ondragstart="return false" onselectstart="return false"

Sunday, June 20, 2010

သံတောင်မြို့ နယ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲအတွက် မရိုးသားမှု ခြေလှမ်းများစတင်

၂၀၊ ၀၆၊ ၂၀၁၀

ကရင်ပြည်နယ် သံတောင်မြို့ နယ် ဘောဂလိဒေသ တ၀ိုက်ရှိ လူထုများကို ကြိုတင်မဲ ကောက်ခံနေ ကြောင်းသတင်းရရှိပါသည်။ အာဏာပိုင်တွေက တကယ်ရွေးကောက်ပွဲ မစတင်မီ နှစ်လ အတွင်းမှာ ကြိုတင်မဲ များကို အရင်ဦးဆုံး ကောက်ခံမည်ဖြစ်ပြီး တကယ်ရွေးကောက်ပွဲရက်တွင် လူထုများ မဲ ပြန်လာထည့်ကြရမည်ဖြစ်သည်။ ယခုကဲသို့ ကြိုတင်မဲ ပေးခိုင်းခြင်းသည် သွေးရိုးသားရိုးမဟုတ်ပဲ ထိုကြိုတင်မဲများသည် ကြံ့ဖွံ့ ပါတီအတွက် ထောက်ခံမဲ အဖြစ်ရည်ရွယ် လုပ်ဆောင်ယူခြင်းသာဖြစ်ကြောင်း ဒေသခံလူထု မှ သိရှိရပါသည်။

ထိုဘောဂလိဒေသ၌ ပါတီ ငါးခု ၀င်အရွေးခံမည်ဟု ဖေါ်ပြထားပြီး (၃)ခုမှာ ကရင်ပါတီဖြစ်ပြီး ကျန်နှစ်ခုမှာ တစည ပါတီ နှင့် ကြံ့ဖွံ့ပါတီ များဖြစ်သည်။

၀၉၊ ၀၆၊ ၂၀၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဘုရင့်နောင်တပ်မြို့ အခြေစိုက် နအဖ စစ်သားများသည် ဖာလာခြံအတွင်းသို့  အလုပ်သွားလုပ်နေသော သံတောင်ကြီးမြို့ နေ နော်ရှီကယ် (၅၃ နှစ်) အဘအမည် စောဒီမူး အားဖြစ်ပစ်ခတ်ပြီး ထိုအမျိုးသမီးကြီးမှာ ခြေထောက်တွင် သေနတ်ထိမှန်သွားပါသည်။ နအဖ တပ်များပစ်ခတ်ပြီး သတင်းပေါက်ကြားမည်စိုးသဖြင့် ဘုရင့်နောင်တပ်မြို့ သို့ ချက်ခြင်းခေါ်ဆောင်သွားပါသည်။
ဘုရင့်နောင်တပ်မြို့ ဆိုသည်မှာ ၂၀၀၀ ခုနှစ်မှ စတင်ပြီး နအဖ တပ်များ သံတောင်ရှိ ကရင်လူထုများ၏ မြေယာများကို သိမ်းယူပြီး စစ်လေ့ကျင့်ရေး တပ်မြို့ ကို လာတည်ခြင်းဖြစ်ပါသည်။ ထိုမြို့ သည် သံတောင်ကြီးမြို့ နှင့် နယ်မြေခြင်း ဆက်စပ်လျက်ရှိနေပါသည်။

No comments:

Post a Comment