ၁၃ ရပ်ကွက်မှာ ရိက္ခာဂို​ဒေါင်ရှိတယ်။ တချို့​လည်း​ အဲ့​ဒီမှာ သွား​နေကြတယ်။ ​နောက် ၆ ရပ်ကွက် ဘက်က ဗလီ။ ဗလီမှာ​တော့​ မီး​မ​လောင်ဘူး​ပေါ့​။ ဗလီနဲ့​ ​ဘော်ဒါ​ဆောင်ဘက်မှာ လူ​တွေ ​နေ​နေရတယ်။ ​နေ​ရေး​၊​ ထိုင်​ရေး​က​တော့​ အဆင်​ပြေတယ်​တော့​ မဟုတ်ဘူး​ပေါ့​နော်။ ရာသီဥတုက​အေး​တော့​ တညလုံး​ အိပ်လို့​မရဘူး​။ က​လေး​တွေလည်း​ ဝမ်း​သွား​ပြီး​ အန်​နေ​တော့​ သူတို့​ကိုလည်း​ ဂရုတစိုက် ပြုစု​နေရပါတယ်။”

မီး​ဟာ ဒုက္ခသည်စခန်း​ ၉ ရပ်ကွက် အိမ်တအိမ်မှာ ထမင်း​ဟင်း​ချက်ရာက​နေ စတင် ​လောင်ကျွမ်း​ခဲ့​တာပါ။ ထိုင်း​မီး​သတ်ကား​ ​တွေကလည်း​ ခရီး​အကွာအ​ဝေး​ကြောင့်​ ​နောက်ကျပြီး​မှ ​ရောက်လာတဲ့​အတွက် မီး​ကို အချိန်မီ မတား​ဆီး​နိုင်ဘဲ ဒုက္ခသည် ​နေအိမ်​တွေ အများ​အပြား​ မီး​ထဲပါသွား​ခဲ့​ရတာလည်း​ ဖြစ်ပါတယ်။

ရပ်ကွက် ၅ ခု​လောက် မီး​လောင်ကျွမ်း​ခဲ့​ပြီး​ အများ​စုဟာ အစ္စလာမ် ဘာသာဝင်​တွေ ​နေထိုင်တဲ့​ ရပ်ကွက်​တွေလည်း​ ဖြစ်ပါတယ်။

မီး​လောင်မှု​ကြောင့်​ လူ​သေဆုံး​မှု ရှိတယ်လို့​ မကြား​သိရ​သေး​ဘဲ က​လေး​တဦး​ ​ပျောက်ဆုံး​နေသလို ဒဏ်ရာရသူ တချို့​ ရှိတယ်လို့​ ဒုက္ခသည်​တွေကို ကူညီ​ပေး​နေတဲ့​ တီဘီဘီစီက အဖွဲ့​က ​ပြောပြပါတယ်။
http://burmese.dvb.no/archives/21685

No comments:

Post a Comment