ondragstart="return false" onselectstart="return false"

Monday, February 27, 2012

DKBA နှင့် အစိုးရတို့၏ လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေး သဘော တူညီချက်

ဘာတွေများအထူးအဆန်း ကတိတွေပေး လက်မှတ်ထိုးကြသလဲဆိုဒါ ဖတ်ကြည့်ပါတယ်။ နောက်ဆုံးဘာမှ အရေမရအဖတ်မရ ကိုယ့်ဘောင်ကို ပြန်ခတ် ကိုယ့်ခြေထောက်ကိုပြန်ချည်ထားပြီး ဗမာစစ်တပ်ကို လွတ်လပ်စွာ သွားလာခွင့်ပေးလိုက်ဒါက အံ့သြစရာကောင်းပါတယ်။ အကယ်၍ ဒီလက်မှတ်ထိုးစာချူပ်က ဒီအချက် ၇ ချက်နဲ့ သေချာခဲ့လို့ ရှိရင် ကိုယ့်လူတွေ ပါးပါးလေးနဲ့ ခံလိုက်ရပါပြီ။ အဲဒီအချက် ၇နှစ်ချက်လုံးမှာ ဗမာစစ်တပ်က မြိုင်ကြီးငူသို့လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသသို့ လည်းကောင်း၊ လုံး၀၀င် ထွက်သွား လာခွင့် မရှိကြောင်း ဆိုဒါ တစ်ခုမှမပါပဲ ဒီကေဘီအေ တပ်ဖွဲ့ ဝင်တွေကသာ ကိုယ့်နယ်မြေထဲမှာ ဟိုမသွားရ ဒီမသွားရ ပုံစံအမျိုးမျိုးနဲ့ ကန့် သတ်ထားဒါပဲရှိတယ်။ နံပါတ် (၆)မှာ "ယူနီဖေါင်းတွင် ရင်ဘတ်၊ လက်မောင်းတံ ဆိပ်များကို ကလို့ထူးဘော တံဆိပ်တပ်ဆင်၍ သွားလာခြင်းမပြုဘဲ ကြိုတင်ညှိနှိုင်း၍ ပြည်နယ်တွင်း သွားလာရန် သဘော တူသည်" အဲဒါက အရှင်လတ်လတ်နဲ့  ကရင်လူထုနဲ့ ခင်ဗျားတို့ ကို ခွဲထုတ်ပစ်လိုက်ပါပြီ။
xxxxxxxxxxxxxx

Written by ဖြူဖြူကို


DKBA နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးပုံ (ဓါတ်ပုံ - DKBA ပြန်ကြားရေး)

အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ ဒုတိယနေ့ အဖြစ် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) တပ်မဌာနချုပ်၌ ဆက်လက်ဆွေးနွေး ခဲ့ပါသည်။ ဤ ဆွေးနွေးပွဲမှ နှစ်ဖက်တပ်များ၊ နေရာ ချထားရေးနှင့် လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေးကို အောက်ပါ အတိုင်း သဘောတူညီ ခဲ့ပါ
သည်။

ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ကလို့ထူးဘောမှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။

(၁) မယ်တဝေါဒေသတွင် လှုပ်ရှားနေသော၊ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့အား၊ ဗိုလ်ချုပ်စောလားဘွယ်ဦး ဆောင်သော ကလို့ထူးဘော လက်အောက်ခံ တပ်ဖွဲ့ဖြစ်ြော့င်း သဘောတူသည်။ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတို့ တပ်ဖွဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင်၍ မြိုင်ကြီးငူသို့လည်းကောင်း၊ ပတ်ဝန်းကျင်ဒေသသို့ လည်းကောင်း၊ လုံး၀၀င် ထွက်သွား လာခွင့် မရှိကြောင်း သဘောတူသည်။

(၂) အခြားမည်သည့် ပုဂ္ဂိုလ်တဦးဦးမှ ခေါင်းဆောင်၍ လည်းကောင်း၊ လိုက်ပါ၍ လည်းကောင်း၊ မြိုင်ကြီးငူ ပတ်ဝန်းကျင်ဒေသသို့ လက်နက်ခဲယမ်း အပြည့်အစုံ ကိုင်ဆောင်၍ လိုက်ပါလာပြီး အခြေချခြင်း မပြုရန် သဘောတူသည်။

