ondragstart="return false" onselectstart="return false"

Monday, June 7, 2010

မြ၀တီ- ဘားအံလမ်းပိုင်း ရှိဂိတ်များ အား နေပြည်တော်မှ တိုက်ရိုက်ထိန်းချုပ်မှုကြောင့် ရဲဝန်ထမ်းများတွင် မကျေနပ်မှုများကြီးထွားနေ


မြန်မာ နိုင်သံတွင်းသို့ တင်ပို့ မည့် မဲဆောက်သောင်းရင်းမြစ်ကမ်းနဘူး မှ မော်တော်ကား တစ်စီး

အောင်ပန်၊ ၊မြ၀တီ နှင့် ဘားအံရှိကားလမ်းတလျောက်တွင် တာဝန်ကျနေသော ရဲဝန်ထမ်းများကို နေပြည်တော်မှအထူးစုံစမ်းရေးအဖွဲ့မှကုန်သည်၊ကားသမားများထံမှ တရားမ၀င် ငွေကြေးတောင်းခံမှုအတွက် စစ်ဆေးမှုများပြုလုပ်ပြီးအရေးယူခြင်း၊ ပြင်းပြင်းထန်ထန်ရဲချုပ်မှသတိပေးခြင်းအပေါ်မ
ကျေနပ်မှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။

ယခင် သီတင်းပတ်က ရွှေကျင် လက်နက်မှု နှင့် ဆက်စပ်ပြီးကော့ကရိတ် နှင့် မြ၀တီ မှ ရဲ အချို့ ကို ဖမ်းဆီးစစ်မေးမှု များ ရှိခဲ့သည် ဟု အမည် မဖော်လို သည့်ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။မြ၀တီ-ဘားအံလမ်း ပိုင်း ရှိ စစ်ဆေးရေးဂိတ် များ တွင် နေပြည်တော်မှ ဆင်းလာသည် ဆိုသည့် အထူးစုံစမ်းစစ်ဆေးရေး နှင့် ရဲအရာ ရှိ အချို့ ကတိုကရိုက် ထိန်းချုပ်မှု ပြုနေခြင်း ကြောင့် DKBA အဖွဲ့ ပိုင် ကုန်တင်ကားများ ပင် စစ်ဆေးခံနေရသဖြင့် DKBA အရာရှိ အချို့ ကလည်း မကျေနပ် ဟု သိရသည်။နယ်စပ်မှ တင်သွင်း လာသည့် မော်တော်ကားများ ကို မြ၀တီ-ဘားအံ လမ်းပိုင်းတွင် ဇွန်လဆန်းမှ စ၍ သီတင်း တစ်ပတ် လျှင်၁၄ စီး တစ်နေ့  နှစ်စီ အဖမ်းပြရမည် ဆို သောကြောင့်ရဲတပ်ဖွဲ့ ဝင်အချို့ မှ စိတ်သောက ရောက်နေကြသည်။ရဲတပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက အခုသွင်းတာတွေက စစ်တပ် အရာရှိ ပိုင်းနဲ့  နီးစပ်သူတွေ ပဲ ဘယ်လို အဖမ်းသွားပြ မလဲ DKBA သွင်းတာတွေ ပဲ ဖမ်းလို့ ရမယ်။အဲဒါက လည်း သေနတ်စာ မိမယ်
ဟု ပြောသည်။

