ondragstart="return false" onselectstart="return false"

Saturday, October 10, 2009

ကယ်တင်ရှင်တို့ဆွဲနှစ်တဲ့ရေတိမ်

ကယ်တင်ခြင်း ပေါချောင်ကောင်းတွေ
ဈေးကြီးနာကြီးနဲ့ ငါတို့ ဆီအရောက်လာခဲ့တာ
ဂုဏ်သိက္ခာနဲ့ လွတ်မြောက်ရေးကလွဲလို့
တပါတ်နွမ်းတန်ဆာတွေ ဆင်ခွင့်တော့
ပေါပေါသီသီရခဲ့သပေါ့....။

ဒီမယ် ဘုရားသခင်နဲ့မအပ်စပ်တဲ့
သေနတ်တွေမကိုင်ကြပါနဲ့

ဂရုဏာတော် တနင့်တပိုးနဲ့
မြင့်မြတ်သူကြီးများက လူယဉ်ကျေးအဆီတက်နေတဲ့
မျက်နှာတွေ တဖြဲဖြဲပေါ့....
ချော့မော့လိုက် သတိပေးလိုက်
ထောက်ပံ့ကြေးဖြတ်လိုက်ပေါ့....

ဒီမှာတော့
တောင်ယာ ပျက်
ရွာမီးလောင် ........
နေစရာတောင်မရှိတော့ချိန်မှ
ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်ကို
ဂရုဏာ တိုရေရှားရေနဲ့ လဲ ယူ ကြရဦးမှာလား.....

ဂရုဏာသမားတွေဟာ
တိုယိုတာဖိုးဝှီးနဲ့လာတယ်
တန်ဘိုးကြီး ယမကာတွေ လုပ်ငန်းသဘောအရ မှီဝဲတယ်...

နယ်စပ်တကြောက ဘ၀အမောတွေနဲ့
တောင်တန်းတွေကို
ငါလိုကယ်တင်ရှင်တွေမှမရှိရင် ခက်ရချည်ရဲ့လို့
မဲ့မဲ့ရွဲ့ရွဲ့ ပိုပိုသာသာ လိုရာဆွဲ မှတ်ချက်ချတယ်...။

ဒီမှာ ကရင်တွေဟာ
ညာအူးထီးနဲ့ ဘီလူးစီးလာတဲ့
စစ်အာဏာရှင်ကို ထီမထင် တော်လှန်ခဲ့ကြတာ

ဒီမှာ ရှမ်းတွေဟာ
ပဲပုတ်ရေကြဲ နဲ့
စစ်သရဲတွေကို ဆွဲလှဲခဲ့ကြတာ

နင်တို့ ဂရုဏာ တထွာတမိုက်နဲ့
လာလိုက်တော့မှပဲ ......................။

ကိုထွေးညို (တမာတန်း)
အရှေ့ မိုးကောင်းကင်မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment