ondragstart="return false" onselectstart="return false"

Monday, December 28, 2009

သန့် ရှင်းသော ညမှာ တိတ်တဆိတ် ပြီးဆုံးသွားသော ခရစ်စမတ် ၀တ်ပြုပွဲ

စာဖတ်ပရိတ်သတ်များခင်ဗျား……. အထူးသဖြင့် ကရင်အမျိုးသားများအတွက် Free Burma Ranger အစီရင်ခံစာကို အခြေပြုပြီး သောသီခိုမှ comment ပေးလိုပါသည်။ ဒီမှတ်ချက် စာစု အပြီးမှာ မူရင်း FBR အစီရင်ခံစာ pdf ဖိုင်ကို ဖတ်ဖြစ်အောင်ဖတ်စေချင်ပါသည်။

ကရင်ပြည်နယ် တ၀ှမ်းမှာ နအဖ စစ်တပ်တွေက နေ့ စဉ်နဲ့ အမျှ ထိုးစစ်ဆင်တိုက်ခိုက်နေဒါပါ။ သည့်ပြင် ဒေသခံလူထု တွေကို နေ့ မအားညမအား အမျိုးသား အမျိုးသမီးပါမချန် အတင်းအကျပ်ခိုင်းစေနေပါတယ်..နအဖ အခေါ် အညိုရောင်နှင့် အမဲရောင်နယ်မြေ တောတောင်တွေ ထဲမှာ ကျနော်တို့ ကရင်လူမျိုးတွေကို နအဖ ဗမာစစ်တပ်တွေက အမဲလိုက်သလို လူမဆန်စွာ တွေ့ သမျှ လူတွေ ကို အကုန်ပစ်ဒါပါ။ ဒီလို အခြေအနေ မျိုးမှာ တိုက်ပွဲတွေ နေ့ စဉ်ဖြစ်နေတဲ့ တောင်ငူခရိုင်မှာ ခရစ်စမတ်ပွဲလေးကို မဖြစ်ဖြစ်အောင် ကျင်းပကြဒါ သိလိုက်ရ၍ ၀မ်းသာ မိသလို ၀မ်းလည်းနည်းမိပါသည်။

အစီရင်ခံစာထည့်မှာ စာဖတ်ရသူအဖို့ ကြင်နာမှု၊ နာကျင်မှု၊ တရားဒေသနာ အငွေ့ တွေနဲ့  ဖုံးလွမ်းနေဒါပါ။ သို့  ပေသော်ငြားလည်း စာပိုဒ် တခုမှာ ရင်နင့်စွာ ဖတ်လိုက်ရပါတယ်…..ထိုစာပိုဒ်မှာ…

ထိုဒေသ တ၀ိုက်မှာ တချိန်က အိမ်ခြေ ၂၀၀ ကျော်ရှိခဲ့ပြီး ဗမာစစ်တပ် ၏ စဉ်ဆက်မပြတ် လူသားစိတ်ကင်းမဲစွာ တိုက်ခိုက်မှုဒဏ်ကို ခံခဲ့ကြရပါတယ်။ ယခုဆိုလျှင်ကျန်ရှိနေတဲ့ မိသားစု (၃၀) ဟာခက်ခဲစွာ တရက်လုပ် တရက်စားဘ၀မှာ ဗမာစစ်တပ်၏ ပစ်ခတ်ခြင်းကို လည်း နေ့  တိုင်းခံနေကြ ရပါသည်။ ရွာသားတစ်ဦး၏ အဆိုအရ “ဘုရားသခင် ပေးသော အိမ်(သို့ )ဌာနေမြေရာ ဖြစ်သည့်အားလျော်စွာ ကျနော်တို့ နေလို့ ရသ၍ ဤအရပ်၌ ဆက်လက်နေထိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ ကျနော်တို့ ဒီနေရာမှ ထွက်ခွာသွားရင် ၄င်းသည် ဤနေရာဒေသ၌ နောက်ဆုံးကျန်သော ကရင်လူမျိုး ထွက်ခွာသွားခြင်း ဖြစ်မည်”

ကရင်အမျိုးသားအပေါင်းတို့ …နိုင်ငံတကာရောက်သွားသော ကရင်လူမျိုးအပေါင်းတို့ ..ထိုအရပ် ထိုဒေသ ၌ ရှေးပ၀ီသဏီ ကတည်းက နေထိုင်လာခဲ့ကြသော ကရင်များစွာတို့ သည် ယခုဘယ်ရောက်ကုန်ကြပြီနည်း…ယခုဆိုလျှင် မိသားစု(၃၀)သာကျန်ပါတော့သည်။ ဗမာစစ်သားတွေ သတ်ပစ်လို့ ကုန်သွားဒါလား..??? ဒါမှ မဟုတ် ဗမာစစ်တပ်ညှင်းပန်းနိုပ်ဆက်မှုဒဏ်တွေကို မခံနိုင်တော့လို့  နယ်စပ်ကို အရောက်ထွက်ပြေးလာကြဒါလား..ပထ၀ီအနေအထားအရ ထိုင်းနယ်စပ်နှင့် အလွန်ဝေးလံသော ဒေသများဖြစ်ပါသည်။ နောက်ကျောတွင်လည်း နအဖ တပ်စခန်းများရှိနေပါသည်။ ကြားညှပ် ကျန်နေသော ကျနော်တို့ လူမျိုးများဖြစ်ကြပါသည်။ ထိုအရပ်၌ရှိသော ငါတို့ လူမျိုးတွေ ဘယ်လို ပျောက်သွားဒါလည်း..???? ယျေဘုယအားဖြင့် နှစ်ခုစလုံး ဖြစ်မည်ဖြစ်သည်။ တချို့ က အသတ်ခံရ ဒါဖြစ်ပြီး တချို့ က နယ်စပ်ကို တော်လှန်ရေးရဲဘော်တွေ အကူအညီနဲ့  ရောက်လာနေကြဒါ ဖြစ်မည်ဖြစ်သည်။

