ondragstart="return false" onselectstart="return false"

Wednesday, October 21, 2009

ကိုယ့်ကရင်အချင်းချင်း ရန်ဖြစ်အောင် ဖန်တီးသူ၊ ကိုယ့်ကရင်တမျိုးသားလုံး မျိုးတုန်းအောင် ကြံစည်တဲ့လူဟာ ကရင်တမျိုးသားလုံးရဲ့ အဓိက ရန်သူဖြစ်သည်

အောက်ပါဆောင်းပါးသည် အီးမေးမှတဆင့်လက်ခံရရှိပါသည်။ ပေးပို့ လာသူ စောကလိုကွယ်အား အထူးကျေးဇူးတင်ရှိပါကြောင်း သောသီခိုမှ မှတ်တမ်းတင်အပ်ပါသည်

21 Oct 2009

ကိုယ့်ကရင်အချင်းချင်း ရန်ဖြစ်အောင် ဖန်တီးသူ၊ ကိုယ့်ကရင်တမျိုးသားလုံး မျိုးတုန်းအောင် ကြံစည်တဲ့လူဟာ ကရင်တမျိုးသားလုံးရဲ့ အဓိက ရန်သူဖြစ်သည်

အမှန်ပြောရရင် ဒီကေဘီအေ တပ်သားသစ်ကောက်ခံရေးမှာ တပ်ရင်းအင်အား တိုးချဲ့ပြီး BGF ဖြစ်ရေးဘဲ ဖြစ်တယ်၊ နောက် KNU ကို ဖြိုခွဲချေမှုန်းရေးဘဲ ဖြစ်တယ်၊ DKBA နှင့် KNU ပေါင်းစည်းရေးမှာ နအဖ မကြိုက်ဘူး၊ လုံးဝလည်း ဆန္ဒမရှိဘူး၊ DKBA ကလည်း BGF တချို့  ဖြစ်ချင်သလို၊ KNU နှင့် နားလည်မှု တချို့  ယူချင်သည့် အနေအထား အခြေအနေမှာ ရှိနေတယ်၊

အဖွဲ့ အစည်း ၂ ခု တွေ့ ဆုံမှု ကြားမှာလည်း နောက်ကွယ်မှာ နအဖ က နည်းပရိယာယ် ကြွယ်စွာနဲ့  အသုံး ချသွားမှာ ဖြစ်တယ်။ ဒါဟာ နအဖ စစ်အာဏာရှင်တို့ ၏ ဆေးနည်းတခုဖြစ်တယ်၊ DKBA နှင့် KNU ပဋိပက္ခ မဖြစ် ဖြစ်အောင်လုပ်မှာဘဲ၊ နအဖ အလိုကျ DKBA ကို မြောက်စားမယ်၊ အသုံးချမယ်၊ ငွေကို ပုံအောကြီး ပေးမယ်။

KNU နှင့် နားလည်မှု ရမည့် DKBA ခေါင်းဆောင်များကို နအဖ က လုပ်ကြံမယ် တနည်းမဟုတ် တနည်းနည်းပေါ့၊ ဒါဟာ KNU က လုပ်သယောင်ယောင်နဲ့  ဟန်ပြပြီး လူမျိုးချင်းတူ ဖားဖားချင်း ငါးငါးချင်း ၀ါးမျိုသလို လုပ်မယ်၊ အမြတ်ကတော့ နအဖ ဘဲ လက်ပိုက်ပြီးတော့ ပီတိဖြစ်နေမှာဘဲ။

ကရင်တမျိုးသားလုံးက ၀မ်းသာချင်းများစွာ စောင့်မျှော်နေသော်လည်း ဆန္ဒမပြည့်စုံဘဲ ဖြစ်နေကြဦးမယ် ဖြစ်တယ်၊ ဘာကြောင့်လည်း ဦးသုဇနမှာ DKBA အားလုံးအပေါ် သြဇာမညောင်းတော့ပါဘူး၊ နောက် တချက်က DKBA ဟာ နအဖ ဖွဲ့ စည်းပေးလိုက်တဲ့ အဖွဲ့ အစည်းဖြစ်တယ်၊ ဒါကြောင့် ကရင်အမျိုးသားများ စည်းလုံးညီညွတ်သွားမှာကို နအဖ စစ်အာဏာရှင်တွေက အလွန်စိုးရိမ်ဆုံး ဖြစ်သည့်အရာဖြစ်ပါတယ်၊ နောက်တခုကတော့ KNU အစည်းအရုံးဟာ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့် ကျင်တဲ့အဖွဲ့ ဖြစ်နေတော့ ရွေး ကောက်ပွဲမတိုင်ခင် KNU ကို အပြတ်ချေမှုန်းဘို့ကိုလည်း စစ်ဆင်ရေးမှာ ချထားပြီးဖြစ်ကြောင်း အဲဒါ ကြောင့်မို့  DKBA အတွက်ဟာ ရွေးစရာ လမ်း နှစ်လမ်းဘဲ ရှိတယ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ချီတက်မလား၊ သို့ မဟုတ် နအဖ ၏ လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် နွားနားဖားကြိုးတပ်ထား သလို ဆွဲလေရာသွားတဲ့လမ်းကို ရွေးမလား...........။

ကျွန်ုတို့ ကရင်အမျိုးတသားလုံး ကျွန်ဘ၀ကနေလွတ်မြောက်ဖို့ အဖိနှိပ်ခံဘ၀ကနေလွတ်မြောက်ဖို့အတွက် ကိုယ့်ကိုယ်ကို ကရင်မှန်းသိရင် ကျွန်ုပ်တို့ ကရင်တမျိုးသားလုံး လွတ်မြောက်ဘို့ အတွက် ကျနော်တို့  ဘာဆက် လုပ်ရင် ကောင်းမလဲ..?။

မတရားအုပ်စိုးနေတဲ့ နအဖ စစ်အာဏာရှင် စနစ်အောက်မှာ ငုတ်တုတ် ထိုင် နေကြမလား၊ အဲဒါ ကျနော် တို့  ကရင်အမျိုးသားတဦးချင်းစီရဲ့ ဆုံးဖြတ်ရမယ့် ဆုံးဖြတ်ချက်ဘ၊ဲ တမျိုးသားလုံးလွတ်မြောက်ဖို့  အတွက် ညီညွတ်ရေးကို လိုလားသည် မလိုဘူး ဆိုတာ ကျနော်တို့ ကရင်တမျိုးသားလုံး ၀ိုင်းဝန်းပြီးတော့ စဉ်းစားကြ စေချင်သည် ........။

စောကလိုကွယ်

No comments:

Post a Comment