ondragstart="return false" onselectstart="return false"

Monday, February 20, 2012

DKBA စစ်ဦးစီးမှူးကို နယ်ခြားစောင့်တပ် စနိုက်ပါဖြင့် ချောင်းပစ်

မြ၀တီအခြေစိုက် BGF အရာရှိတစ်ဦးပြောတာက “ပြေလည်မှုက မရသေးဘူး။ သူတို့ဘက်ကလည်း ကျနော်တို့ဘက်က ဘာစလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ကျနော်တို့ဘက်ကလည်း အထက်လူကြီး အမိန့်ကို စောင့်နေတယ်"
BGF အထက်လူကြီးဆိုတာ ဘယ်သူတွေလည်း??? ဗမာစစ်တပ် ဖြစ်တယ်.. ရှင်းတယ်နော်... ဒီထဲရှင်းတာ ဘာမှ မရှိဘူး... အဲလောက်ဆိုသဘောပေါက်ကြတော့။ ဗမာစစ်တပ်အမိန့် ကို နာခံပြီး ကေအဲန်ယူကို တက်တိုက်ခဲ့တဲ့လူတွေ အခုတော့.. အချင်းချင်းပြန်ဆော်ပြန်ပြီ။ ဘယ်အဖွဲ့ စနိုက်ဖယ်သမားလက်ပိုဖြောင့်သလည်းပဲ စောင့်ကြည့်ရတော့မလိုဖြစ်နေပြီ။ သတ္တ၀ါအပေါင်း အသက်ရှည်ကြပါစေလို့  အားလုံးအတွက် ဆုတောင်းပေးလိုက်မယ်။ လူယုတ်မာအမျိုးတွေ လက်ခုပ်တီးနေပြီ သူငယ်ချင်း။ တကယ်တော့ တကယ်လက်ဖြောင့်ပြီး စနိုက်ဖယ်ပစ်တော်တာက ဗမာစစ်တပ်ပါ။ ရန်သူက ကြားဝင်ပြီး မင်းတို့ ကိုပစ်ပြီးရင် ဟိုအဖွဲ့ ဖြစ်တယ် ဒီအဖွဲ့ လက်ချက်ဆိုပြီး အကွက်တွေ ဆင်ပြီး ၀င်လာတော့မည်.. ဗိုလ်ဆန်ပြုတ်အဖြစ်ကို လည်းအမှတ်ရကြပါ....

ကျော်ခ | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA စစ်ဦးစီးမှူး တဦးကို ကရင်နယ်ခြားစောင့်တပ် BGF မှ အဝေးပစ် စနိုက်ပါ ရိုင်ဖယ်ဖြင့်
ချောင်းမြောင်း ပစ်ခတ်မှု တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

မြိုင်ကြီးငူအခြေစိုက် BGF ၁၀၁၁ တပ်ရင်းက မျက်နှာချင်းဆိုင်တွင်ရှိနေသော DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်းက စစ်ဦးစီးမှူး ဖြစ်သူ ဗိုလ်မှူး ဝင်းမောင်အား အဝေးမှ စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဘယ်ဘက် လက်ဝါး ကို ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မြဝတီအခြေစိုက် DKBA ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး မောင်လေး က ပြောသည်။

“ဘယ်ဖက် လက်ဝါးကို ခင်ဗျ။ အသက်အန္တရာယ်တော့ စိုးရိမ်စရာ မရှိဘူး။ သူတို့ လှမ်းပစ်တာ ကိုက် ၃၅၀၊ ၄၀၀
လောက် ရှိမယ်။ မြိုင်ကြီးငူ ဝန်းထဲမှာရှိတဲ့ နှစ်ထပ် ဘုန်းကြီးကျောင်းပေါ်ကနေ လှမ်းပစ်တာ” ဟု ဗိုလ်မှူး မောင်လေး ကမဇ္ဈိမ ကို ပြောသည်။ ဗိုလ်မှူး ဝင်းမောင် ကို ဆေးကုသားမှု ပေးထားသည်ဟု ဆိုသည်။

ယင်းဖြစ်ရပ် မတိုင်မီ တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် DKBA အဖွဲ့က BGF ၁၀၁၁ အဖွဲ့များ စီးလာသော ယာဉ်အား အာပီဂျီဖြင့် လှမ်းပစ်ရာ ကားထဲတွင် လိုက်ပါလာသူ တပ်စုမှူး အေးမင်းဝင်း အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း ဗိုလ်မှူးမောင်လေး က ပြောသည်။

BGF ယာဉ်အား ပစ်ခတ်ရန် ကွပ်ကဲသည့်အထဲတွင် စစ်ဦးစီးမှူး ဗိုလ်မှူးဝင်းမောင် ပါဝင်သဖြင့် ၎င်းအား ပြန်လည် ပစ်ခတ်ခြင်းဟု မြဝတီအခြေစိုက် BGF အဖွဲ့ အရာရှိတဦးထံမှ မဇ္ဈိမက စုံစမ်းသိရှိရသည်။

