ondragstart="return false" onselectstart="return false"

Wednesday, June 16, 2010

ရန်ကုန်မြို့ရှိ သံတမန်များရဲ့ လုပ်ဆောင်ချက်နှင့် လက်ရှိအခြေအနေများကို သိမြင်သူတဦးရဲ့တင်ပြချက်

ကျွန်တော်နာမည်စောလားပွယ်ဖြစ်ပါတယ်။ကျွန်တော်ရန်ကုန်မှာရှိနေတဲ့ယူဂိုစလပ်သံရုံးမှာ၁၉၆၅ခုနှစ်မှ၁၉၈၂ခုနှစ်အထိအလုပ်လုပ်ခဲ့ပါတယ်။တဖန်အင်ဒိုနီးရှားသံရုံးကိုပြောင်းရွှေ့ပြီး၁၉၈၈ခုနှစ်အထိအလုပ်လုပ်ခဲ့ပါတယ်။ထို့နောက်UnocalU.S oil Companyမှာတဖန်ပြောင်းရွှေ့ပြီးခုနှစ်နီးပါးအလုပ်လုပ်ခဲ့ပါတယ်။ ၉၃မှာရန်ကုန်မှာရှိတဲ့ရေနံကုမ္မဏီ အား လုံး နီးပါးWithdrawလုပ်ပြီးအလုပ်သမားတော်တော်များအလုပ်နားရပါတယ်။အဲဒီအထဲမှာကျွန်တော်လဲ ပါသွား ပါတယ်။သို့သော်မမျှော်လင့်ဘဲ ၉၄ မှာနိုင်ငံခြားကိုအလုပ်လုပ်ဖို့ထွက်ခွင့်ရလို့အီဂျစ်နှင့်အီစရေးနိုင်ငံကို၆နှစ် နီးပါး အလုပ် သွား လုပ်ခွင့်ရပါ တယ်။၂၀၀၀ ခုနှစ်မှာကျွန်တော်ပြန်ရောက်ပါတယ်။

ကျွန်တော်ပြန်လာတဲ့အကြောင်းရင်းကတော့သာသနာအလုပ်လုပ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့အခြေအနေမကောင်းလို့ တဖန်ပြန်လည်ပြီးတော့Singaporeသံရုံးမှာအလုပ်ပြန်လုပ်ခွင့်ရပါတယ်။ တစ်နှစ်ကျော်ကျော်အလုပ်လုပ်ပြီး စား ဝတ် နေရေးမလုံလောက်လို့အမေရိကန်သံရုံးကိုအလုပ်ပြောင်းခွင့်ရပါတယ်။အမေရိကန်သံရုံးမှာ အလုပ်လုပ်တဲ့ အခါအတွေ့အကြုံတော်တော်များများရခဲ့ပါတယ်။ ဒါပေမဲ့မကြာပါ၅လလောက်ရှိတဲ့အချိန်မှာမိတ်ဆွေတစ်ယေက်လာ ပြီး အကူအညီတောင်း လို့အလုပ်လစ်လပ်တာရှိတာ နဲ့အလုပ်သွင်းပေးခဲ့ပါတယ်။ အဲဒါကိုကျွန်တော်ဆရာက ဘာ မှမပြောပဲကျွန်တော်ကိုအလုပ်ရပ်စဲခဲ့ပါတယ်။မေးကြည့်တော့လည်းဘာမှသေသေချာချာမပြောပါ။

ကျွန်တော်စော စော က ပြောတဲ့အတွေ့အကြုံတော်တော်များများ သိခွင့်ရတာကဒီလိုပါ။ အမေရိကန်လူမျိုးတွေအများ အား ဖြင့် ကျွန်တော်သိရသလောက် ဒုက္ခရောက်တဲ့လူများကို ကူညီခဲ့တာတွေကိုကျွန်တော်သိရပါတယ်။ သူတို့တတွေ ရန်ကုန်စရောက်တဲ့အချိန်မှာ တော်တော်ကောင်းကြပါတယ်။ နှစ်လ၊သုံးလအချိန်ရောက်တဲ့အခါ သူတို့စိတ်တွေ ပြောင်းသွားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံရုံးထဲမှာနေတဲ့လူဟောင်းတွေက သူတို့ကိုစိတ်ပြောင်းပေးတာပါပဲ။

