ondragstart="return false" onselectstart="return false"

Saturday, October 17, 2009

မြန်မာရေတပ်မှ လယ်သိမ်း၍ လူထုကို အနိင်ကျင့်

10/17/2009

ကျောက်ဖြူမြို့နယ် ကလန့်တဲ ကျေးရွာအုပ်စု မုရွင်းရွာ အနီးတွင် အခြေစိုက်ထားသော ဓည၀တီ ရေတပ် ဌာနချုပ်၏ ဌာနခွဲ ရေတပ် အုပ်စု တစုသည် ဒေသခံ ပြည်သူများကို အထူး အနိုင်ကျင့်လျက် ရှိနေသည်ဟု ဒေသခံ တဦးက သတင်းပေးပို့သည်။

အဆိုပါ ဒေသခံပေးပို့သော သတင်းတွင် အဆိုပါ ရေတပ်စခန်းရှိ ရေတပ်သားများသည် အနီးအနား ပတ်ဝန်းကျင်မှ လယ်မြေများကို ကြက်ဆူပင်စိုက်ရန်အတွက် သိမ်းပိုက်သည့် အပြင် အဆိုပါ စခန်းအနီးရှိ ကျေးရွာများမှ ရခိုင် အမျိုးသမီးများကိုလည်း လက်နက် အားကိုးဖြင့် အနိုင်ကျင့်နေသည်ဟု ဖေါ်ပြသည်။

မုရွင်းရွာ အနီး အခြေစိုက်ထားသော ရေတပ် အုပ်စုမှာ ရခိုင်အခြေစိုက် ရေတပ်စခန်း အမှတ် ၁၆ ရေယာဉ်အုပ်စု လက်အောက်တွင်ရှိပြီး ကြက်ဆူ စိုက်ပျိုးရန်နှင့် လူမျိုးရေးအရ သွေးနှောရန် လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်ကပင် စခန်းချထားသည်ဟု သူကပြောသည်။

၎င်းဌာနခွဲတွင် စစ်သား ၃၀ ကျော် ရှိပြီး ထိုဌာနခွဲကို ကြက်ဆူပင် စိုက်ပျိုးရန် အတွက် အကြောင်းပြ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သော်လည်း အမှန်မှာ ရခိုင်အမျိုးသမီးများကို ဗမာ အမျိုးသားများနှင့် အိမ်ထောင် ကျစေချင်သည့်အတွက် ဖြစ်သည်ဟု သူပေးပို့သော စာတွင် ဖေါ်ပြသည်။

“အာဏာပိုင်တွေက ကြက်ဆူဆီပင် စိုက်ဖို့လို့ ပြောတာကတော့ သက်သက် အကြောင်းပြတာပေါ့ဗျာ၊ အမှန်မှာတော့ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တာလဲပါတယ်။ စစ်တပ်ချရခြင်းရဲ့ အကြောင်း တစ်ရပ်ကတော့ ဒေသခံ ရခိုင်အမျိုးသမီးတွေကို ဗမာ စစ်သားတွေနဲ့ အိမ်ထောင်ကျစေချင်တဲ့ အတွက် ဖြစ်ပါတယ်။ ဒီရွာတစ်ဝိုက်မှာ ဗမာ စစ်သားမယား ဖြစ်သွားတဲ့ မိန်းကလေးတွေလဲ အများကြီး ရှိနေပြီလေ။ ဒေသခံတွေ ကတော့ အဲဒီအတွက် ဒေါသထွက်နေကြတယ်။”

၎င်းအပြင် ဒေသခံများ ဘိုးစဉ် ဘောင်ဆက် စပါးစိုက်ပျိုးလာသည့် လယ်ဧက ၅၀၀ ကျော်ကို ကြက်ဆူဆီ စိုက်ပျိုးရန်ဟု အကြောင်းပြလျက် အဆိုပါ ရေတပ်က မကြာသေးမီက သိမ်းပိုက်ခဲ့သည်ဟု ဆိုသည်။

“စစ်တပ်က သိမ်းပိုက်ထားတဲ့မြေတွေကို ရွာသားတွေ အသုံးပြုခွင့်လုံးဝ မရှိဘူးလို့ အမိန့် ထုတ်ထားတယ်။ အဲဒီမြေဧရိယာထဲကို ၀င်ရင် သတ်ပစ်မယ်လို့ ပြောတယ်။ ရွာသားတွေကိုလဲ နည်းအမျိုးမျိုးနဲ့ နှိပ်စက်နေကြတယ်။ ပြီးခဲ့တဲ့ နှစ်လလောက်က ရွာသားအချို့ကို ကန်ကျောက်တာ၊ သတ်ပုတ်တာ တွေရှိတယ်။ ဗမာ့တပ်မတော်ရဲ့ အခန်းကဏ္ဍက ဘာလဲ လို့ မေးခွန်း ထုတ်စရာ ဖြစ်နေပြီ” ဟု ရေတပ်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြည်သူများက မေးခွန်းထုတ်လျက်ရှိနေကြသည်ဟု သူ၏ စာတွင် ဖေါ်ပြသည်။
နိရဉ္စရာ သတင်း

No comments:

Post a Comment