ondragstart="return false" onselectstart="return false"

Saturday, October 17, 2009

တောင် -မြောက် ကိုရီးယား ၂နှစ် နိုင်ငံ၏ မိသားစု ပြည်လည် ပေါင်းစည်းရေး

သမိုင်းနှင့်ချီ၍ မြောက်နဲ့ တောင်ကိုရီးယား တို့ ၏ မတူညီတဲ့စနစ် နှစ်ခုကြောင့် ခံနေရတဲ့ သားကောင်တွေဟာ သာမန်ကိုရီးယားလူထုပါ။ ဒါပေမယ့် ခုချိန်မှာ နှစ်ဖက်အာဏာပိုင်တွေက အတ္တတွေကို ချေဖျက်သင်ပုန်းချေ ပြီး အဓိပါယ်ရှိဒါတွေ လုပ်ဆောင်နေကြပါပြီ။ ငါတို့ ဗမာနိုင်ငံမှာတော့ နအဖ မဟာဗမာဝါဒီ တွေဟာ စစ်အာဏာရှည်တည်မြဲရေးအတွက် တိုင်းရင်းသားလူမျိုးစုတွေကို ခွဲထုတ်၍ရသမျှ ခွဲထုတ်ပြီး သွေးခွဲနေပါသည်။

ကရင်လူမျိုးအတွင်းမှာလည်း ကရင်လူမျိုးတွေကို မျက်နှာအိုးမဲသုတ်ပြီး ပေးသတ်ခိုင်းနေပါသည်။ အခြေခံပညာ အားနည်းနေတဲ့ ကျေးလက်နေ ကရင်လူထုတွေကို စနစ်တကျ အသုံးချပြီး ဒီကေဘီအေ ဆိုတဲ့ အဖွဲ့ အစည်းတစ်ခုပေါက်ပေါ်လာအောင်ဖန်တီးပြီး ကရင်အချင်းချင်း ပေးသတ်ခိုင်းပါတော့တယ်။ အမျိုးသားရေးအသိ နိုင်ငံရေးအသိအင်မတန်မှအားနည်းတဲ့ ဒီကေဘီအေ တို့ ဟာ ကိုယ့်အမျိုးသားခေါင်းဆောင်ကို ပြန်လုပ်ကြံရအောင် နအဖ မဟာဗမာဝါဒီ ဗမာ့စစ်တပ်က ခိုင်းတဲ့အတိုင်း လိုက်လုပ်နေဒါ ကို တွေ့ နေရဒါ မကပဲ ကရင်လူထုကို လည်းနည်းမျိုးစုံနဲ့ ပြန်ပြီးဒုက္ခပေးနေပါသည်။ ဒါတွေအားလုံးရဲ့ တရားခံနံပါတ်တစ်ဟာ မဟာဗမာဝါဒီ နအဖ စစ်အုပ်စုပါပဲ။ ဒါပေမယ့်ဒီလိုတိုင်းရင်းသားတွေကို သွေးခွဲပြီး အာဏာတည်မြဲရေးအတွက် အသုံးချတဲ့ နည်းဗျူဟာ ရေရှည်မှာ တည်တံ့မခိုင်ခန့် နိုင်ဘူးဆိုဒါ နအဖ စစ်အုပ်စု ကို အသိပေးလိုပါသည်။ နောင်တချိန်မှာ အသုံးချခံရတဲ့လူတွေ ဟာ ကိုယ့်ကိုယ်ပြန်လည် သိမြင်လာကြရင် ဒီအတွက်မင်းတို့ လှလှကြီး ပြန်ပေးဆပ်ကြရမှာပါ။ ချစ်သော ဒီကေဘီအေ ညီအစ်ကို အပေါင်းတို့  ယခုအချိန်ဟာ အရေးကြီးတဲ့အချိန်ကာလ တစ်ခုပါ။ နအဖ ရဲ့ ၂၀၁၀ ရွေးကောင်ပွဲ နဲ့  နယ်ခြားစောင့်တပ်ကိစ္စဟာ ဒီကေဘီအေကို ဖျက်ဆီးနေယုံမက ပဲ ကရင်တမျိုးသားလုံး နဲ့  တစ်တိုင်းပြည်လုံးကို ဖျက်စီးပြီး တသက်လုံးစစ်ကျွန်ဘ၀ သို့ သွတ်သွင်းနေဒါပါ။ အရေးကြီးနေပြီမို့ သွေးနီးချိန်တန်ပါပြီ။ အခြေအနေမှန်ကို မှန်ကန်စွာသုံးသပ်ပြီး ဘေးပြောဒါကို မယုံပဲ သွေးပြောဒါကို ယုံဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း နှင့် မိခင်အစည်းအရုံး ကေအဲန်ယူနဲ့ အမြန်ဆုံးပြန်လည်လက်တွဲပြီး စစ်အာဏာရှည်ကို အတူတကွ တွန်းလှန်ရန် တိုက်တွန်းလိုပါသည်။

