ondragstart="return false" onselectstart="return false"

Friday, October 16, 2009

ကေအဲန်ယူ နှင့် ဒီကေဘီအေ ဆွေးနွေးနိုင်ရေး ကေအဲန်ယူကြိုဆို

ဖြစ်နိုင်ခြေ မရေရာနိုင်သေးပေမယ့် အဓိက ကတော့ မြိုင်ကြီးငူဆရာတော်ဦးသုဇန ပဲ ဖြစ်နေပြီ။ မြိုင်ကြီးငူဆရာတော်သာ အမှန်တကယ် အမျိုးသားရေးကို ပြန်လည်သင့်မြတ်ဒါ မြင်ချင်ရင် ပြန်လည်သွေးစည်းညီညွတ်ရေးလမ်းကြောင်းကို သူကိုယ်တိုင်ထိပ်ဆုံးမှ ဦးဆောင်ပြီး စတင် အကောင်အထည်ဖေါ်ရတော့မည်ဖြစ်သည်။ ကေအဲန်ယူဖက်က လုံးဝ လက်ကမ်းကြိုဆိုပြီးဖြစ်နေပါသည်။

ဒီကေဘီအေ ၉၉၉ တပ်ရင်း အရာရှိကလဲ "ဆရာတော်ဆန္ဒပဲ၊ ဆရာတော်ပေါင်းခိုင်းတော့ ကျွန်တော်တို့ ပေါင်းရမှာပေါ့။ ကျွန်တော်တို့ ကရင်အချင်းချင်းနားလည်မှုလုပ်ဖို့ ၊ မပစ်ခတ်ကြဖို့ သူပြောတာ၊ မပြစ်ခတ်ကြရင်ကောင်းဒါပေါ့။"
ကရင်အမျိုးသားပေါင်းတို့ .... ယခုထွက်ပေါ်နေတဲ့ သတင်းတွေကို အခြေခံပြီး ဘယ်သူဟာ အခရာ လည်းဆိုဒါ ထပ်ပြီးရှင်းပြနေစရာ လိုမည်မထင်ပါ။ ဒီလိုဆိုရင်ဖြင့် ကရင့်သမိုင်းစာမျက်နှာ အမျိုးသားသစ္စာဖေါက်ဘွဲ့ ကို ခံယူမလား? ငြိမ်းချမ်းရေးတမန်တော်ဘွဲ့ ကို ခံယူမလါး? ဆိုဒါ မြိုင်ကြီးငူဆရာတော် ဦးသုဇန ထိုလမ်းကြောင်းနှစ်ခုမှ တစ်ခုကို ပြတ်ပြတ်သတ်သတ်ရွေးချယ်ရတော့မည်ဖြစ်သည်။ ပျက်အစဉ်ပြင်ခဏ ဆိုသလို ကရင့်အမျိုးသားအကျိုးစီးပွားကို ကြည့်ပြီး မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်ပါစေ။







Type the rest of your post here.

No comments:

Post a Comment