ondragstart="return false" onselectstart="return false"

Saturday, December 5, 2009

မြ၀တီ-ကော့ကရိတ် လမ်းပေါ်ရှိ တံတားကျိုး စစ်ဆေးရေးဂိတ်ရှိဝန်ထမ်းများ အနှိုင်ကျင့်ငွေညစ်နေပုံ

မြ၀တီမြို့ အခြေချစစ်ဗျူဟာမှူး၏ အစီအစဉ်ဖြင့် ဖွင့်လှစ်ထားသော တံတားကျိုးစစ်ဆေးရေးဂိတ်ရှိတပ်မတော် တပ်ထိန်း တပ်ဖွဲ့မှ ကိုပြောင်လေး၊ ကိုဝမ်းဖုန်းတို့သည် မြ၀တီ-ဖားအံ-ရန်ကုန် ပြေးဆွဲလျက်ရှိသော ကုန်တင်ယာဉ်ကြီး၊ ယာဉ်ငယ် နှင့် ခရီးသည်တင်ယာဉ်များထံမှ မညှာမတာ အနှိုင်ကျင့်ငွေတောင်းခံနေသဖြင့် ကုန်သည်များနှင့် ယာဉ်မောင်းများ စိတ်ညစ်နေကြရ ကြောင်း သိရှိရပါသည်။
လိုင်စင်မဲ့ မော်တော်ယာဉ်များကိုလဲ တစ်စီးလျှင် ဂိတ်ကျော်ဖြတ်ခ တစ်သိန်းခွဲကျပ် တောင်းခံလျက် ဖြတ်သန်းခွင့်ပြုနေကြောင်း သိရှိရပါသည်။

အမျိုးသမီး ဒုရဲအုပ် သင်းသင်းမော်ဆိုသူမှာလည်း တဖက်နှိုင်ငံတွင် ဒုက္ခရောက်သဖြင့် ပြန်လာသောမွန်၊ကရင်၊မြန်မာတိုင်းရင်း သားများကို တစ်ဦးလျှင် (၅၀၀)ကျပ်နှုန်း တောင်းခံရုံမက ၄င်းတို့တွင်ပါလာသောဖုန်း၊ဘတ်ငွေ မှအစပြုပြီး ၄င်း(သင်းသင်းမော်) လိုချင်သောပစ္စည်းများကို အနှိုင်ကျင့် ရှာဖွေယူဆောင်လျက်ရှိပြီး ၄င်း(သင်းသင်းမော်) ကျေနပ်မှ လွှတ်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။
ဒုရဲအုပ် သင်းသင်းမော်သည် ရဲမင်းကြီးအဆက်ဆက်အား တစ်လလျှင်(၅)သိန်းကျပ် ပေးကာယင်းဂိတ်တွင်ပင် အမြဲနေထိုင်ခွင့် ရ ရန် ဆောင်ရွက်ခဲ့ပြီး နေထိုင်လျှက်ရှိကြောင်း သိရှိရပါသည်။
ပေးပို့သူ......minnaing

ဟစ်တိုင်မှပြန်လည်ရယူတင်ဆက်သည်။

Type the rest of your post here.

No comments:

Post a Comment