ondragstart="return false" onselectstart="return false"

Wednesday, June 30, 2010

Road Map မရှိတဲ့ ဒီအပစ်ရပ်ဇာတ်မျောမှာသမိုင်းရေးကြ

တော်လှန်ရေးသမားတွေနဲ့  နိုင်ငံရေးစိတ်ဝင်စားသူလူငယ်များ ဖတ်ရှုလေ့လာ သင်ခန်းစာ ယူသင့်သော ဆောင်းပါးလေးတပုဒ်ပါ။ နအဖ စစ်အစိုးရ၏ မဟာဗျူဟာမြောက် ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးလှလှလေးကြောင့် နိုင်ငံရေး အမျှော်အမြင်ကြီးမားတဲ့ အဖွဲ့ အစည်းတွေက လွယ်လွယ်နဲ့ လက်မခံခဲ့ပေမယ့် သူတို့ အဖွဲ့ တွေထဲမှာ ရန်သူနောက်ပါ ပဲ့ထွက်သွားဒါတွေ့ ရမှာပါ။ ဥပမာ - ကရင်မှာဆိုရင် ဗိုလ်ချူပ်ထိန်မောင်ဦးဆောင်တဲ့ အဖွဲ့ ဖြစ်ပါသည်။
ဒီလိုဆိုရင်ဖြင့် နအဖနဲ့ ငြိမ်းချမ်းရေးယူပြီး အဖွဲ့ အစည်းပိုပြီးတိုးတက်လာသလား ဆုတ်ယုတ်သလားဆို ဒါ နအဖ နှင့် ငြိမ်းချမ်းရေး ရယူခဲ့သော မွန်ပြည်သစ်ပါတီ အဖွဲ့ ၏ အနေအထားကို ဆောင်းပါးရှင် မင်းစိုင်းနွန်ဒေါက ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင် ထောက်ပြရေးထားပါတယ်။ နိုင်ငံရေးစိတ်ဝင်စားသော ခေတ်လူငယ်များ evaluation and inference မှန်မှန်ကန်ကန် ကိုယ့်အဖွဲ့ အစည်းအတွင်း လုပ်နိုင်ရန်အတွက် ဖတ်ရှုသင့်ပါသည်…..

မူလသတင်းရင်းမြစ် - ကောင်းဝါသတင်းဌာန
ဇွန်လ ၂၉၊၂၀၁၀

စစ်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်ရပ်စဲမှု ၁၅ နှစ်တိတိကာလအတောအတွင်းမှာ မွန်ပြည်သစ်ခေါင်းဆောင်များဖြစ်ကြတဲ့ ဗဟိုကော်မတီဝင်အများအပြား အနားယူခဲ့သူ၊ ခွဲထွက်သူ၊ တဖန်စစ်အစိုးရထံဝင်ရောက်ခိုလှုံသူများနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့သူများ ရှိခဲ့ပါတယ်။

ကွယ်လွန်ခဲ့သူများ
၁။ နိုင်ရွှေကျင်(ပါတီစတင်တည်ထောင်သူ ဥက္ကဌကြီး)
၂။ နိုင်ထင် (နိုင်ရွှေကျင်ကွယ်လွန်ပြီး ပါတီဥက္ကဌဖြစ်လာသူ)
၃။ နိုင်မင်းထွဋ် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်-လုပ်ကြံခံရ)
၎။ နိုင်အောင်တင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဟောင်း)
၅။ နိုင်ဓမ္မနေ (အထွေထွေအတွင်းရေးမှူးဟောင်း)
၆။ ဗိုလ်မှူးကြီးဝင်းအောင်(စစ်ရေးချုပ်)
၇။ နိုင်တလမွန် (မော်လမြိုင်ခရိုင်အတွင်းရေးမှူး)
၈။ နိုင်သိန်းဝင်း(သထုံခရိုင်အတွင်းရေးမှူး)

နှုတ်ထွက်ခဲ့သူများ(ပါတီ/အုပ်ချုပ်ရေးဌာန)
၁။ နိုင်ချမ်းတွဲ့(တွဲဖက်အထွေထွေအတွင်းရေးမှူး)
၂။ နိုင်တင်အောင်(ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
၃။ နိုင်ဥာဏ်ထွန်း(ခရိုင်ဥက္ကဌ)
၎။ နိုင်လဝီမွန်(ခရိုင်ဥက္ကဌ)
၅။ နိုင်အောင်ရှိန်(ခရိုင်ဥက္ကဌ)
၆။ နိုင်အိန်ဒိန်(ခရိုင်ဥက္ကဌ)
၈။ နိုင်စိုးမြင့်(ဗဟိုစီးပွားရေးဌာန)
၉။ နိုင်ဂိုစိုက် (ခေါ်) နိုင်ထောအိန် (ဗဟိုစည်းရုံးရေးဌာနတာဝန်ခံ)
၁၀။ နိုင်ပန်းလှ (ဗဟိုဌာနချုပ်ရုံးအုပ်)
၁၁။ နိုင်အောင်ရှိန်(ဗဟိုထောက်ပံ့ရေးဌာန)
၁၂။ နိုင်ဗညားမွန်(အရန်ဗဟိုကော်မတီဝင်)