တောင် -မြောက် ကိုရီးယား ၂နှစ် နိုင်ငံ၏ မိသားစု ပြည်လည် ပေါင်းစည်းရေး လူထုအွန်လိုင်း ဂျာနယ်မှ

မြောက်ကိုရီးယား နှင့် တောင်ကိုရီးယား နိုင်ငံများရှိ စစ်အတွင်း ကွဲကွာ သွားသော မိသားစုများ ပြန်လည် တွေ့ဆုံရေး ဆွေးနွေးပွဲကို စတင် ကျင်းပနေပြီ ဖြစ်သည်။

ကေဆွန် မြို့တွင် ကျင်းပ ပြုလုပ်သော ဆွေးနွေးမှုများ အတွင်း တောင် ကိုရီးယား က နိုဝင်ဘာလ နှင့် ဖေဖော်ဝါရီလ များတွင် နောက်ထပ် မိသားစုချင်း ပြန်လည် ပေါင်းစည်း တွေ့ဆုံခွင့် ပေးရေး ဆွေးနွေးပွဲများ ကျင်းပခွင့် ရရန် တောင်းဆိုသွားမည် ဖြစ်သည်။

ကိုရီးယား နှစ်နိုင်ငံ တို့သည် ဆွေးနွေးပွဲများ ကျင်းပနေစဉ် အတွင်း မြောက်ကိုရီးယား က ၎င်းတို့၏ အင်ဂျင်း မြစ်ပေါ်ရှိ ရေလှောင်တမံ များကို မဆင်မချင် ဖောက်ချ လိုက်ခြင်းကြောင့် တောင်ကိုရီးယား လူမျိုး (၆)ဦးတို့ သေဆုံး သွားခြင်းကို တောင်းပန်စကား ပြောကြားခဲ့သည်။

တောင်ကိုရီးယားက မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် ဆန်စပါးနှင့် ဓာတ်မြေဩဇာ ကဏ္ဍအတွက် အထောက်အပံ့များ တောင်းခံ လာမည်ဟု မျှော်လင့်လျှက် ရှိသည်။ နှစ်နိုင်ငံ ဆွေးနွေးမှုများ အခြေအနေ ကောင်းမွန်ကြောင်း ကေဆွန်ရှိ ဆွေးနွေးပွဲ တာဝန်ခံ များက အတည်ပြု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားတို့ လက်နက် စမ်းသပ်မှုကို တုန့်ပြန်သည့် အနေနှင့် တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် က ထောက်ပံ့မှုများ ရပ်ဆိုင်း လိုက်ပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ ပေါ်ပေါက် ခဲ့သော်လည်း ယခုအခါတွင် တစထက်တစ ဆက်ဆံရေး တိုးတက် လာနေကြောင်း သိရှိရသည်။

ယခုကဲ့သို့ ကွဲကွာသွားသော မိသားစုများ ပြန်လည် တွေ့ဆုံသည့် အခမ်းအနားကို မကြာခဏ ကျင်းပပေးရန် တောင် ကိုရီးယားက ဆန္ဒရှိနေပြီး ထိုသူ အများစုသည် ယခုအခါ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သဖြင့် မိသားစုဟောင်း များနှင့် အမှတ်တရ တွေ့ဆုံခွင့် ပေးစေလိုကြောင်း မြောက် ကိုရီးယားအား ပန်ကြားထားသည်။

No comments:

Post a Comment