ondragstart="return false" onselectstart="return false"

Saturday, June 5, 2010

နအဖ စစ်အစိုးရရဲ့ ဟာသ သတင်းစာရှင်းလင်းပွဲ နောက်တစ်ခု

ဗမာပြည်တွင်းမှာ တစ်ခုခုဖြစ်တိုင်း KNU နာမည် ဆွဲမထည့်ရရင် နအဖ စစ်အစိုးရအဖွဲ့ ဝင်တွေက ထမင်းစားမကောင်း အိပ်မပျော်နိုင်သလိုပါပဲ.. ကရင်ပြည်နယ်တွင်းသာမက ယခု ရန်ကုန်တိုင်း ကွမ်းခြံကုန်းလို နေရာမျိုးမှာ တောင် ဖြစ်ပျက်နေတဲ့ အရာတွေကို KNU ကိုတံဆိပ်ခပ်ပါတယ်။ ဒါတွေလည်း ပြည်သူတွေအတွက်တော့ သိပ်အဆန်းကြီးတော့မဟုတ်ပါ။ ကေအဲန်ယူဟာ တရားသောစစ်ကို ဆင်နွဲပြီး မတရားမှုကို တွန်းလှန်တိုက်ပွဲဝင်နေသော အစဉ်အလာရှိတဲ့ အဖွဲ့ အစည်းဖြစ်သည်ကို မြန်မာပြည်တွင်းသာမက ကမ္ဘာက အသိအမှတ်ပြုထားပါသည်။ ဒါတွေကို မခံမရနိုင်တဲ့ မဟာဝါဒကို အစဉ်အမြဲ အသက်သွင်း ကြိုးစားအားထုတ် အကောင်အထည်ဖေါ်နေတဲ့ နအဖ စစ်အစိုးရက အခွင့်သာရင်သာသလို ကေအဲန်ယူ ကို တိုက်ခိုက် ထိုးနက်ပါတော့တယ်။

ဒီလိုထိုးနက် စွပ်စွဲတိုင်း ကရင်လူထုတရပ်လုံးက ဗမာစစ်အစိုးရကို ပိုပြီးရွံ့ ရှာ မုန်းတီး လာပါတော့တယ်။ အဘယ်ကြောင့်ဆိုသော် ကရင်လူမျိုးတွေ အချင်းချင်းသွေးကွဲအောင်၊ တိုက်ခိုက်သတ်ဖြတ်ကြအောင် နအဖ ကပုံစံအမျိုးမျိုးနဲ့  ဖန်တီးလုပ်ဆောင်နေဒါတွေကို အမြဲတမ်းမြင်တွေ့ နေရလို့ ပါပဲ။ ငြိမ်းကောင်စီ ဗိုလ်ချူပ်ထိန်မောင်က ဗိုလ်ချူပ်ရဲ့မြင့်ဆီ သို့ အိတ်ဖွင့်ပေးစာမှာ ပါတဲ့အချက်တစ်ချက်သွားသတိရမိတယ်။ နအဖက "KNU နဲတွေ့ ဆုံခြင်းမပြုရ"လို့ ဆိုရာဝယ် ဗိုလ်ချုပ်ထိန်မောင် ပြန်ဖြေထားဒါက "ကရင်လူမျိုးမဟုတ်သည့်သူတချို့ က ကျနော်တို့ ဆီရောက်လာပြီး ကိုယ့်တိုင်းရင်းသားကရင်လူမျိုးတွေနဲ့  မတွေ့ ဆုံဖို့ ပြောတာ အတော့်ကို အံ့အားသင့်ဖွယ်ရာပဲ" လို့ ဆိုထားပါတယ်။ ဆိုလိုဒါက ခင်ဗျားတို့ ဗမာအစိုးရတွေက ကေအဲန်ယူကို ဘယ်လိုပဲ အကွက်ဆင် ဖန်တီး စွပ်စွဲ ပြောဆိုနေနေ ကရင်ပြည်သူများက နအဖ စစ်အစိုးရ လည့်ကွက်ပတ်ကွက်တွေကို သိရှိနားလည်ပြီမို့  ဟာသဇတ်လမ်းတပုဒ်ဖြစ်ရုံသာမက ကရင်တမျိုးသားလုံး ဗမာ့စစ်ကျွန်ဘ၀အောက်မှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေတဲ့ KNU ကို အစဉ်အမြဲ ပိုပြီးထောက်ခံအားပေးနေမယ် ဆိုဒါ ပြောကြားလိုပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကွမ်းခြံကုန်း ဓါးပြမှု နှင့် ရွှေကျင် လက်နက်မှု KNU အား ရဲချုပ် အပြစ်ဖို့ 


