သျှမ်းပြည်တပ်မတော်လက်နက်ချမည်ဟု မိုင်းတုံ ဗမာ့စစ်ဗျူဟာမှူးဝါဒဖြန့်
နအဖ စစ်တပ်တွေက မလိမ့်တပတ်နဲ့  တိုင်းရင်းသားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖျားယောင်းမယ်ဆိုဒါ အမြဲတမ်းသတိရှိပါ တိုင်းရင်းသား ညီအစ်ကိုယ်အားလုံးတို့  ကိုယ့်လက်ထဲမှာရှိတဲ့သေနတ်ကို ခုချိန်မှာ ကျစ်ကျစ်သာကိုင်ထား။ ဒီနအဖစစ်မိစ္ဘာကောင်တွေ ရှေ့ တလှမ်းတိုးဒါနဲ့ ဆော်သာဆော်ပစ်။ တပြည်လုံးဘယ်သူ့ မှ သူတို့ ကို လက်မခံဘူး။ ဒီ နအဖ စစ်သွေးကြွတွေက လက်နက်အားကိုးနဲ့  ငါတို့ တိုင်းရင်းသားတွေကို သမိုင်းနဲ့ ချီပြီးဗိုလ်ကျလာဒါများလွန်းပြီ။ မင်းတို့ လက်နဲ့ ချရင်သမိုင်းမှာ ရာဇ၀င်ရိုင်းသွားမယ်။။။။။
တနင်္လာနေ့၊ 05 အောက်တိုဘာလ 2009 သျှမ်းသံတော်ဆင့်
မိုင်းတုံအခြေစိုက် နအဖ စစ်ဗျူဟာမှူး က တောင်ပိုင်း ၀ တပ်ဖွဲ့ တပ်မဟာ ၇၇၂ တပ်မဟာမှူး နှင့် တွေ့ဆုံဆွေးနွေးစဉ် - “သျှမ်းပြည်တပ်မတော် လက်နက်ချတော့မည်” ဟု ပြောကြောင်း နယ်စပ်သတင်း ရပ်ကွက်ကပြောသည်။
စက်တင်ဘာ ၂၉ ရက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ နအဖ စစ်ဗျူဟာမှူးနှင့် တောင်ပိုင်း ၀ တပ်မဟာ ၇၇၂ တပ်မဟာမှူး တာ့ဇုန်း တို့ မိုင်းကျွတ်ကျေးရွာ တိုက်သူကြီးအိမ်၌ တွေ့ဆုံစဉ် ဗမာ့စစ်ဗျူဟာမှူးက ၀ တပ်မှူးအား - “ခင်ဗျားတို့ကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ မရှိပါဘူး၊ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ ကျနော်တို့အလုပ်အရမ်းများတယ်၊ ယွက်စစ်တို့အဖွဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲဖို့ကိစ္စအတွက် ပြင်ဆင်စရာတွေရှိတယ်” - ဟု ပြောခဲ့ကြောင်း - တောင်ပိုင်း ၀ တပ်မှူးတဦး က ပြောပါသည်။
“အဲဒီသတင်းကြားကြားချင်းတော့ တမျိုးဖြစ်တာပေါ့၊ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့စဉ်းစားမိတယ်။ ဒါစစ်အစိုးရရဲ့ စိတ်ဓါတ် စစ်ဆင်ရေး နည်းသုံးတာဘဲလို့နားလည်လိုက်တယ်”- ဟု အမည်မဖေါ်လိုသည့် တောင်ပိုင်း ၀ တပ်မှူး တဦးက ပြောပါ သည်။
ထို့အတူ ဗိုလ်မှူးကြီးယွက်စစ်ကလည်း - စစ်အစိုးရနှင့်ဆွေးနွေးရန် SSA ဘက်မှ ကိုယ်စားလှယ်လွတ်ကမ်းလှမ်းထား သည် ဆိုသည့်သတင်း၊ SSA လက်နက်ချမည်ဆိုသည့် သတင်းများ လုံးဝမဟုတ်မှန်ကြောင်းသျှမ်းသံတော်ဆင့်အား ယခု ကဲ့သို့ပြောပါ သည်။
“ဒါစစ်အစိုးရရဲ့လှည့်ကွက်ဘဲ ။ ဘာတခုမှ မဟုတ်ဘူး။ စစ်အစိုးရနဲ့ ဆွေးနွေးဖို့ ထိုင်းအစိုးရကကြားဝင်ပေးတာကို တော့ ကျနော်တို့ ချွင်းချက်နဲ့လက်ခံတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ကျနော်တို့ ဖြေရှင်း ချင်လို့ပါဘဲ” - ဟု ပြော၏။
မြောက်ပိုင်း ၀ ဌာနချုပ်နှင့် ကူးလူးဆက်ဆံရေးခက်ခဲသည့် တောင်ပိုင်း ၀ တပ်ဖွဲ့အား တွေဝေစေရန်အတွက်သော် လည်း ကောင်း၊ လွယ်လွယ်ကူကူဖဲ့ထုတ်နိုင်ရန် အတွက်သော်လည်းကောင်း ထိုကဲ့သို့ ၀ါဒဖြန့်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းလုံခြုံရေး အရာရှိ တဦးကလည်း ကောက်ချက်ချသုံးသပ်ပါသည်။
No comments:
Post a Comment