ondragstart="return false" onselectstart="return false"

Thursday, February 9, 2012

စစ်ဘေးသင့် ပြည်သူများကို ကူညီရန် ကချင်အနုပညာသည်များ ဖျော်ဖြေကြမည်

ကချင်ပြည်နယ်ထဲ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ထောက်ပံ့ဖို့ ကချင် အနုပညာသည်တွေ စုပေါင်းပြီး ရန်ပုံငွေ ဖျော်ဖြေပွဲတခု ကျင်းပဖို့ ရှိပါတယ်။

လိုင်ဇာရောက် စစ်ပြေး ဒုက္ခသည်များ

ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဒီလ ၂၅ ရက်နေ့ ကျင်းပပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ထင်ရှားတဲ့ ကချင်တိုင်းရင်းသား အဆိုတော်တွေ၊ သရုပ်ဆောင်တွေ စုစုပေါင်း ၂၀ လောက် ပါဝင်သီဆို ဖျော်ဖြေကြမှာပါ။

ဖျော်ဖြေပွဲမှာ ၀ါရင့် အဆိုတော်ကြီးတွေ ဖြစ်တဲ့ အယ်လ်ခွန်းရီ၊ ကေဂျာနူး၊ ကော့မိုင် တို့မှအစ ဒီနေ့ နာမည်ကြီး အဆိုတော်တွေ ဖြစ်တဲ့ အယ်လ်လွန်းဝါ၊ အယ်လ်ဆိုင်းဇီ၊ အန်ကိုင်ရာ စတဲ့ အဆိုတော်၊ အနုပညာရှင်တွေ အားလုံး ပါဝင်ကြမယ်လို့ ရန်ပုံငွေ ကျင်းပရေး ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ အယ်လ်လွန်းဝါက ပြောပါတယ်။

ဖျော်ဖြေပွဲ ကျင်းပနေပုံကို ကချင်စစ်ဘေးဒဏ်သင့် ပြည်သူတွေ တိုက်ရိုက် ကြည့်နိုင်အောင် စီစဉ်ထားတယ်လို့ အယ်လ်လွန်းဝါက ပြောပါတယ်။

“ကျနော်တို့ ဖျော်ဖြေပွဲကို SKY NET ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်မယ်။ လွှင့်တဲ့အပြင် အဲဒီ့ စစ်စခန်းတွေမှာ ကြည့်လို့ရအောင် စက် ၁၀ လုံးကို စစ်ပြေး ဒုက္ခသည် စခန်းကို ပို့ထားမယ်။ ကျနော်တို့ ပြောသမျှ အကုန်လုံးကို သူတို့ကြားနေရမယ်။ တိုက်ရိုက်ပေါ့။”

ရရှိတဲ့ ရန်ပုံငွေနဲ့ ဖျော်ဖြေပွဲလာ ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေကြေး၊ အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေ အားလုံးကို မတ်လဆန်းမှာ အနုပညာရှင်တွေ စုပြီး ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းကြမယ်လို့ ပြောပါတယ်။ ရန်ပုံငွေပွဲ လက်မှတ် တစောင် ကျပ် ငါးထောင် သတ်မှတ်ထားပါတယ်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာ ဖေဖော်ဝါရီ ၉ ရက်မှာ ၈ လ တင်းတင်း ရှိပါပြီ။ စစ်ကြောင့် ကချင်လူထု ၇ သောင်းလောက် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ဆိုပါတယ်။
http://burmese.dvb.no/archives/21027

No comments:

Post a Comment