ondragstart="return false" onselectstart="return false"

Monday, June 7, 2010

အနာပေါ်တုတ်ကျ မိနေတဲ့ နအဖ


ဗိုလ်မှူးကြီးနယ်ဒါးမြ နှင့် ကေအဲန်အယ်လ်အေ ရဲဘော်များ (ဝေါ်လေခီးစခန်း - တပ်ရင်း-၂၀၁)

အခုရက်ပိုင်းတွေမှာ ထွက်ရှိလာတဲ့ သတင်းတွေက နအဖ စစ်အစိုးရ အဖို့ အနာပေါ်တုတ်ကျမိသလို ဖြစ်ပြီး သူတို့ ရဲ့ ၀ါဒဖြန့် ချီရေးဘလော့တွေမှာ သွေးရူးသွေးတန်း ဖြေရှင်းချက်တွေ ပစ်စာတွေ စတင် ရေးတော့ဒါပါပဲ။

သူတို့ အရှိုက်ထိတဲ့ သတင်းနှစ်ပုဒ်ကတော့ ဗမာ့တပ်မတော်မှ ဗိုလ်မှူးစိုင်းသိန်းဝင်း က နအဖ ၏ ညူးကလီးယား အစီအစဉ်ကို ကမ္ဘာသိဖေါ်ထုတ်လိုက်ခြင်းနဲ့  ကေအဲန်ယူ ဗိုလ်မှူးကြီး နယ်ဒါးမြ ရဲ့ ငြိမ်းချမ်းရေး မဟာဗျူဟာ ဥရောပခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဒါတွေကို မခံမရပ်နိုင်တဲ့ နအဖ စစ်အစိုးရက KNU မှ ဗိုလ်မှူးကြီး နယ်ဒါးမြ၏ ဥရောပခရီးစဉ်ကို ပစ်ပစ်ခါခါ ဝေဖန်ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ် ဆောင်းပါးရှင် မောင်မင်းချင်းက ရေးသွားဒါ ကျေးစေတမန် ဘလော့မှာ ဖတ်လိုက်ရပါတယ်။ ထုံးစံအတိုင်း ကေအဲန်ယူကို မှိုချိုးမြစ်ချိုး ဓါတ်ပြားဟောင်းတွေဖွင့်ပြီး ပြောဒါပေါ့။ ထားလိုက်ပါတော့ နအဖ စစ်အစိုးရက ကေအဲန်ယူကို တိုက်ခိုက်ပုတ်ခတ်ဒါ သိပ်တော့မဆန်းပါ။ ကရင်အမျိုးသားများအတွက်တော့ ရိုးနေပါပြီ။

ကျနော်တို့ သိမြင်နားလည်ထားရမှာက ဆက်စပ်ဖြစ်ပျက်နေတဲ့ အရာတွေပါပဲ။ စနေနေ့ ည ဘီဘီစီမြန်မာပိုင်း အစီအစဉ်မှာပဲ ကေအဲန်ယူရဲ့ ဝေါ်လေခီးစခန်းကို နအဖ တပ်များ အလုံးအရင်းနဲ့ ချီတက်နေတယ် လို့ ထုတ်လွင့်သွားတဲ့ သတင်းဟာ ဗိုလ်မှူးကြီး နယ်ဒါးမြ ရဲ့ ဥရောပခရီးစဉ်နဲ့  လုံးဝ ဆက်စပ်နေတယ် ဆိုဒါ ကျေးစေတမန် ဘလော့မှာ ၇၊ ၆၊ ၂၀၁၀ ရက်နေ့ စွဲ့ ဖြင့် ဖေါ်ပြနေတဲ့ “ဥပုသ်စောင့်တဲ့ ကျားငစဉ်းလဲ “ ဆိုတဲ့ မောင်းမင်းချင်း ရေးသားတဲ့ ဆောင်းပါးတပုဒ်က သက်သေခံနေပါတယ်။ သည့်ပြင်မက ကေအဲန်ယူရဲ့ တခြားဒေသတွေမှာ ထိုးစစ်တွေ စတင်ဖို့ လည်း ဖြစ်နိုင်ခြေတွေ အများကြီးရှိပါတယ်။ ဒါတွေကို စာဖတ်သူ ကရင်အမျိုးသားများကို ဆက်စပ်တွေးခေါ်ပြီး အသိပေးလိုပါသဖြင့် ဒီပို့ စ်ကို တင်လိုက်ခြင်းဖြစ်ပါတယ်။
ကျေးစေတမန်ဘလော့မှ ဗိုလ်မှူးကြီးနယ်ဒါးမြ ဥရောပခရီးစဉ်အကြောင်းကို ဝေဖန်ရေးသားထားသော ဆောင်းပါးကို ဒီလင့် http://www.kyeesaytaman.blogspot.com/ မှာ အသေးစိပ် သွားရောက်ဖတ်ရှူနိုင်ပါသည်။

No comments:

Post a Comment