ondragstart="return false" onselectstart="return false"

Wednesday, October 28, 2009

စစ်မှန်သော ငြိမ်းချမ်းရေးသို့ ခြေတလှမ်း

အောက်ပါ စာစုလေးဟာ အီးမေးမှ တဆင့် လက်ခံရရှိပါသည်။ ပေးပို့ လာသူ စစ်ငြိမ်းချမ်းအား Tံhaw Thi Kho Team မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။


စစ်မှန်သော ငြိမ်းချမ်းရေးသို့ ခြေတလှမ်း

၂၈ အောက်တိုဘာ ၂၀၀၉

မကြာသေးခင်ရက်များအတွင်းက မြိုင်ကြီးငူဆရာတော်ဦးသုဇန ဦးဆောင်သော ငြိမ်းချမ်ရေးဆွေးနွေးပွဲတရပ် တပ်မဟာ (၆)နယ်မြေတွင် ပြုလုပ်ခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုကျော် အချင်းချင်း အပြန်အလှန် သတ်ဖြတ်နေကြသည့် အနိဋ္ဌာရုံများ ပျောက်ကွယ်ချုပ်ငြိမ်းမည့်လမ်းစ အဖြစ် ဝမ်းမြောက်ဝမ်းသာ စောင့်ကြည့်နေကြသူ အများအပြားပင်။ တစ်ဖက်တွင် အပစ် အခတ်ရပ်စဲ၍ အခြားတစ်ဖက်တွင်မူ ယခင်မိမိတို့ အတူတကွနေထိုင်ခဲ့ကြသူများနှင့် ရန်သူသဖွယ်ဖြစ်သွားရခြင်းသည် စစ်မှန်သော ငြိမ်းချမ်းရေး မဟုတ်ကြောင်း ခံစားမိသူများ တနေ့ထက်တနေ့ တိုးပွားလာ၍ဖြစ်သည်။ ဤအလွတ်သဘော ဆွေးနွေးပွဲမှ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာရန်လည်း မျှော်လင့်စောင့်စားနေကြပေလိမ့်မည်။ ကေအင်န်ယူနှင့်သာမက အခြားကရင်ငြိမ်းချမ်းရေးအဖွဲ့များအချင်းချင်း ဖြစ်ပွားနေသော ပဋိပက္ခများလည်း ပြေလည်လိမ့် မည်ဟု ယုံကြည်နေကြပေသည်။
သို့သော်မမျှော်လင့်ပဲ သတင်းပေါက်ကြားမှုကြောင့် (အချို့သော အူမမတောင့်သည့် သတင်းသမားများကြောင့် သို့မဟုတ် သူပုန်စာနယ်ဇင်းပင်ဖြစ်သော်ငြား တော်လှန်ရေးအကျိုးထက် စာနယ်ဇင်းကျင့်ဝတ်များအရ သတင်းထူး သတင်းဦးရ၍ မိမိ သတင်းဌာနနှင့် မိမိ၏ အကျိုးစီးပွားကိုအဓိကဖေါ်ဆောင်ရမည်ဟု ခံယူထားသူများကြောင့်) အဖြေမထွက်ခဲ့ဟု ခံစားရပါ သည်။
မည်သို့ပင်ဖြစ်စေ အမျိုး၊ ဘာသာ၊ သာသနာအကျိုးစီးပွားကို ရှေးရှုကြသော ဆရာတော်ဦးသုဇန၊ ဒီကေဘီအေနှင့် ကေအင်န်ယူမှ တိုးတက်သော ခေါင်းဆောင်များကို ဤခြေတလှမ်းအတွက် လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါကြောင်းနှင့် ပန်းတိုင်အရောက် ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါသည်။

ဆန္ဒပြုလျှက်စောင့်စားနေသူများကိုယ်စား
စစ်ငြိမ်းချမ်း


Type the rest of your post here.

No comments:

Post a Comment