ondragstart="return false" onselectstart="return false"

Monday, December 7, 2009

ဗမာ့တပ်မတော်၏ ယုတ်မာမှုသတင်း

ကရင်အမျိုးသားအပေါင်းတို့ …….ဗမာ့တပ်မတော် နအဖ စစ်ခွေးတွေဟာ ကျနော်တို့ ကရင်လူမျိုး အပြစ်မဲ့ပြည်သူတွေ အပေါ်ယုတ်မာ ပက်စက် နေဒါ နေ့ စဉ်နဲ့ အမျှပါ။ ယခုလက်ရှိတောင်ငူခရိုင် မှ ကျနော်တို့ ကရင်လူထုတွေကို နအဖ ဗမာစစ်ခွေးတွေ က လူမဆန်စွာ နိုပ်ဆက် ညှင့်းပန်းနေပါသည်။

စစ်သား စစ်သားချင်း စစ်မဆင်ရဲ ပဲ လူထုကို အသုံးချ အသေခံခိုင်းဒါ နအဖ မဟာဗမာ တို့ ရဲ့ ကရင်လူမျိုးတွေကို မျိုးဖျောက်တဲ့ နည်းတွေ ထက်က တစ်ခုပါ။ ဒီသတင်းကို တွေကို ကြည့်ခြင်းဖြင့် ဂျပန်ခေတ် တုန်းက ကရင်-ဗမာ အဓိကရုန်း ပြန်ဖြစ်အောင် အသက်သွင်းနေဒါလါး ဆိုဒါ စဉ်းစားစရာ ဖြစ်လာနေပြီ။
ကရင်အမျိုးသားအပေါင်းတို့ ….သွေးစည်းဖို့ အချိန်တန်ပြီ…..စစ်အာဏာရှည်နှင့် မဟာဗမာဝါဒ သည် ကျနော်တို့ ကရင်တမျိုးသားလုံး၏ ကမ္ဘာ့ရန်သူဖြစ်သည်။

တပ်မဟာ(၂) - တောင်ငူခရိုင် သတင်း

၆၊ ၁၁၊ ၀၉ ရက်နေ့ တွင် ကလေစိုးခီးအခြေစိုက် နအဖ တပ်တို့ သည် ရွာလူကြီများဖြစ်သော (၁)စောကျော်လော (၂)စောမြစိုး (၃)စောဖေါမူ (၄) စောမွီးဖေါ တို့ ကို ဖမ်းဆီးပြီး ဘောဂလိကြီး တပ်စခန်းသို့  ခေါ် ဆောင်သွားပါသည်။ အထူးသဖြင့် စောကျော်လော နှင့် စောမြစိုး တို့ နှစ်ဦး၏ သားမယား မိသားစုဝင်အားလုံးကို ဘောဂလိကြီး တပ်စခန်းသို့ ခေါ်သွားပြီး ယနေ့ အထိ ထိုသူတို့ ၏ အကြောင်းကို ဘာသတင်းမှ မကြားရတော့ပါ။

၃၀၊ ၁၁၊ ၀၉ ရက်နေ့  ကော်သဲဒါးရွာ အခြေစိုက် နအဖ ဗမာစစ်တပ် တို့ သည် ကော်သဲဒါး ရွာရှိ ရွားသားများဖြစ်သော (၁)စောဒါအုအူ ၏အိမ်အားဖျက်ဆီး( ပျက်ဆီးမှု တန်ဖိုးကျငွေ ၅၀၀၀၀၀ ကျော်)၊ စောထူးဘွယ်နှင့် စောထီးခူ တို့ ၏ဆိုင်အား အကုန်လုံးဖျက်ဆီး၊ ဆုံးရှုံးမှုတန်ဖိုး မခန်းမှန်းနိုင်။
ထန်းတပင်မြို့ နယ်။ ။ ၃၊ ၁၂၊ ၀၉ ရက်နေ့  ပလေးဆာလို အခြေစိုက် နအဖ ဗမာစစ်တပ် စကခ(၅) ခလရ ၃၇၃ မှ ပလေးဆာလို ရွာသားများ အား ၀ါးကြီး အရှည်(၁၅)တောင် အချောင်း(၁၀၀) တပ်စခန်းကာရံ အတွက် အတင်းအကျပ် ခုတ်ခိုင်း။

နအဖ ဗမာစစ်တပ် စကခ(၅)မှူး ခင်မောင်ဆင့် သည် ဘောဂလိကြီး နှင့် ကော်သဲဒါးရွာ ရှိ ရွာသားများ၏ကားကို ဘောဂလိကြီးမှ နော်စိုး နအဖ တပ်စခန်းသို့  ရိက္ခာများပို့ ခိုင်းသည် သာမက မိုင်းများကို ရှင်းခိုင်းပါသည်။ သည့်အတွက်ကြောင့် ၃၊ ၁၁၊ ၀၉ ရက်နေ့ ညနေ ၃ နာရီ ၌ ဘောဂလိကြီး ရွာသူ နော်ချယ်၇ီ၏ ကားသည် ကော်သဲဒါးနှင့် ခူလိုဒါး ကြားတွင် မိုင်းမိပြီး ကားတစီးလုံးပျက်ဆီး၊ ကားစပယ်ယာ သေဆုံး၊ ဒရိုင်ဘာနှင့် ရွာသား တစ်ဦးဒဏ်ရာရ။

၎၊ ၁၂၊ ၀၉ ရက်နေ့ တွင် နအဖ ဗမာစစ်တပ် မှ ဘောဂလိကြီး နှင့် ကော်သဲဒါး ကား (၆)စီးအား နော်စိုး တပ်စခန်းသို့ ရိက္ခာပို့ ရန် အတင်းခိုင်းစေရန်တွင် ၀၉း ၃၀ အချိန်၌ စောနီကော်လ ၏ကားသည် မီဒေါခိုနှင့် နော်စိုးကြားတွင် ဂျောက်တက်ထိုးဆင်းသွားပါသည်။

မှတ်ချက်။ ။ ကေအဲန်ယူသတင်းထုတ်ပြန်ချက်မှ ဘာသာပြန်ဆိုသည်။ အစိမ်းရောင်စာလုံးများသည် ပို့ စ် တင်သူတို့ ၏ အာဘော်ဖြစ်သည်။



Type the rest of your post here.

No comments:

Post a Comment