ondragstart="return false" onselectstart="return false"

Friday, June 25, 2010

ထီးထာစွေးမှာ စိတ်ရှည်သီးခံစွာဖြင့် စောင့်ကြိုမျှော်နေဆဲပါ ကိုကို

ချစ်သောကိုကိုရေ….

ပြန်လာမဲ့နေ့ ကို မျှော်လင့်တမ်းတရင်းနဲ့  အရမ်းပဲသတိရတယ် ကိုကို...
ဒီလိုဝေးကွာပြီးနေကြရဒါ အရမ်းပဲစိတ်ညစ်တယ်သိလား…
အရမ်းပဲပြန်တွေ့ ချင်တယ်ကိုကို… ပြန်တွေ့ ကြဖို့ လည်း အမြဲတမ်းဆုတောင်းနေတယ်…
အချစ်ရဆုံးသော ကိုကိုရယ်…

လူတွေရဲ့ အထင်သေး အမြင်သေးခံရမှုအောက်မှာ နုလုံးသားတွေ မွမွကြေကုန်နေပြီ.. မြင်ကွင်းမှာ ပျောက်သွားနေတဲ့ ကိုကိုတစ်ယောက်ကို အရမ်းပဲ တမ်းတနေ မိတယ်။

ကိုကိုမရှိတဲ့အချိန်တွေမှာ
အနိုင်ကျင့်မှု အဖိနိုပ်ခံရမှုတွေ ကိုကြိတ်မှိတ်ခံရင်းနဲ့ …
တစ်ခါက တို့ တစ်တွေပေးထားခဲ့ကြဘူးတဲ့ ကတိတွေ ပြန်မြင်ယောင်မိတယ်..
ငါတို့ တွေ သစ္စာဆိုထားခဲ့ကြတဲ့ ထီးထာစွေးမှာ
စိတ်ရှည် လက်ရှည် ဖြင့် ကိုကို ပြန်လာမည့်နေ့ ကို စောင့်ကြိုနေလျက်ပါ..

စစ်ကျွန်ဘ၀မှ လွတ်မြောက်မှုနဲ့ စစ်မှန်သော လွတ်လပ်ရေးအတွက်
အမြန်ပြန်လာခဲ့ပါ ချစ်သော ကိုကို ၀ယ်ဖိုး…..
သစ္စာဆိုထားခဲ့ကြတဲ့ ထီးထာစွေးမြေမှာ တို့ တတွေ အဖိနိုပ်ခံဘ၀မှ လွတ်မြောက်ဖို့ အတွက် အမြန်ပြန်လာခဲ့ပါ. ချစ်သော ကိုကို KNLA ရေ……..ဆဲဆဲပြန်လာခဲ့ပါ….

ထီးထာစွေးကို ပြန်လာမယ့်ရက်အား လက်ချိုးရေတွက်လျက် ထ၀ရ စောင့်မျှော်နေတဲ့

ထီးထာစွေးမြေမှ
ကိုကို KNLA ကို ထ၀ရ ချစ်သော ကညောမူဖိုး

မှတ်ချက်။ ။ ဘွဲ့ သွေးနီမှ သီချင်းကို ဆီလျှော်အောင် ဘာသာပြန်ဆို ဖြည့်စွက် ရေးသားသည်။



Type the rest of your post here.

No comments:

Post a Comment