ondragstart="return false" onselectstart="return false"

Wednesday, June 23, 2010

မွတ်စလင်များလည်း ပါတီထောင်ခွင့်ရ

ရခိုင်ပြည်နယ်မှာ မွတ်ဆလင် ရိုဟင်ဂျာ တွေကို မျိုးတုန်းသတ်ဖြတ်ပြီး ရန်ကုန်မှာ မွတ်စလင်အဖွဲ့ အစည်းတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်ပေးဒါ စဉ်းစားစရာတွေပါ။ နအဖ အတွက် နိုင်ငံရေးမှာ အမြတ်မထွက်ရင် ဘာမှတော့ ခွင့်မပေးဒါ အသေအချာပါ။ ဒီထဲပိုပြီးစိတ်ဝင်စားစရာကောင်းဒါက တိုင်းရင်းသား ကချင်တွေကို နိုင်ငံရေးပါတီတည်ထောင်ခွင့် မပေးဒါက မဟာဝါဒ၏ ခြေလမ်းများကို မြင်နိုင်စွမ်းရှိသူတွေအတွက် အံ့သြစရာတော့ သိပ်မကောင်းပါဘူး။

ကျနော်တို့  တွေးကြည့်ပြီး မြင်ယောင်မိတယ်.. မကြာခင်မှာလည်း မြန်မာပြည်ဖွား တရုတ်တွေကိုလည်း နိုင်ငံရေးပါတီ တည်ထောင်ခွင့်(သို့ ) တည်ထောင်ခိုင်းမည်ဆိုဒါပါပဲ။ ကိုယ့်ကိုယ်ကို တိုင်းပြည်ကယ်တင်ရှင်ကြီးတွေ လို့ အမြဲတမ်းကြွေးကြော်နေတဲ့ ဗမာ့တပ်မတော်ကြီးရေ... ကြည့်လည်းလုပ်ကြပေါကွာ.. ကုလားပဲနဲ့ ဝက်သားဟင်း စားကောင်းစားရင်းနဲ့ အနာဂါတ်မှာ မျိုးပြတ်သွားမယ်....

တကယ်တော့ ခင်ဗျားတို့ ဗမာ့တပ်တော် တန်ဖိုးထား လုပ်ဆောင်ရမှာက တကယ့်တိုင်းရင်းသားညီကိုယ်တွေနဲ့  သွေးစည်းညီညွတ်ရေးပါ။ ဒါပေမယ့် ခုတော့... ငါတို့ တိုင်းရင်းသားတွေကို မင်းတို့ မဟာစိတ်ရူးတွေနဲ့  မျိုးဖြုတ်သတ်ဖြတ်လို့ ကောင်းနေတုန်းပဲ... မင်းတို့ ရဲခွန်အားတွေဖြစ်တဲ့တိုင်းရင်းသားတွေကို မင်းတို့ မျိုးဖြုတ်သတ်ဖြတ်ပစ်တယ်.. တစ်နေ့ မင်းတို့ ဒုက္ခရောက်ရင် တိုင်းရင်းသားတွေကို ပြန်တမ်းတမိမှာပါ။ အဲဒီအချိန်မှာ တိုင်းရင်းသားတွေက သမိုင်းတစ်လျှောက်ခံလာခဲ့ဒါမို့  ဘေးထွက်ထိုင်ပြီးကြည့်နေမှာ သေချာတယ်။

အနာဂတ်မှာ ဗမာတွေဟာ ကရင်ကျွန်ဖြစ်စရာအကြောင်းမရှိသလို ကချင်၊ ရှမ်း၊ မွန်၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတွေရဲ့ ကျွန်အဖြစ် ဖြစ်စရာအကြောင်းမရှိပါ။ သေချာဒါက ဒီအတိုင်းဆက်သွားရင် ဗမာတွေဟာ တရုတ်နဲ့ ကုလားတွေ ရဲ့ကျွန်ဖြစ်ဖို့ ပဲရှိတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
မျိုးဝင်းဇော် / ၂၃ ဇွန် ၂၀၁၀

ရန်ကုန်မြို့နေ မွတ်စလင်အများစုဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ကို ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်အမှတ် (၃၁) ဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