စစ်ဖက်မှနှုတ်ထွက်ခဲ့သူများ
၁။ ဗိုလ်ချုပ်အောင်နိုင်
၂။ ဗိုလ်မှူးကြီးပန်းညွန့်
၃။ ဗိုလ်မှူးကြီးနိုင်ရှောင်
၎။ ဗိုလ်မှူးကြီးမြင့်ဆွေ(ခေါ်) လဝီအောင်
၅။ ဗိုလ်မှူးကြီးကောင်းရွတ်
၆။ ဗိုလ်မှူးကြီးကိုတာ
၇။ ဒု-ဗိုလ်မှူးကြီးကျော်စိုး
၈။ ဗိုလ်မှူးခင်အောင်
၉။ ဗိုလ်မှူးတင်လှ
၁၀။ ဗိုလ်မှူးခင်စိုး
ဒီပုဂ္ဂိုလ်များ ဘယ်နေရာဘယ်ဒေသကို ရောက်နေကြပြီး ဘာတွေလုပ်ဆောင်နေကြတာကို ဒီဆောင်းပါးမှာအတိအကျ မရေးသားလိုတော့ပါ။

ကွယ်လွန်ခဲ့သူများကိုတော့ နှစ်အလလက ထမ်းဆောင်ခဲ့တဲ့ပါတီနဲ့ အမျိုးသားရေးတာဝန်တွေ ပြီးဆုံးသွားပြီး တာဝန်ကျေခဲ့တယ်လို့ ယူဆပါတယ်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်သူများကတော့ သာမန်အရပ်သားအနေနဲ့ အေးအေးဆေးဆေးနေထိုင်ကြသူတွေရှိသလို မြန်မာစစ်အုပ်စုထံပူးပေါင်းသူ၊ ခွဲထွက်အဖွဲ့ထပ်ဖွဲ့သူ၊ ရွေးကောက်ပွဲဝင်သူ အစသဖြင့် တွေ့ရပါတယ်။

အထက်ဖေါ်ပြခဲ့တဲ့ မွန်ပြည်သစ်ဗဟိုကော်မတီဝင်တွေဟာ ပါတီမှာ လုပ်သက်ရင့်ပြီး အတွေ့အကြုံ ရှိခဲ့သူတွေလို့ သိရပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေနှုတ်ထွက်မှုဟာ ၁၅ နှစ်အပစ်ရပ်ကာလ အတောအတွင်း စစ်အစိုးဖက်က ရလိုက်တဲ့အမြတ်တွေလို့ တွက်ဆယူနေသူလည်း ရှိကြပါတယ်။

ဒီလိုခေါင်းဆောင်တွေနှုတ်ထွက်ခဲ့တာနဲ့အတူ အခြားအလတ်တန်းအရာရှိတွေအပြင် သာမန်တပ်သားရဲဘော်တွေမနည်း ပဲ့ထွက်၊ ခွဲထွက်၊ နှုတ်ထွက်မှုတွေရှိခဲ့ပါသေးတယ်။ ဥပမာတစ်ခုပြရရင် ၁၉၉၆ ခုနှစ်က လက်နက်လူအင်အား ၅၀၀ ခန့်အပြည့်အစုံရှိတဲ့ မွန်ပြည်သစ်မြိတ်ခရိုင်တစ်ခုလုံး ဒုရင်းမှူးချမ်းတိန်း အာဏာသိမ်းခွဲထွက်ခွဲထွက်ခြင်းပဲဖြစ်တယ်။

ဒီအုပ်စုဟာ အပစ်အခတ်ရပ်စဲမှုကို လက်မခံနိုင်ဘူးလို့ အကြောင်းပြရင်း တစ်နှစ်ပင်မပြည့်တတ်ပါ၊ မြိတ်ခရိုင်တစ်ခုလုံး စစ်အစိုးရထံ လက်နက်အပ်ခဲ့တာ သတင်းစာတွေမှာ ပြန်ရှာဖတ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အပစ်ရပ်တွေဘဝကတော့ နောက်ဆုတ်လို့လည်းမရ၊ ရှေ့တိုးဖို့လည်းခြေလှမ်းတွေ တွန့်ဆုတ်နေရပါပြီ။ စာရေးသူအနေဖြင့် ဘယ်သူကောင်းမကောင်း မဝေဖန်လိုပါ။ Road Map မပါတဲ့ ဒီအပစ်ရပ်ဇာတ်မျောကြီးမှာ ကိုယ့်သမိုင်းကိုယ်ရေးနေကြတာဖြစ်လို့ ဆင်ခြင်သုံးသပ်နိုင်ရန်သာ တင်ပြအပ်ပါကြောင်း။

မင်းစိုင်းနွန်ဒေါ

ဝန်ခံချက်။ ။ စာရေးသူနှင့်သိကျွမ်းခဲ့သူများဖြစ်သဖြင့် ပြန်လည်မှတ်မိသောအမည်နာမများကိုသာ ဖေါ်ပြခဲ့ခြင်းဖြစ်ပါတယ်။ အကယ်၍ ဗဟိုကော်မတီဝင်ဟောင်းဖြစ်ခဲ့ဘူးသူ နာမည်များကျန်ရှိပါသေးလျှင် Feedback တွင်အကြံပြုရေးသားပေးပါရန်။
မင်းစိုင်းနွန်ဒေါ http://www.kaowao.org/b/2010art-june-29.php

No comments:

Post a Comment