သူတို့က ငွေ(ဒေါ်လာ)ကို အပြင်မှာဘယ်လိုရောင်းရမလဲ။ ဘယ်လိုအခွင့်အရေးတွေရတယ် ဆိုတာလူဟောင်းတွေက သူတို့ကိုသင်ပေးခဲ့တာပါပဲ။ သံရုံးထဲမှာရှိတဲ့မြန်မာသူသျှိုတွေကလည်း သူတို့ကိုကောင်းကောင်းစည်းရုံးခဲ့တာပဲ။ ဒါကြောင့်သူတို့စိတ်ဓာတ်တွေက တဖြည်းဖြည်းနဲ့ပြောင်းသွားပြီး သူတို့မှာရှိတဲ့ဒီမိုကရေစီအတွေးအခေါ်တွေ ပျောက်ကွယ်ပြီး မြန်မာစစ်အစိုးရဘက်ကို ပြောင်းသွားတာကို ကျွန်တော်တို့တွေ့ရပါတယ်။ ဒါတွေမကဘူးကျွန်တော်တို့အလုပ်သမားတွေ အပေါ်မှာလည်း စတင်ပြီး ဖိနှိပ်ချုပ်ချယ်မှု့ပြုလုပ်ကြပါတယ်။ အများသိတဲ့အတိုင်း မြန်မာပြည်ဟာအခြေအနေမ ကောင်းလို့ အလုပ်လည်းလုပ်ချင်တိုင်းမလုပ်ရတဲ့အတွက် အလုပ်လက်မဲ့တွေအများကြီးရှိပါတယ်။

ဒါကြောင့် သူတို့ ကလည်းဒီခြေအနေကိုသိတော့ အလုပ်သမားတွေကိုတလဒေါ်လာ၇၀-၈၀ ပေးပြီးအချိန်မရွေးခေါ်လို့ရတယ် ဆိုပြီး အမှန်တကယ် အလုပ်ကောင်း ကောင်း လုပ်တဲသူကိုစပြီးဒုက္ခပေး တော့တာပဲ။ နှိမ်တော့တာပဲ။ အဓိပ္ပါယ်က “ ပေးထားတဲ့လစာနဲ့ မင်းမလုပ်နိုင်ရင် သွားလို့ရတယ် နောက်တစ်ယောက်ခေါ်လို့ရတယ်”။ ဒီကိစ္စနဲ့ပြောရရင် သူ တို့စိတ်ဓာတ် တွေကို စစ်အစိုးရဘက် လုံးလုံးပြောင်းသွားအောင် သံရုံးမှာရှိတဲ့သူ သျှိုတွေက လုပ်ဆောင်ပေးတာ ကိုတွေရပါတယ်။ ဒီကိစ္စနဲပါတ်သက်တာကိုကျွန်တော်ပြောချင်တာကဒီလိုပါ။ဒီစစ်အာဏာရှင်ဟာဘာကြောင့်အာဏာတည်မြဲရသလဲဆိုတာဒီအကြောင်းကြောင့်ပါပဲ။

သံတမန်တွေနဲ့ ကုလသမ္မဂ္ဂအဖွဲ့အစည်းတွေဟာ ဒီပေးထားတဲ့သံတမန်အခွင့်အရေးတွေဖြစ်တဲ့ ဒေါ်လာရောင်းစားရတဲ့အခွင်အရေး၊ လာဒ်ပေးလာဒ်ယူ အခွင့်အရေးကို အထူးခံစားရတဲ့အတွက် သူတို့ကဒီစစ်အစိုးရကို အမြဲကောင်းကြတယ်လို့ပြောကြတာပါပဲ။ မကောင်းလည်းကောင်းတာပဲ။ သံတမန်ဟာ ဒီလိုအမြင်မျိုးရှိနေရင် ဒီစစ်အစိုးရကိုဖြုတ်ချ လို့ ဘယ် တော့မှရမှာမဟုတ်ဘူး။ တိုင်းပြည်တစ်ပြည်နှင့်တစ်ပြည်ဟာ သံတမန်ဆိုတာအင်မတန်မှအရေးပါပါတယ်။ ဥပမာ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ သံတမန်တွေနဲ့စုပေါင်းပြီး မကောင်းတဲ့အစိုးရ ကိုတွန်းအား ပေးပြီး ဖြုတ်ချလိုက်ရင်သမတ ဝန်ကြီးချုပ် တော်တော်များပြုတ်ကျသွားတာကို ကျွန်တော်တို့တွေ့ရပါတယ်။

ဒါပေမဲ့အခုဒီလို မဟုတ်ဘူးဘာကြောင်လဲဆိုတော့ သံတမန်တွေနဲ့ကုလသမ္မဂ္ဂအဖွဲ့အစည်းအသီးသီးတွေက အထက်ကပြောထားသလို သူတို့ကအခွင့်ထူးတွေခံစားရတဲ့နေရတဲ့အတွက် သူတို့ကစစ်အစိုးရဘက်ကဘဲရှိနေတဲ့အတွက် ဒီစစ်အစိုးရကိုဖြုတ်ချဘို့ကို မလွယ်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ တဆက်တည်း စစ်အစိုးရကအာဏာတည်မြဲဘို့ သံတမန်တွေကိုအပိုင်ကိုင် ထား တယ် နည်းမျိုးစုံနဲ့ အခွင့်ထူးခံတွေကို သူတို့ကိုပေးထားတာ ကိုကျွန်တော်တို့တွေရပါတယ်။