ထိုင်းနိုင်ငံမှ ကုန်စည်များကိုအခွန်မဆောင်ဘဲ ပြည်မအတွင်းသယ် ဆောင်သော ကုန်တင်ကားကြီး၊ကားလေးများထံမှ တရားမ၀င်ငွေကြေးတောင်းခံမှုမှာ ရဲဝန်ထမ်းများ တဖွဲ့တည်းမဟုတ်ဘဲ စစ်တပ်၊ထောက်လှမ်းရေး၊DKBA အဖွဲ့အစည်းအသီးသီး ခွဲဝေယူခဲ့ကြသည်။တရားမ၀င်ကုန်စည်များအပြင် လိုင်စင်မယ့်တန်ဘိုးကြီးကားများနေ့စဉ်ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်း သယ်ဆောင်လျက်ရှိသည်။ တရားမ၀င်တန်ဘိုးကြီးကားများကို စစ်အရာရှိကြီးများ၏ သားသမီးများ၊ စီးပွားရေးပါတနာများ အများစုသာလုပ်ဆောင်နေကြသည်။ မြန်မာနိုင်ငံအတွင်းမှ ရှေးဟောင်းဆင်း တုတော်များ၊ ပန်းပုအရုပ်များကိုလည်း စစ်အရာရှိသားသမီးများ သယ်ဆောင်လျက်ရှိကြသည်။ ထိုကဲ့သို့ စစ်တပ် အရာရှိ များနှင့်ပါတ်သူများ၏ ကားများ၊ကုန်စည်များကို ဖမ်းဆီးစစ်ဆေးမိသောရဲဝန်ထမ်းများမှာ နယ်ပြောင်းခံရခြင်း စသောအရေးယူမှုများကိုခံကြရသည်။

ဧပြီလနှင့်မေလဆန်းတွင် ပဲခူးမြို့အ၀င်၊ရန်ကုန်မြို့အ၀င် စစ်ဆေးရေးဂိတ်များတွင် နေပြည်တော် အထူးစုံစမ်းရေးအဖွဲ့မှ တရားမ၀င်ထိုင်းကုန်ပစ္စည်းများသည်ဆောင်လာသော ကားများကိုဖမ်းဆီးပြီး၊
ကားမောင်းသူများ နှင့် ကုန်သည်များကို စစ်ဆေးခဲ့သည်။ ထိုသူတို့၏ထွက်ဆိုချက်အရ ထိုင်းနယ်စပ်မြတီမှ
ဘားအံအထိ ကားလမ်းတလျောက်စစ်ဆေးရေးဂိတ် ၂ကျော်ကိုတဂိတ်လျင် ကျပ်ငွေသောင်းနဲ့ချီပြီးတရားမ၀င်ငွေကြေးပေးခဲ့ကြောင်း ပေးပေါက်လာခဲ့သည်။

မြ၀တီမြို့အထွက် ကုန်သွယ်ရေးဇုံ ဗျူဟာဂိတ်တွင် ကုန်ကားကြီး တစီးလျင် ကျပ်၁သိန်း၊ မှန်လုံကားတစီး ကျပ်၈သောင်း၊ ဟိုင်းလတ်ကားသေး ၅သောင်း၊ အောက်ဘိုတဲစစ်ဆေး ရေးဂိတ်တွင် ၇သောင်း၊ အလယ်ဘိုတဲ စစ်ဆေးရေးဂိတ် ၅သောင်း၊ အောက်ဘိုတဲနှင့် အလယ်ဘိုတဲအကြား စစ်ဆေးရေးဂိတ် ( ၄ )ဂိတ်တွင် ကျပ်၎သောင်းစီ၊ အလယ်ဘိုတဲမှ တံတားကျိုးအကြား စစ်ဆေးရေးဂိတ် ( ၃ )ဂိတ်တွင် ကျပ် ၃သောင်းစီ နှင့် DKBA ဂိတ်အသီးသီးကိုလည်း ကျပ် ၄သောင်းစီ ပေးခဲ့ရကြောင်း နေပြည်တော် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း နေပြည်တော် နယ်စပ်ကုန်သွယ်ရေးဌာနမှ ၀န်းထမ်းတဦးက ပြောပြပါသည်။