(၃) ကလို့ထူးဘော တပ်ဖွဲ့ဝင်များသည်၊ မြိုင်ကြီးငူဒေသ၀န်းကျင်တွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေးအတွက် အစိုးရ တပ်မတော်နှင့်လည်းကောင်း၊ တပ်မတော် ကွပ်ကဲမှုအောက် တပ်ဖွဲ့များနှင့် လည်းကောင်း၊ ရန်ဖက်အသွင် မဆောင်ဘဲ မိတ်ဖက်အဖြစ် ဆက်ဆံသွားရန် သဘောတူသည်။

(၄) သတ်မှတ်သည့်နေရာ၌ အခြေပြုရန် သဘောတူထားသည့် ကလို့ထူးဘော တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေး၊ စားဝတ်နေ ရေး၊ များကို အစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။

(၅) စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့ဝင်များ၊ နယ်မြေကျော်လွန်၍ သွားလာလှုပ်ရှားမှုများကို ဒေသခံ တပ်မှူးများ၊ နှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။
(၆) ဗိုလ်ချုပ်စောလားဘွယ် ဦးစီးသော ကလို့ထူးဘော တပ်ဖွဲ့ဝင်များ အားလုံး၏ ယူနီဖေါင်းတွင် ရင်ဘတ်၊ လက်မောင်းတံ ဆိပ်များကို ကလို့ထူးဘော တံဆိပ်တပ်ဆင်၍ သွားလာခြင်းမပြုဘဲ ကြိုတင်ညှိနှိုင်း၍ ပြည်နယ်တွင်း သွားလာရန် သဘော တူသည်။

(၇) တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာ တစုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက် ဖြင့်မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေရှင်းသွားရန် သဘောတူသည်။

ထို့အပြင် ကလို့ထူးဘော တပ်ဖွဲ့အား၊ ဆန်အိတ်တထောင်၊ ဆားတထောင်ပိသာနှင့် ဆီ (၅) ပုံး ပေးအပ်ခဲ့ပါသည်။ ဤတွေ့ဆုံပွဲ၌ ဒီကေဘီအေဖက်မှ ဗိုလ်မှူးချုပ် စောမိုရှေး ဦးဆောင်ပြီး၊ စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ် ဘိုဘိ၊ ဗိုလ်မှူးကြီး စောမောင်လေး ( မြ၀တီရုံး ဆက်ဆံရေးတာဝန်ခံ)၊ ဗိုလ်မှူးစောလုံလုံ၊ ဗိုလ်ကြီးစောကိုမျိုးတို့ အပါဝင် အဖွဲ့ဝင် (၇)ဦး တက်ရောက်ခဲ့ပြီး၊ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ၊ဖေါ်ဆောင်ရေးမှ ဦးအောင်သောင်း၊ ဦးဇော်ဝင်း (နယ်စပ်ရေး ရာဝန်ကြီး)၊ ဦးဇော်မင်း (ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ စောခင်စိုး (ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဖေါ်ဆောင်ရေးအဖွဲ့) နှင့်စစ် ဖက်ခေါင်းများက တက်ရောက်ဆွေးနွေးခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/1184-dkba-.html
/span>

9 comments:

Anonymous said...

Hey DKBA....you are too unacknowledged..The Burmese government will fuck you all

Anonymous said...

ထီးပြင်ကုလားလောက်တောင် လွတ်လွတ်လပ်လပ် လျှောက်သွားလို့ မရနိုင်တော့ပါလား။
ကလိုထူးဘောဝတ်စုံ မ၀တ်ရလို့ ၀မ်းမနဲကြပါနဲ့။ ကရင်ဘဲကွာ။ ကရင်ဝတ်စုံဝတ်ပြီးသွားပေါ့။ လူတွေတောင်ပိုလေးစားလာကြမှာပါ။
ဒါပေမယ့် ကရင်ဝတ်စုံဝတ်ပြီး မျက်ခွက်က မိုက်ကန်းကန်းနဲ့ဆိုရင်တော့ မဖြစ်ဘူး။

Anonymous said...

sorry my brother (even you added 7 of them were not in the great 10.they are honour slave and very cheerfully slave. ofcourse you can not talk talk to them with karen language,they don't even understand humanbeing language.what the pitipul (dkba)your life (tha nar let ta naw, let ko ben).