NDPD ပါတီဝင်တဦးက “ကျနော်တို့ပါတီ ပြီးခဲ့တဲ့ ဇွန်လ (၄) ရက်နေ့ကတည်းက မှတ်ပုံတင်ခွင့်ရတယ်။ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဗိုလ်ဆွန်ပက်လမ်းမှာ ရုံးထိုင်တယ်။ အခုတော့ အစည်းအဝေးတွေ မပြတ် လုပ်နေတုန်းပဲ။ ကျနော်တို့ ပါတီအနေနဲ့ သဘောထားကြေညာချက်တွေ ထုတ်ပြန်ဖို့ မရှိသလို ဘယ်မီဒီယာနဲ့မှလည်း တွေ့ဖို့ မရှိပါဘူး” ဟု ပြောသည်။

အဆိုပါ ပါတီသည် ပထမဦးဆုံး ရန်ကုန်မြို့ရှိ မွတ်စလင်အများစုဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်ပြီး ဥက္ကဋ္ဌ ဦးမောင်မောင်နီ၊ အထွေထွေအတွင်းရေးမှူး ဦးမျိုးသန်းတို့က တာဝန်ယူထားသည်။

NDPD နိုင်ငံရေးပါတီ ဖွဲ့စည်းမှုနှင့် ပတ်သက်၍ နိုင်ငံရေးပါတီတခုမှ ခေါင်းဆောင်တဦးက “တိုင်းရင်းသားတွေ ဖြစ်စေ၊ လူနည်းစု ဘာသာဝင်တွေ ဖြစ်စေ၊ ပါတီ ဖွဲ့စည်းလာကြတာ ကောင်းတယ်။ ဒါပေမယ့် စစ်အစိုးရက ဖွဲ့ခိုင်းလို့ ဖွဲ့ရတဲ့ ပါတီမျိုး မဟုတ်ရင်တော့ ပိုကောင်းတယ်” ဟု ပြောသည်။

လက်ရှိ ၎င်းတို့ စုံစမ်းသိရသမျှ ရွေးကောက်ပွဲအတွက် ပါတီများစွာ ဖွဲ့စည်းကြသည်ဟုဆိုကာ နိုင်ငံတကာကို ပြနိုင်ရန် စစ်အစိုးရက ဖွဲ့ခိုင်း၍ ဖွဲ့စည်းထားရသည့် ပါတီပေါင်း (၁ဝ) ခုကျော်ရှိပြီး ထိုထက်မကလည်း ဖြစ်နိုင်ကြောင်း အဆိုပါ ပါတီခေါင်းဆောင်က ပြောသည်။

စစ်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များအရ ပါတီပေါင်း (၄၂) ပါတီ တည်ထောင်ခွင့်ပြုရန် လျှောက်ထားသည့်အနက် (၂၅) ပါတီသည် တိုင်းရင်းသားလူမျိုးစု ပါတီများဖြစ်ပြီး အခြားပါတီ (၁၆) ပါတီ၊ မွတ်စလင်ပါတီ (၁) ပါတီ ပါဝင်သည်။ အဆိုပါ (၂၅) ပါတီအနက် (၇) ပါတီသာ ရန်ကုန်မြို့တွင် ရုံးခန်းရှိပြီး (၁၈) ပါတီမှာမူ ပြည်နယ်တို့တွင်သာ အခြေစိုက် ရုံးခန်းဖွင့်လှစ်ထားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ တိုင်းရင်းသားခေါင်းဆောင်တဦးက “မွတ်စလင်တွေကို ပါတီထောင်ခွင့်ပေးပြီး ကချင်တိုင်းရင်းသားတွေကိုတော့ ဘာကြောင့် ပါတီထောင်ခွင့်မပေးရလဲ ဆိုတာကို နားမလည်နိုင်ဘူး” ဟု ပြောဆိုသည်။

ကချင်ပါတီများအနက် အင်အားအကြီးဆုံးဖြစ်သည့် ကချင်ပြည်နယ်တိုးတက်ရေးပါတီသည် ဧပြီ (၅) ရက်နေ့ကတည်းက ပါတီ တည်ထောင်ခွင့် လျှောက်ထားသော်လည်း ယနေ့ထက်တိုင် ပါတီတည်ထောင်ခွင့် မရသေးပေ။
ခေတ်ပြိုင်သတင်းမှ

No comments:

Post a Comment