ရဲချုပ်မှ စစ်ဆေးရေးဂိတ်များတွင် ကျပ်၂၀၀၀၊၃၀၀၀လက္ခံယူခြင်းမှ လဘက်ရည်ဘိုးဟုနားလည်နိုင် ကြောင်း၊
စစ်ဆေးရေးဂိတ်များမတောင်းလျင်လည်း ကားဆရာများကပေးသောကြောင့် ခွင့်လွှတ်လို့ ရသော်လည်း
ယ္ခုကဲ့သို့ ကျပ်ငွေသောင်းနဲ့ချီပြီးရယူနေခြင်းမှာ အကျင့်ပျက်လာဘ်ယူခြင်း ဖြစ်သော ကြောင့် ရဲဝန်ထမ်း
အချို့ ဖမ်းဆီးခံခဲံ့ရပြီး၊ အချို့မှာနယ်ပြောင်းခံကြရသည်။ ကားတစီးလျင် မြ၀တီမှ ဘားအံ ရောက်သည်အထိ
စစ်ဆေးရေးဂိတ်များတွင် ကျပ် ၃သိန်းအထက်ပေးခဲ့ကြရကြောင်း သိရသည်။

ရဲချုပ်မှယ္ခုကဲ့သို့ ပြင်းပြင်းထန်ထန်အရေးယူမည့်အမိန့်မှ တရားမျှတမှုမရှိသောကြောင့် ရဲဝန်ထမ်းများတွင်မကျေနပ်မှုများကြီးထွားနေသည်။ ကော့ကရိတ်မြို့နယ်ရဲမှုးကိုတိုင်ဦးစီးပြီး မေလ ၂၅ရက်တန်ဘိုးကြီးလိုင်စင်မဲ့ကား၁၀စီးဖမ်းဆီးခဲ့သည်။မေလ၂၇ရက်နေ့သည်မြ၀တီသို့အတက်ကားနေ့ဖြစ်သည်။ ထို့နေတွင် မြ၀တီမှ အဆင်းကားများဆင်းခွင့်မရှိဘဲ ဆင်းလာသော တိုယိုတာမတ်တူး အဖြူရောင် ၄စီးကို ကော့ကရိတ်မြို့အ၀င်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။

ထိုကားလေးစီးမှ ကားလောကအခေါ် ကပ်ချိန်း၊ ချယ်စီနံပါတ်ဖြတ်ဆက်ထားသော ကားများဖြစ်နေပြီး ပိုင်ရှင်မှာဧရာဝတီတိုင်းတိုင်းရဲမှုးကြီးမျိုးသန်းနှင့်စီးပွားရေးပါတနာတဦးဖြစ်သောတရုပ်စီးပွားရေးသမား တဦးဖြစ်သည်။

မြ၀တီအထွင် ကုန်သွယ်ရေးဇုံဗျူဟာဂိတ်တွင် ယ္ခုအခါ ငွေကြေးတောင်းခံခြင်းမပြုလုပ်တော့ဘဲတရား ၀င်အခွန်ဆောင်ထားသောကားများသာဖြတ်သန်းကြသည်။ကားပေါ်တွင်ပါသောကုန်ပစ္စည်းစာရင်းစာရွက်မိတ္တူကိုသာ ယူထားပြီး အောက်ပိုင်းမှာ ဖြစ်လာတဲ့ပြသနာကိုယ့်ဟာကိုရှင်းဟု တာဝန်ကျတဦးက ပြောကြောင်း ကားဆရာတဦးကပြောပြပါသည်။

တရားမ၀င်ကုန်တင်သောကားများမှာ မြ၀တီမှ တံတားကျိုးတိုက်ရိုက်သွားနိုင်သောပါတ်လမ်းမှမောင်း နှင်ကြကြောင်းသိရသည်။ စစ်တပ်၊ရဲ၊ထောက်လှမ်းရေးတို့မှာ ထိုပါတ်လမ်းမှသွားသောကားများကိုသာ ငွေကြေးတောင်းခံနေကြကြောင်း

ကုန်သည်တဦးက ပြောပြသည်။
ထိုသူကဆက်လက်ပြီး အခု ရဲတွေက လမ်းမှအကုန်ဖမ်းမှာ စစ်တပ်ရဲ့ အခွင့်ထူးရနေတာကိုမကျေနပ် ကြဘူး။ စားတုန်းက
တူတူစားကြပြီး ခံစရာရှိတော့ ရဲဘဲခံရတာကိုး ဟု Freedom News Group သို့ပြောပြသည်။
http://freedomnewsgroup.com/ မှ

No comments:

Post a Comment