ondragstart="return false" onselectstart="return false"

Sunday, December 13, 2009

နယ်စပ်ကို လျှပ်တပြက် လာရောက် လည်ပတ်ခဲ့သည့် တိုင်းမှူး ခရီးစဉ် အပေါ် လူအများက စိတ်ဝင်စား

12/13/2009

အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးသည် ဒီဇင်္ဘာလ ၁၁ ရက်နေ့က မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ်သို့ လျှပ်တပြက် ရောက်ရှိလာပြီး နေရာအတော်များများကို သွားရောက် လည်ပတ်ကာ ချက်ချင်း ပြန်သွားခဲ့သည်ဟု သိရသည်။

အဆိုပါ လာရောက်လည်ပတ်မူ အပေါ် လူအများက စိတ်ဝင်စား နေကြသည်ဟု မောင်တောမြို့မှ ၀န်ထမ်း တဦးက ပြောသည်။

“ သူက ချက်ချင်းလာတယ်။ နေရာ တချို့ကို သွားတယ်။ ပီးရင် ချက်ချင်း ထွက်ခွာသွားတော့ နယ်စပ်မှာ ဘာပြဿနာတွေ ရှိနေပီလဲ ဆိုပီး လူတွေက စိတ်ဝင်စား နေကြတာ ဖြစ်ပါတယ်။ မြန်မာဘက်က ဘင်္ဂလာဒေခ်ျ့နဲ့ ရန်ကုန်မှာ တပ်မှူး အဆင့် တွေ့ဆုံမယ့် ဆွေးနွေးပွဲ အစီအစဉ်ကို ဖျက်လိုက်တဲ့ အချိန်မှာ တိုင်းမှူးက ရောက်လာတော့ လူတွေက အတော်ကို စိတ်ဝင်တစား ဖြစ်သွားကြပါတယ်။”

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံအကြား အဆင့်မြင့် တပ်မှူး အဆင့် ဆွေးနွေးပွဲကို ဒီဇင်္ဘာလ ၁၀ ရက်နေ့မှ ၁၇ ရက်ထိ ရန်ကုန်တွင် ပြုလုပ်ရန် စီစဉ်ထားခဲ့သည်။ ပြုလုပ်မည့် အချိန် တရက်အလိုတွင် မြန်မာဘက်က အဆိုပါ ဆွေးနွေးပွဲကို ရွှေ့ဆိုင်းပစ်ခဲ့သည်။

ရွှေ့ဆိုင်းပြီး တရက်အကြာတွင် တိုင်းမှူး သောင်းအေးသည် မြန်မာ- ဘင်္ဂလာနယ်စပ်သို့ လျှပ်တပြက်ရောက်ရှိလာခြင်း ဖြစ်သည်။

တိုင်းမှူး သောင်းအေးသည် အဆိုပါနေ့ နံနက်ပိုင်းက ဘူးသီးတောင်က တဆင့် မောင်တောကို ရောက်ရှိလာပြီး မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တည်ရှိသော ကြိမ်ချောင်း ကျေးရွာသို့ သွားရောက်ခဲ့သည်။

“သူက ကြိမ်ချောင်းမှာ တနာရီဘဲ နေပါတယ်။ ပီးရင် ချက်ချင်း မောင်တောကို ပြန်လာပါတယ်။ မောင်တောကို ရောက်တာနဲ့ တည်ဆောက်နေတဲ့ တံတား တွေကို သွားရောက် ကြည့်ရှု့ စစ်ဆေးတာကို တွေ့ရပါတယ်” ဟု သူက ပြောသည်။

တိုင်းမှူး သောင်းအေးသည် မောင်တောတွင် တည်ဆောက်နေသော ရွှေဇားတံတားနှင့် အင်္ဂလိပ် လက်ထက်ကတည်းက တည်ဆောက်ထားခဲ့သော ပန်းတောပြင် တံတားများကို စစ်ဆေးခဲ့သည်။

၎င်းနောက်ပိုင်း မောင်တောမြို့ရှိ ကုန်သွယ်ရေး ရုံးသို့ သွားရောက်ကာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ တိုင်းမှူးက ဘူးသီးတောင်-မောင်တောလမ်းကတဆင့် ပြန်သွားပါတယ်။ သူမောင်တောကို မလာမှီ ဘူးသီးတောင် စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းကိုလည်း သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒီမှာ ဖြစ်နေတဲ့ သတင်းက စိုင်းတင်ရေတံခွန်ကို နအဖက အမြန် တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီက ရလာတဲ့ လျှပ်စစ်ကို နယ်စပ် တလျှောက်မှာ ကာရံနေတဲ့ ခြံစည်းရိုးမှာ လွှတ်မယ်လို့ သိရပါတယ်။ ခြံစည်းရိုးကို လူတွေ မထိနိုင် မကိုင်နိုင်အောင် ပြုလုပ်မယ်လို့ သိရပါတယ်။” ဟု မောင်တောမြို့ ၀န်ထမ်းက ပြောကြား သွားခဲ့သည်။
နိရဉ္စရာ သတင်း

No comments:

Post a Comment