အဆိုပါ ပစ်ခတ်မှုမတိုင်မီ တနင်္ဂနွေနေ့ မနက် ၉ နာရီခန့်က BGF ၁၀၁၁ နှင့် ၁၀၁၉ တပ်ရင်း နှစ်ခု ပေါင်း၍ DKBA ကလို့ထူးလား စစ်ကွပ်ကဲရေး စခန်း အစောင့်ဂိတ်တဲများထံ လက်နက် အလက် ၃၀ ကျော် အလစ်ငိုက် ဝင်သိမ်းမှု
ဖြစ်ပွားခဲ့သည်။

မကြာမီရက်ပိုင်းအတွင်းက ၁၀၁၁ တပ်ရင်းမှ တပ်စုမှူး တဦးနှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူးလား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်းလို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံရေးအရ နောက်ကြောင်း ပြန်မလှည့်လိုတော့သဖြင့် DKBA နယ်မြေအတွင်းတွင် နေထိုင်နေခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး BGF အဖွဲ့များက DKBA အဖွဲ့ကို မကျေနပ်ဖြစ်ကာ အလစ်အငိုက်တွင် လက်နက်များ လာရောက် သိမ်းယူမှု ပြုလုပ်ခြင်း မှစ၍ ရန်စပွားလာခြင်းဖြစ်ကြောင်း ဗိုလ်မှူးမောင်လေး က ပြောသည်။ ယခုအခါ
နှစ်ဘက် တပ်ဖွဲ့များသည် မျက်နှာချင်းဆိုင် အနေအထားတွင်ရှိပြီး စစ်ရေးပြင်ဆင်မှုတရပ်ကို ပြုလုပ်ထားပြီး အထက် အမိန့်ကို စောင့်မျှော်နေကြောင်း နှစ်ဘက် လက်နက်ကိုင်တပ်များထံမှ စုံစမ်းသိရှိရသည်။

“ပြေလည်မှုက မရသေးဘူး။ သူတို့ဘက်ကလည်း ကျနော်တို့ဘက်က ဘာစလုပ်မလဲဆိုတာကို စောင့်ကြည့်နေတယ်။ ကျနော်တို့ဘက်ကလည်း အထက်လူကြီး အမိန့်ကို စောင့်နေတယ်။ ဒီအနေအထားမှာပဲ ရှိသေးတယ်။ ဒါပေမယ့် သူတို့ရော ကျနော်တို့ရော အသင့်အနေအထားမှာပဲ ရှိနေတယ်” ဟု မြဝတီအခြေစိုက် BGF အဖွဲ့ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

အင်အား တထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားသည့် နယ်ခြားစောင့်တပ် လုပ်ရန် ငြင်းဆန်ခဲ့သူ ဗိုလ်ချုပ်
စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး ဦးစီးသော DKBA အဖွဲ့နှင့် မြန်မာအစိုးရတို့သည် ဖေဖေါ်ဝါရီ လဆန်းပိုင်းက
နှစ်ဘက်အပစ်ခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် DKBA နှင့် BGF တို့အကြား အစပျိုးနေသည့် ပြဿနာကို မြန်မာအစိုးရအနေဖြင့် အချိန်မီ အရေးတကြီး ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ကြောင်း DKBA နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူး စောလုံလုံ က ပြောသည်။

“ဒါကတော့ နိုင်ငံတော် အစိုးရအပေါ်မှာ မူတည်တာပေါ့။ သူတို့အောက်မှာ BGF ရှိတယ်။ နိုင်အောင် ထိန်းဖို့တာဝန် သူတို့ တာဝန်၊ သူတို့နဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေး လုပ်ထားပေမယ့်လည်း BGF က သူတို့အောက်မှာပါတော့ နဂိုကတည်းက ဆွေးနွေး ထားတာက အခု အပစ်ခတ်ရပ်စဲရေးသည် အားလုံးနဲ့ အကျုံးဝင်တယ်။ အခုဖြစ်တဲ့ကိစ္စမှာ အစိုးရအနေနဲ့ အရးတကြီးရှင်းဖို့ လိုတယ်။ မီးစလေး ထွက်တဲ့အချိန်မှာ အမြန်ဆုံး ငြှိမ်းသတ်ဖို့ လိုတယ်။ မီးစကို မငြှိမ်းသတ်နိုင်ရင် မီးတောက်ကြီး ဖြစ်နိုင်တယ်” ဟု ဗိုလ်မှူး စောလုံလုံ က မဇ္ဈိမကို ပြောသည်။

၂၀၁၀ သြဂုတ်လ ၁၈ ရက်နေ့က DKBA ဥက္ကဋ္ဌ စောသာထူးကျော်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကျော်သန်း၊ ဗိုလ်မှူးကြီး
စောချစ်သူ တို့ လက်အောက်ခံတပ်ရင်းများ မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲလိုက်ကြပြီး ကာကွယ်ရေး ဝန်ကြီးဌာန အောက်တွင် အမှုထမ်းခဲ့ကြသည်။
http://www.mizzimaburmese.com/news/inside-burma/9021-dkba----.html

No comments:

Post a Comment