ondragstart="return false" onselectstart="return false"

Wednesday, October 7, 2009

မဲပေးဖို့နီးလာလို့ မြန်မာနယ်စပ်မှာ တိုက်ခိုက်မှုတွေ ပိုများလာဖို့ရှိ

အောက်တိုဘာ ၇၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)

မြန်မာပြည်မှာ နောက်နှစ် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် တိုက်ခိုက်မှုတွေပိုများလာပြီး ဒီရဲ့အကျိုးသက်ရောက်မှုက နယ်စပ်ကို ရောက် လာခြေရှိတဲ့အတွက် ဒါကိုကာကွယ်ဖို့ ထိုင်းနယ်စပ်ကို နီးနီးကပ်ကပ်စောင့်ကြပ်ဖို့ လိုတယ်လို့ အမျိုးသားထောက်လှမ်းရေးဌာန၊ အကြီး အကဲဟောင်းက ပြောဆိုပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည်ထဲမှာ ဖြစ်လာနိုင်စရာရှိတဲ့ ပဋ္ဋိပက္ခတွေနဲ့ချိမ်းခြောက်မှုတွေကို တုန့်ပြန်ဖို့ဆိုရင် ထိုင်းနိုင်ငံရဲ့နယ်စပ် လုံခြုံရေးကို ပိုကောင်းအောင်ပြင်ဆင်သင့်တယ်လို့ ကာကွယ်ရေးဌာန ဒု-အတွင်းရေးမှူး ဟောင်းဖြစ်သူ Vaipot Srinual က လည်း တမြန်နေ့က ပြောဆိုလိုက်ပါတယ်။

“ဒါဟာ ကျနော်တို့အိမ်နီးခြင်း နိုင်ငံမှာ ဖြစ်လာမှာတွေနဲ့ပတ်သက်ရင် ကျနော်တို့ဘက်က အခုပဲလုပ်ရမယ့် လုပ်နိုင်စွမ်းနဲ့ လုပ်ပိုင်ခွင့် တွေပဲ ဖြစ်တယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကျနော်တို့အိမ်နီးခြင်းနိုင်ငံက ပိုမိုသဘောပေါက် လက်ခံဖို့အတွက် အာဆီယံဒေသတွင်း ဆွေးနွေးပွဲတွေနဲ့ နိုင်ငံတော်အဆင့်မဟုတ်တဲ့ တခြားခေါင်းဆောင်တွေလို ယန္တရားတွေက တဆင့် လုံခြုံရေး ဆိုင်ရာဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်ဖို့လည်း ကျနော်တို့အနေနဲ့ လိုအပ်ပါတယ်” လို့ ဗိုလ်ချုပ်ကြီး Vaipot က ပြောပါတယ်။

လုံခြုံရေးအဖွဲ့အစည်းနှင့်အပြည်ပြည်ဆိုင်ရာလေ့လာရေး အဖွဲ့က ချူလာလောင်ကွန်း တက္ကသိုလ်မှာ ဦးစီးကျင်းပတဲ့ “မြန်မာပြည်နဲ့ ပတ်သက်သည့် ထိုင်းနိုင်ငံ၏ အနေအထား၊ အခန်းကဏ္ဍနဲ့မူဝါဒ” ဆိုင်ရာ အစည်းအဝေးတခုမှာ ဗိုလ်ချုပ်ကြီး Vaipot ဟာ တမြန်နေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးရရှိရေး ချဉ်းကပ် လုပ်ဆောင်တာတွေအပါအ၀င် မြန်မာပြည်ရဲ့အဓိကပြဿနာ တွေကို ပြည်တွင်းမှာသာ ဖြေရှင်းသင့်တယ်လို့ သူက ပြောဆိုပါတယ်။ ထိုင်းနိုင်ငံအပါအ၀င် အပြင်ကလူတွေက ဒီကိစ္စတွေအပေါ်မှာ ဖိအားပေးတာ၊ တွန်းတာတွေ မလုပ်ဘဲ မြန်မာပြည်ကို အကူအညီပေးဖို့ အရန်အသင့်အနေအထားမှာသာ ရှိနေသင့်တယ်လို့ သူက ပြောဆိုပါတယ်။

မြန်မာပြည်တွင်းမှာနိုင်ငံကြီးတွေရဲ့ ပါဝင်ကစားလာတဲ့ အခန်းကဏ္ဍဟာ တိုးမြင့်လာနေတဲ့အတွက် ဒီသက်ရောက်မှုတွေကို ထိုင်းနိုင်ငံနဲ့ ဒေသတွင်းကတခြားနိုင်ငံတွေအနေနဲ့ တာဝန်ထမ်းပိုးယူရမှာ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ အောက်က နယ်စပ်ဒေသလုံခြုံ ရေးရာဗျူရို၊ ညွှန်ကြားရေးမှူး၊ Bhornchart Bunnag က ပြောပါတယ်။

“လုံခြုံရေး၊ စီးပွားရေး၊နဲ့နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ မြန်မာ ပြည်အတွင်းသြဇာလွှမ်းမိုးမှု ဒါမှမဟုတ် သြဇာလွှမ်းမိုးမှုတိုက်ပွဲက ထိုင်းနိုင်ငံအပေါ် သက်ရောက်မှာ ဖြစ် တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့နဲ့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ မြန်မာ ပြည်အကြား စီးပွားရေးလုပ်ငန်းတွေ ပိုကောင်းလာတဲ့အပေါ်ကနေ အကျိုးအမြတ်တွေ ခံစားရဖို့ ကောင်း ကောင်းပြင်ဆင်ထားသင့်တယ်။” လို့ Bhornchart က ပြောဆိုပါတယ်။

ထိုင်းနိုင်ငံဟာ စွမ်းအင်လိုအပ်ချက်တွေအတွက် မြန်မာပြည်အပေါ်မှာ အကြီးအကျယ် မှီခိုနေရတယ်။ ဒါဟာ အဲဒီနိုင်ငံမှာ ဒီမိုကရေစီရရှိရေးတောင်းဆိုဖို့ လိုအပ်နေတယ် ဆိုတာနဲ့ ပြောင်းပြန်စဉ်းစားဖို့ လိုလာတာ ဖြစ်တယ်လို့ Bhornchart က ပြောပါတယ်။

“အခုဆို စွမ်းအင်လိုအပ်ချက်ရဲ့ ၂၀% ကျော်ကို ကျနော်တို့အိမ်နီးခြင်းနိုင်ငံအပေါ် မှီခိုနေရတာ ဖြစ်လို့၊ ဒီနိုင်ငံနဲ့ကျနော်တို့ဆက်ဆံရေး ကို မဖြေရှင်းနိုင်ဘူးဆိုရင်၊ အန္တရာယ်ဖြစ်မယ့်အကြောင်းအချက်တချို့ ရှိတဲ့အတွက် ကျနော်တို့အနေနဲ့ ပိုပြီးတည်ငြိမ်ပြီး မျှတတဲ့ ချဉ်း ကပ်မှု လုပ်ဖို့ လိုအပ်လာတယ်” လို့ သူက ပြောဆိုပါတယ်။

ဒီနှစ်အတွင်းမှာ အာဆီယံဥက္ကဋ္ဌတယောက်အနေနဲ့ဆို ထိုင်းနိုင်ငံဟာ မြန်မာပြည်နဲ့ဆက်ဆံရေးမှာ အားနည်းပါတယ်။ ဒါပေမဲ့ ဒေသ တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအနေနဲ့ အခုလို အလားအလာကို ရပ်မပစ်သင့်ပါဘူးလို့ အာဆီယံ ပါလီမန်တွင်း မြန်မာ့ အရေး သီးသန့်ဆွေးနွေးမှုအဖွဲ့ ဥက္ကဋ္ဌ၊ Kraisak Choonhavan က ပြောဆိုပါတယ်။

တကယ်လို့ မြန်မာအစိုးရကို အာဆီယံရဲ့ကိုယ်စားပြောရေးဆိုခွင့်ရှိသူအဖြစ် ခွင့်ပြုလိုက်မယ်ဆိုရင်၊ “အတိုက်အခံ အားလုံး ပါဝင်ခွင့် မရတဲ့၊ ယုံကြည်စရာမရှိတဲ့ရွေးကောက်ပွဲတခုကို အသိအမှတ်ပြုဖို့အတွက် အာဆီယံအနေနဲ့ မရှောင်မလွှဲသာတဲ့ အနေအထား ရောက် လာမှာ ဖြစ်တဲ့အတွက်ကြောင့် ၂၀၁၀ ခုနှစ်မှာ ဒေသတွင်းအဖွဲ့အစည်း တခုဟာ ဂုဏ်သိက္ခာအရ အောက်ဆုံးအဆင့်အတန်းထိ ကျသွား မှာ ဖြစ်တယ်” လို့ သူက ပြောဆိုပါတယ်။

မြန်မာပြည်အပေါ်ချမှတ်ကျင့်သုံးနေတဲ့ အနောက်နိုင်ငံတွေရဲ့မူဝါဒတွေနဲ့ယှဉ်ရင် ထိုင်းနိုင်ငံရဲ့မူဝါဒတွေက ကွဲကွဲပြားပြား ဖြစ်သင့် တယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်၊ အာရှလေ့လာရေးဌာန၊ ညွှန်ကြားရေးမှူး Sunait Chutintaranond က ပြောဆိုပါတယ်။
နေ့ သစ်သတင်းမှရယူသည်။

No comments:

Post a Comment