ဗမာစကားပုံရှိတယ်..”သစ်ငုတ်လည်းဆွေး ကရင်လည်းပြေး” တဲ့….ခေတ်အဆက်ဆက်က ကျနော်တို့ လူမျိုးတွေ နည်းမျိုးစုံနဲ့ ဖျောက်ဖျက် တွန်းထုတ်ခံခဲ့ကြရဒါပါ။ ဒီစကားပုံလေးဟာ သူ့ ဟာနဲ့ သူအလကားဖြစ်လာဒါတော့ မဟုတ်ပါ။ တချိန်က ကျနော်တို့ ကရင်တွေ လယ်မြေသစ်တွေကို ချဲ့တွင်ရာမှာ ခက်ခဲ ခက်ခဲ ပင်ပန်းကြီးစွာနဲ့  ဖေါ်ထုတ်ခဲ့ကြဒါပါ။ ဒါပေမယ့် ထိုအသစ်ဖေါ်ထုတ်နေတဲ့ လယ်မြေသစ်တွေမှာ ရှိတဲ့ သစ်ငုတ်တို တွေ ဆွေးစ၊ မြေရိုင်းတွေ လည်း မြေယဉ်တွေဖြစ်လာပြီး လုပ်စားကိုင်စားလုပ်ရတော့မည့် အချိန်မှာ လူမျိုးခြားတွေက ကျနော်တို့ ကရင်တွေကို လာပြီး ပြသနာရှာ သတ်ဖြတ်၊ တိုက်ခိုက်၊ မောင်းထုတ် နောက်ဆုံး အေးချမ်းစွာနေလိုတဲ့ ကျနော်တို့ လူမျိုးတွေက ကိုယ့်ဌာနေတွေကို စွန့်ခွာ ကျောခိုင်းသွားပြီး တခြားမြေနေရာသို့  ထွက်ခွာသွားကြဒါဟာ ရှေးဗမာဘုရင်ခေတ်တွေမှာသာမက၊ လွတ်လပ်ရေးရပြီး အချိန်ကာလများ နှင့် ယနေ့ အချိန်ကာလအထိပါ။ ခေတ်အဆက်ဆက် ခောတ်ပြောင်းလည်းမှုနှင့်အတူ ကရင်လူမျိုးများ ဖျောက်ဖျက်ခံရပြီး ထွက်ပြေးနေရမှုတွေ ပုံသဏ္ဍန်ချင်းတော့မတူကြပါ။ သို့ ပေသော်ငြားလည်း အနှစ်သာရနဲ့ ကျိုးဆက်တွေက အတူတူပဲဖြစ်နေပါသည်။ ဒါကြောင့်မို့  ဗမာစကားပုံ “သစ်ငုတ်လည်းဆွေး ကရင်လည်းပြေး” ဆိုတဲ စကားဟာ ယနေ့ အထိကျန်နေခဲ့ဒါပါ။

ကျနော်တို့ လူမျိုးများရဲ့ အခြေအနေဟာ စိုးရိမ်အမှတ်သို့ ရောက်နေပြီးဖြစ်ကြောင်းအသိပေးလို၍ စည်းလုံးညီညွတ်စွာဖြင့် ကျနော်တို့ ၏ အမျိုးသားရန်သူကို လက်တွဲညီညာစွာဖြင့် အတူတကွ တွန်းလှန်ကြပါလို့  တိုက်တွန်းလိုပါသည်။

FBR အစီရင်ခံစာကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။

Fbr Report 25 Dec 2009

1 comment:

ကရင်လေး said...

ကျနော်တို့ လူမျိုးတွေကို လူစိတ်ကင်းမဲ့စွာနဲ့ သတ်ဖြတ်နေဒါတွေ အတွက် ကျနော်တို့ ကရင်လူမျိုးတွေ ဘယ်တော့မှ မေ့မှာမဟုတ်ပါ။ ဂျူးခြောက်သန်းကျော်ကို နာဇီတွေက သတ်ဖြတ်ခဲ့ပေမယ့်..ကမ္ဘာအရပ်ရပ်က ဂျူးတွေ နောင်တချိန်မှာ အစ္စရေးနိုင်ငံကိုပြန်လည်တည်တောင်နိုင်တဲ့သာဓက တွေရှိခဲ့တယ်။ ကမ္ဘာတ၀ှမ်းမှာ ယနေ့ ကရင်တွေ ပြန့်  ကျဲနေပြီ..နောင်တချိန်မှာ သမိုင်းအကွေ့ တစ်ခု ပြန်လည် ရင်ဆိုင်ကြရပါမည်။

Post a Comment