ondragstart="return false" onselectstart="return false"

Tuesday, February 28, 2012

အမြန်ဆုံးနည်းနှင့် နိုင်ငံရေးအရ ဆွေးနွေးရန် လိုအပ်ကြောင်း UNFC ချမှတ်

Written by နိုင်သမိန်

ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် ကျင်းပခဲ့သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီခေါ် (UNFC)၏ ကြားဖြတ် အစည်းအဝေးသည် (၂၄ ၊၂၇ ) ရက် နေ့၌ထိ လေးရက်တာ ကျင်းပပြီး၊ ပြီးဆုံး သွားပါသည်။ ဤအစည်းအဝေးကို အဖွဲ့ဝင် (၁၀)ဖွဲ့ ရှိသည့် အထဲ၌ (၉)ဖွဲ့ တက်ရောက်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တဦးက ပြောပါသည်။

ဤအစည်းအဝေးသည် လတ်တလော ရင်ဆိုင် နေရသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကြား အပစ်အခတ် ရပ်စဲရေး ကိစ္စအပေါ် ထားရှိရမည့် သဘောထားများကို ညှိနှိုင်း ခဲ့ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့်
- အပစ်ခတ် ရပ်စဲရေးကို လက်မှတ်ထိုးရေး/မထိုးရေး ပြသနာနှင့်
- အပစ်အခတ် ရပ်စဲရေး ပြီးပါက ရက်တိုအတွင်း နိုင်ငံရေး ညှိနှိုင်းမှုများ အမြန်ဆုံး ဆောင်ရွက်ရန် ဟူ၍ ညှိနှိုင်း ခဲ့ကြပါသည်။

UNFC အဖွဲ့တွင် ယခုရက်ပိုင်း၌ အပစ်ရပ်သွားသော မွန်ပြည်သစ်ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးခဲ့ပြီး ဖြစ်ပါသည်။ ဤအပစ်ရပ် ခဲ့သော အဖွဲ့များပေါ်၌ အခြား အဖွဲ့ဝင်များက ပြစ်တင် ရှုတ်ချမှု မရှိပါဟု အစည်းအဝေး တက်ရောက်သူက ဆိုပါသည်။

“အဖွဲ့ဝင် အားလုံးကတော့ အပစ်အခတ် ရပ်စဲရေး အတွက် အဆင်သင့် ရှိနေကြပါတယ်။ ဒါပေမဲ့လို့ မတူညီတဲ့ အခြေအနေပေါ်မှာ မူတည်ပြီး၊ စောင့်ကြည့် နေကြသလို အပေးအယူ တချို့အတွက် အချိန်ဆွဲ နေကြ တာဘဲ ရှိပါတယ်။ ဥပမာ ရှမ်းပြဿနာကို ကြည့်ရင် တလောကကမှ လူမှားပြီး ပစ်ခတ် မိတဲ့အတွက် ရှမ်းဖက်က လက်မခံနိုင်တော့ အပစ်ရပ်ရေးကို အချိန်ဆွဲပြီး စောင့်ကြည့် နေသလိုဘဲ ၊ ကချင်ကလည်း အစိုးရ တပ်တချို့ မရုတ်သိမ်း ဘဲနဲ့တော့ အပစ်မရပ် နိုင်ဘူးလို့ ပြောနေပါတယ်။ ဒါကတော့ အခြေအနေချင်း မတူလို့ အချိန်ဆွဲ နေကြတာပါ” ဟု ဆိုပါသည်။
အလားတူ ကေအန်ယူလည်း မကြာခင် အပစ်အခတ် ရပ်စဲရန်အတွက် မကြာခင် ဆွေးနွေးကြမည် ဖြစ်သလို အခြေအနေ တချို့ ရှင်းလင်း ပြီးပါက အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးဖွယ် ရှိသည်ဟု UNFC အစည်းအဝေးကို တက်ရောက်သည့် ကိုယ်စားလှယ်က ပြောပါသည်။

“ တူညီနေတာ တခုက အပစ် ရပ်ပြီးရင် အချိန်တို အတွင်းမှာ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ် ဆိုတဲ့ အချက်ပါ၊ ဒါကို အဖွဲ့ဝင် အားလုံး တောင်းဆိုကြဖို့ သဘောတူ ကြပါတယ်။ ဥပမာ မွန်ပြည်သစ် ပါတီက တောင်းဆို သလိုပေါ့လေ (၄၅) ရက် အတွင်း နိုင်ငံရေး အရ ဆက်ဆွေးနွေးဖို့ ၊ ပြီးရင် ဒီဇင်ဘာလ ရောက်တဲ့အခါ တပြည်လုံး အပစ်မရပ်ရင် အစိုးရနဲ့ အသစ်တဖန် ပြန်လည် ဆွေးနွေးဖို့ ဆိုတဲ့ ကိစ္စ မျိုးပေါ့လေ၊ ပြီးတော့ အဖွဲ့အားလုံး စုပေါင်းပြီး အစိုးရနဲ့ ဆွေးနွေး နိုင်အောင် နည်းလမ်းတွေ ချခဲ့တဲ့ အစည်းအဝေး ပါဘဲ” ဟု ဆိုပါသည်။

တကယ်တော့ UNFC သည်၊ တဖြည်းဖြည်းနှင့် အဆင့်လျှော့ပြီး သဘောထားများ၊ ပြောင်းလဲ နေရသည်ဟု အတိုက်အခံ နိုင်ငံရေး သမားများက ဆိုပါသည်။ ယခင်ကမူ တဖွဲ့ချင်းထက် တပ်ပေါင်းစု နဲ့သာ ဆွေးနွေးမည်ဟု သဘောထား ခဲ့ပါသည်။ ထိုမှ တဖန် တဖွဲ့ချင်းလည်း ဆွေးနွေးခွင့် ရှိပါသည် သို့သော် အဖွဲ့ဝင်ချင်း ညှိနှိုင်းမှုဖြင့် အပစ်အခတ် ရပ်စဲရန်ဟု ထပ်မံပြောင်းလဲ ခဲ့ပါသည်။ ယခုချိန်၌ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးခွင့် ရှိပါသည်၊ သို့သော် အမြန်နည်းဖြင့် (အချိန်တိုအတွင်း) နိုင်ငံရေး ဆွေးနွေးရန် ပြောင်းလဲ လာခဲ့ပါသည်။
http://phophtaw.org/burmese/index.php/news/internation-news/1186--unfc-.html

No comments:

Post a Comment