ondragstart="return false" onselectstart="return false"

Tuesday, October 20, 2009

ဒီကေဘီအေ နှင့် ကေအဲန်ယူတပ်ဖွဲ့  ပြန်လည်ပေါင်းစည်းရေး ဆွေးနွေး

ကရင်အမျိုးသားအပေါင်းတို့ အတွက် သတင်းကောင်းလေးတပုဒ်ပါ။ ပြည်တွင်းပြည်ပ ကမ္ဘာ တ၀န်း ကရင်တမျိုးသားလုံး တောင့်တ နေတဲ့သတင်း မျိုးပါ။ ဒီသတင်းဟာ ဘယ်လောက်မှန်ကန်သလဲဆိုဒါ ပို့ စ် တင်သူ ကိုယ်တိုင် အတည်မပြုနိုင်သေးပါ။ ဆက်လက် စုံစမ်းနေဆဲပါ။ သို့ ပေမယ့်လည်း မျော်လင့်ချက်များစွာနဲ့  ဒီသတင်းလေးအမှန်ဖြစ်စေချင်ပြီး ၀မ်းသာအားရစွာဖြင့် ကြိုဆိုချင်ပါသည်။



တဆက်တည်းမှာပဲ ကျွန်ပ်တို့ ကရင်တမျိုးသားလုံး ယခုအချိန်မှာ နိုင်ငံရေးအသိ နဲ့ အမျိုးသားရေးအသိ နိုးကြား စွာ ရှိစေချင်ပါသည်။ ဒီလိုသတင်းမျိုးဟာ မှန်ကန်ခဲ့ရင် နအဖ စစ်အစိုးရအတွက် အူနုကို ကျွဲချိုခတ်မိသလို ဖြစ်နေပေမည်။ ထိုနည်းလည်းကောင်း ဒီကေဘီအေ တပ်တွင်း စည်းစိမ်ယစ်မူးနေတဲ့ တပ်မှူးတချို့ လည်း ကြိုက်ကြမှာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ ရဲ သြဇာ လုပ်ပိုင်ခွင့် တစ်စုံတရံ့ လျှော့သွားနိုင်သည် ဟု တွေးပြီး ကန့် လန်ကာ နောက်ကွယ်မှာ နအဖ တပ်တွေနဲ့  ဆက်လုပ်ရှားနေပါအုံးမည်။

တဖက်မှာ စဉ်းစားစရာတစ်ခုက နအဖတပ်တွေဟာ မြောက်ပိုင်းဒေသကို စစ်ဆင်နွဲချင်နေ ၍ တောင်ပိုင်း မှာ အဓိက နိုင်ငံတကာ ကိုအ၀င်ဆန့် ၍ အခရာကျတဲ့ ကေအဲန်ယူ ကို ဒီကေဘီအေ နဲ့ ပြန်ပြီးမျှားယူ၍ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံဖို့ ကေအဲန်ယူကို စည်းရုံးနိုင်ရန်အတွက် ဒီကေဘီအေ နှင့် ကေအဲန်ယူ ဆွေးနွေးမှူကို နအဖ စစ်အုပ်စု က မသိချင်ယောင် နေချင်လည်းနေပေ လိမ့်မည်။ ပြီးမှ နောက်ပိုင်းကျရင် ပုံစံတမျိုးဖန်တီးပြီး ကေအဲန်ယူကို ပြန်စစ်ဆင်မည်စသည်ဖြင့် တွေးစရာများရှိနေပါသည်။ မည်သို့ ဖြစ်စေ ပင်ယခုအချိန်မှာ နအဖ စစ်အုပ်စု ကိုဘေးဖယ်၍ ဒီကေဘီအေ နှင့် ကေအဲန်ယူ တို့  ကရင့်အမျိုးသားရေး ကိုရှေ့ တမ်းတင်ပြီး ဆွေးနွေးကြရပါမည်။ ဘေးပြောဒါကို မယုံပဲ သွေးပြောဒါကို ယုံဖို့  ချစ်သောညီအစ်ကို ဒီကေဘီအေ တို့  သဘောပေါက်ချိန်တန်ပါပြီ။ ဒီကေဘီအေ အနေဖြင့် နအဖ လက်ကိုင်တုတ်ဘ၀မှ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ရုန်းတွက် မလဲဆို ဒါ ဆက်လက် စောင့်ကြည့်ကြပါစို့ ။



No comments:

Post a Comment