လူ၃ဦးသေဆုံးခဲ့ရသည့် ကွမ်းခြံကုန်း မြို့ နေ ဒရယ်လူးကျေးရွာ ဒပြမှု အား သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

မေလ အတွင်းက လူသုံး ဦး သေဆုံးခဲ့သည့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ဓားပြမှု အကြောင်း
ကို ယနေ့ မြန်မာ နိုင်ငံ တပ်ဖွဲ့ ရန်ကုန်တိုင်း ရဲရုံးတွင် ရဲချုပ် က သတင်းစာ ရှင်းလင်းပွဲ ကျင်းပသည်
ဟု သတင်းရရှိသည်။အဆိုပါ ဓားပြမှု တွင် ပါဝင် သူ ငါးဦး အနက် လေးဦး ကို ဖမ်းမိထားပြီး တစ်ဦး
မှာ လွတ်မြောက်နေသည်ဟု သတင်းရရှိသည်။

ဓားပြတိုက်မှု ဖြစ်စဉ် အတွင်း ရွာသား နှစ်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသည်။

ထိုဓားပြမှု တွင် ၁၉၉၀ ခုနှစ် က အလင်းဝင်ရောက် လာသည့် KNU အဖွဲ့ ဝင်ဟောင်း နှစ်ဦး ပါရှိသည်
ဟု ပြောဆိုသွားသည်။ပြီးခဲ့သည့် သီတင်း ပတ် အတွင်း ရွှေကျင်တွင် မသင်္ကာ သည့် ကား နှစ်စီး ကို
လိုင်စင် မဲ့ ၀စ်သောက်ကား ဟုတ်မဟုတ် ပဲခူးတွင် ခေါ်ယူစစ်ဆေးရာ မှ လက်နက် များ ရှာဖွေ သိမ်းဆည်း
မိသည့် သတင်း ကို လည်း သူက တစ်ဆက် တည်း ပြောသွားသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက် များ သည့် ကရင် အမျိုးသား အစည်း အရုံး (KNU) နှင့် ဆက်စပ်
နေသည် ဟု သူက ထည့်သွင်းပြောကြားသွားသည်။

သိမ်းဆည်းရမိသည့် လက်နက်များသည် KNU မှ ညီခိုင် ဆိုသူ မောင်းနှင် လာသည့် Double Cab 4 Wheel
ဖြင့် တင်ဆောင် လာခြင်းဖြစ်ကြောင်း ထိုမော်တော် ကားများ ကို ရှမ်းပြည်နယ် တွင် စိတ်ကြွဆေးပြားများ ဖြင့်
လဲလှယ်ကြောင်း နှင့် လက်နက် တင်ဆောင် လာသည့် မော် တော်ကား ကို KNU မှ ဗိုလ်မှုး အဆင့်ရှိ စောထူးထူးဝါးဆိုသူ က လိုက်ပါ စောင့်ရှောက် ပေးခဲ့ကြောင်း စွပ် ဆွဲ ခဲ့သည်။
http://freedomnewsgroup.com မှရယူသည်။

No comments:

Post a Comment