အထူးသဖြင့် ရန်ကုန်မှာရှိတဲ့ အာဆီယံ(၁၀)နိုင်ငံဟာဆိုလို့ရှိရင် ပိုပြီးအခွင့်ထူးတွေ ပေးထားတာကိုတွေ့ရပါတယ်။ သူတို့က(dane) နာယကအလှည့်ကျ ပေးထားတာကိုတွေရပါတယ်။ သံတမန် စည်းမျဉ်းစည်းကမ်းဆိုတာ တိုင်းပြည်တိုင်းမှာရှိပါတယ်။ နာယက တစ်ယောက်ကိစ္စ တစ်ခုခုပေါ်လာလို့ရှိရင် သူကနေပြီးတော့ အမိန့်ပေးလိုက်လို့ရှိရင်သူရဲ့အောက်မှာရှိနေတဲ့အဖွဲ့ဝင်တွေက လိုက်ပြီးလုပ်ဆောင်ပေးရပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံတမန်တွေဟာ ဒီအမိန့်အောက်မှာ ပဲရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သံအမတ်ကြီးမထားတဲ့အတွက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ပြောချင်တာက အထက်ကတင်ပြထားတဲ့ အရာများကို နိုင်ငံတကာများမှာရှိတဲ့ခေါင်းဆောင်များကို အထူး သဖြင့် အမေရိကန် သမတ အိုဘားမား၊ မစ္စကလင်တန်တို့လိုပုဂ္ဂိုလ်ကြီးများကနေ ရန်ကုန်မြို့ မှာရှိတဲ့ ဝန်ထမ်းများရဲ့ လုပ်ဆောင်မှုများကို စုံစမ်းဖေါ်ထုတ်ပေးဖို့ အလေးအနက်မေတ္တာရပ်ခံအပ်ပါတယ်။

တဆက်တည်း ကုလသမ္မဂ္ဂအတွင်းရေးမူးချုပ်ဗန်ကီမွန်းကိုလဲပဲ ရန်ကုန်မြို့မှာရှိတဲ့ဝန်ထမ်းများကိုစုံစမ်းဖေါ်ထုတ်ပေးဘို့ အလေးအနက်မေတ္တာရပ်ခံအပ်ပါတယ်။ ထို့အတူဒီမိုကရေစီရရှိရန် လှုပ်ရှာဆောင်ရွက်နေတဲ့ အဖွဲ့အစည်းအသီးသီးများကိုလည်း တက်နိုင်သရွေ့တင်ပြပြောဆိုပေးပါရန်။ ဦးစိန်ဝင်း၊ ဦးဘိုလှတင်၊ ဦးသောင်းထွန်း၊ ဦးအောင်ခင်စသည့်ပဂ္ဂိုလ်များ အထက်ပါအကြောင်းအရာများ ကိုပြောပေးပါမေတ္တာရပ်ခံအပ်ပါတယ်။

ခင်ဗျားတို့တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးရင် ဒီကြောင်းတွေကို စဉ်းစားပြီးတော့လုပ်ဆောင်ဖို့လိုတယ် လို့ကျွန်တော်ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သတင်းထဲမှာ ကြားရတဲ့အကြောင်းအရာတွေဟာ စိတ်မကောင်းစရာတွေကြီးဖြစ်ပါတယ်။ အမှန်တရားဘက်ကို ရပ်တည်နေတဲ့အရာအားလုံးဟာ တစ်နေ့ကျရင်အောင်မြင်မှု့ရကြမှာအမှန် ဧကန် ဖြစ်ပါတယ်။ ကျွန်တော်ယုံကြည်ပါတယ်။ ခင်ဗျားတို့ကိုအသိပေးပြောချင်ပါတယ်။ ခင်ဗျားတို့လည်း တာဝန်ရှိပုဂ္ဂိုလ်ကြီးများနဲ့ တွေ့တဲ့အခါတိုင်း တင်ပြနိုင်ဖို့  ရန် ကျွန်တော် မျှော်လင့်ပါတယ်။

တိုင်းပြည်နှင့်လူမျိုးချစ်တဲ့သူ

စောလားပွယ်
အီးမေးမှတဆင့် လက်ခံရရှိသော စာတစ်စောင်ဖြစ်ပါတယ်။ ပေးပို့ လာသူအားအထူးကျေးဇူးတင်ပါကြောင်း။

No comments:

Post a Comment