Anonymous said...

Oh... oh... khu,,,, khu,,, khu,,, (nar let ta naw)actually they have to say this seven slavery agreement to spdc but more than that they just agree to tire their own head with long rope. (ka yin , ka yin taw taw aah ba lar), the most intellenges a karen is not clever than a crazy burmese.

Anonymous said...

sorry i forget they really hungary, so they ching the slivery agreement with 1,000 pacake of rice, 1,000 pound salt and cooking oil( o thu don't eh lat htit nga nay ba lar, tha nar sayar gyi).

Anonymous said...

ဆင်ဖမ်းမယ် ကျားဖားမယ်နဲ့  တပ်မတော် သားတွေလီးပဲစုပ်ကြတော့ မင်းတို့ ကောင်တွေ ဟားဟား

Anonymous said...

ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ဒီရန်သူတွေရဲ့ပြသာနာတွေကို ခြုံပြီးကြည့်လိုက်ရင်တော့ ရန်သူတွေက ဓုဒယ်ကြီးသလောက်
အဲလောက်လဲမတော်ပါဘူး...ကျွန်တော်တို့တိုင်းရင်းသားတွေကသာသတ္တိအရမ်းပြောင်ပြီး
မလိုအပ်တဲ့နေရာမှာအရမ်းပြော့ ညံ့ အ သွားတာလို့ပြေားရတော့မှာပဲ..
စစ်ရေးအရပြောရရင်တော့၊ ရန်သူကိုတော်လှန်တဲ့နေရာမှာကျွမ်းကြင်
သလောက် ရန်သူကိုလည်းဘယ်သောအခါမှမကြောက်တတ် အရှုံးမပေးချင်
အညံ့မခံတတ်တဲ့သတ္တိက စည်းမရှိကမ်းမရှိ ကောင်းနေတဲ့သတ္တိပဲ။ဆိုလိုချင်တာ လိုအပ်ရင်တလှမ်းဆုတ် အားယူပြီးပြန်ထိုးပေါ့။
နိုင်ငံရေးမှာလည်းသမိုင်းနဲချီပြီးပြောရင် နိုင်ငံရေးဇာတ်သိမ်းလုနီးပါ အခါတိုင်း
ပြည်သူလူတုတွေကို ရန်ကုန်မြို့ကရန်သူ့စက်ရုံကြီးကထုတ်လုပ်တဲ့ ဆားခဲတုံးအကြီးကြီးနဲ့ သွားကြဲ အောင်လူတုကိုကြွေးပြီး ရေတလုပ်တောင်မပေးသောက်နိုင်ပဲဒီအတိုင်အဆုံးသပ်သွားတာချီးပဲ။ကြာလာတော့လဲတချို့မျိုးချစ်တွေအသည်းခြောက်ပြီး
မျိုးချစ်အသည်းခြေက်ရောဂါနဲ့ဆုံးပါးသွားကြတယ်၊ရန်သူနှင့်ဆွေးနွေးမှုပြုလုပ်တဲ့အခါတိုင်းအဆုံးသတ်မှာပြန်ကြည့်လိုက်ရင် ကွယ်လွန်သွားကြတဲမျိုးချစ်ရဲဘော်တွေအပေါ်သစ္စာမဲ့နေကြသလိုခံစားမိတယ်။ဘာဖြစ်လဲဆိုတော့ ဆွေးနွေးမှုတိုင်းမှာရန်သူက
လိုချင်တာအရယူလက်မှတ်ထိုး၊ကျွန်တော်တို့ဘက်ကလည်းဆွေးနွေးပွဲမှာပဲတခါတည်းလက်မှတ်ထိုးတဲ့အကျင့်
ကျွန်တော်တို့ဘက်ကတောင်ဆိုတာရန်သူက လည့်ပတ်သွယ်ဝိုက်ပြီးပေါသေးသေးလေးကိုင်တွယ်တတ်တာ။
်သေသွားတဲ့ရဲဘော်တွေကျွန်တော်တို့ကိုစိတ်များမနာနေဘူးလား။
အကြံပေးချင်တာကတော့ ဆွေးနွေးပွဲတိုင်းကိုဗဟိုမှာပြန်လာပြီးအသေချာအပြန်လှန်ဆွေးနွေးအခိုင်အမာဆုံးဖြတ်ပြီးမှလက်မှတ်ထိုးသင့်တယ်။ဆွေနွေးမှုအပေါ်လက်မှတ်ကိုကိုယ်လိုရာကိုယ့်ဆုံးဖြတ်အတိုင်းမထိုးစေချင်ပါ။အများပြည်သူနဲတိုင်ပင်ပြီးအခြေခံကျဆုံးအချက်တွေကိုပဲ
လက်မှတ်ထိုးစေချင်တယ်။ရန်သူနှင့်အပစ်ခတ်ရပ်စဲရေးမရခဲသည်ဖြစ်စေ ရခဲ့သည်ဖြစ်စေ ရန်သူကိုရန်သူလိုပဲသဘောထားကြပါ။
ရန်သူကိုမနွက်ပြစေချင်ကြနဲ။သေသွားတဲ့ရဲဘော်တွေကနွက်လို့သေတာမဟုတ်ရပါဘူး အမျိုးသားတွေအပေါ်ရဲရင့်တဲ့သွေးသစ္စာပြသသွားခဲတာ။
DKBA နှင့်ရန်သူတို့ယခုလက်မှတ်ထိုးမှုအပေါ် တခြားသောအချက်တွေကဘာအရသာမှမရှိသလို နှံပတ် (၄) အချက်ကတော့ ပြည်သူလူတုတွေကိုမလေးစားတော့သလိုပဲခံစားမိတယ်။ရန်သူကပေးတဲ့အဆိတ်လက်ဆောင်တွေကို ၁၅နစ် ကျော်
သုံးဆောင်စားသောက်လာခဲပြီးပြီပဲ ဆင်းရဲဒုက္ခကြားကပြည်သူလူတုတွေရဲ့တတ်နိုင်သလောက်ကြွေးမွေးအားပေး
ထောက်ခံခဲ့တဲ့အရာမှန်သမျှညီအစ်ကို DKBA တိုအတွက်မဖူလုံနိင်ခဲ့တောင်မှတန်ဖိုးတော့ထားသင့်တယ်။ပြည်သူတွေဟာမှန်ကန်တဲ့တော်လှန်ရေတွေဘက်မှာအမြဲတည်ရှိနေတယ်။မည်သူမဆိုတည်းကြည့်ခေါက်ကြည့်ရင်မျိုးချစ်စိတ်ဆိုတာ
အခြေနေအရ အပြင်အထိမပွင့်အံနိုင်ရင်တောင် အတွင်းစိတ်မှာ ပွက်ပွက်ကလေးအမြဲဆူနေတာလက်ခံပါ။တနိုင်ငံလုံးမှာရန်သူတွေကြီးပဲရှိ
နေတာမဟုတ်ဘူး ပြည်သူလူတုတွေရှိသေးတယ်။

ကျဆုံးသွားတဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့ရဲဘော်တွေအပေါ်သစ္စာမမဲ့
ကြပါနဲ့။ပြည်သူလူတုကိုလဲရန်သူတွေလိုမထီလေးစားမပြုမိစေချင်ပါနဲ့။
Saw Hsapree

Anonymous said...

shit!!i thought these guy are look like really clever and smart.But they are not.(military art without polities is like a tree without a root.)so burma can kick you out very easy.is there no one who clever,smart,philosophical parson and politician in DKBA?don't be stupit DKBA.i know they(BURMA) really does't have a true and good heart on you.if the burma try to kick you out you can't standing without KNU.so i think you need to negotiation with KNU or karen people.so we want you to thinking very carefully before you decided something.these 7 agreement you had signed is the rope that tied up your self .you don't need to fighting BURMA hard men.you just need to be fighting smart.and don't be affraid and negligent .the wholw world and karen people are watching to you.no one can abused you unless you let it be.

Anonymous said...

rice,salt and cooking oil?????????Be carefull my brother.Burma got a high technique from china,russia and north corea to kill the people who against them.so make sure before you all eat their rice,salt and cooking oil.your rice could be plastic rice and your salt and oil could mix with poison.so you all can did in unpeace full.

Post a Comment