ondragstart="return false" onselectstart="return false"

Friday, December 18, 2009

ဖာပွန်မြို့ဗုံးကွဲမှု အများအပြားသေဆုံး

Friday, 18 December 2009 14:19 ဧရာဝတီ

ဖာပွန်မြို့ နယ်အတွင်း လူအများအပြားသေဆုံးခဲ့ရသည့် ဗုံးပေါက်ကွဲမှုသည် နအဖ စစ်အစိုးရ၏ လုပ်ရပ်ဖြစ်၍ မကြာမီ ထိုဒေသ(ကေအဲန်ယူ- တပ်မဟာ(၅) ) ကို ထိုးစစ်စတင်တော့မည့် လက္ခဏာတရပ်ဖြစ်ပါသည်။ ကရင်လူမျိုး အချင်းချင်းကြားမှာ နားလည်မှုလွဲအောင် တမင် နအဖ စစ်အုပ်စုက ရည်ရွယ်ဖန်တီးထားခြင်းဖြစ်ပါသည်။ သည့်ပြင် ထိုဒေသကို ယခုပွင့်လင်းရာသီတွင် ထိုးစစ် စတင်ရန်၌ ပြည်တွင်းပြည်ပ နိုင်ငံတကာ၏ ဝေဖန်မှုများကို ကာကွယ်ရန်အတွက် တမင်ရည်ရွယ်ဖန်ထီးထားခြင်းဖြစ်ပါသည်။ သဓာက တွေ အများကြီးရှိပြီးဖြစ်ပါသည်။ မြန်မာပြည်တွင်း၌ ဒီမိုကရေစီ လုပ်ရှားသူများကို စတင်နိုပ်ကွပ်တော့မည်ဆိုလျှင် မြို့ တွင်မိုင်းဖေါက် သို့ မဟုတ် ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး မကြာမီ ထိုဒီမိုကရေစီလှုပ်ရှားသူများကို ဖမ်းဆီး ထောင်ချပါတော့သည်။ ယခုလည်း ထိုနည်းလည်းကောင်းပဲ..ကေအဲန်ယူ တပ်မဟာ (၅)ကို စတင်ထိုးစစ်ဆင်ရန် အတွက် တချက်ခုတ် နှစ်ချက်ပြတ် နည်းဖြင့်..ကရင်လူမျိုးများအကြား အချင်းချင်းစိတ်ဝမ်းကွဲရန် နှင့် နိုင်ငံတကာကို ဒီလူတွေ လှူပ်ရပ် ကြောင့် ကျနော်တို့ ထိုးစစ်ဆင်ရပါသည်ဟု နအဖ စစ်အုပ်စုက သံကောင်းဟစ်ပြီး ကရင်လူမျိုးများကို စိတ်ကြိုက် ညှင်းပမ်းနိုပ်ဆက်ရန်အတွက် ဖန်တီးသောလုပ်ရပ်ဖြစ် ပြီး မကြာမီ ထိုးစစ်ကြီးစတင်တော့မည် ဟုသုံးသပ်မိပါသည်။ ကရင်အမျိုးသားအပေါင်းတို့  သတိဝရိယ ထားရှိပြီး မိမိကိုယ်ကို အဆုံးစွန်ကာကွယ် ရန်အတွက် ပြင်ဆင်ထားကြပါ။
မှတ်ချက်။ ။ အစိမ်းရောင်စာသားများသည် ပို့ စ်တင်သူ၏ အမြင်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ညက လူအများအပြား သေဆုံးခဲ့ရသည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် အတွင်း ဗုံးပေါက်ကွဲမှုမှာ ၎င်းတို့၏လက်ချက် မဟုတ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ယနေ့ ပြောကြား လိုက်သည်။


ကရင်ပြည်နယ် တောတွင်း တနေရာတွင် တွေ့ရသော ဒုက္ခသည်တချို့။ ကရင်ပြည်နယ်ရှိ ဒေသခံအများအပြား၏ ဘဝမှာလက်နက်ကိုင် ပဋိပက္ခများကြောင့် တည်ငြိမ် အေးချမ်းမှု မရှိပေ။

ဖာပွန်မြို့ ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ပွဲတော်ရှိ ဈေးဆိုင်တန်းတွင် KNU က ဖောက်ခွဲမှုတခု ပြုလုပ်သဖြင့် အရပ်သား ၇ ဦး သေဆုံးကာ၊ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

“ကရင် တိုင်းရင်းသား အချင်းချင်း နားလည်မှုလွဲအောင် ဒီပေါက်ကွဲမှုကို စစ်အစိုးရက ဖန်တီးတာ ဖြစ်နိုင်တယ်” ဟု KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ဧရာဝတီကို ပြောသည်။

ကရင်နှစ်သစ်ကူးနေ့တွင် ကရင်တိုင်းရင်းသားများ ထိခိုက်မည့် လုပ်ငန်းများ ဆောင်ရွက်ရန် ဆန္ဒမရှိဟု နော်စီဖိုးရာစိန်က ပြောသည်။

ထိုပေါက်ကွဲမှုသည် “ချိန်ကိုက်စနစ်ဖြင့် ဆက်စပ်ဖောက်ခွဲသည့် ရှေ့ထွက်မိုင်း” ဖြစ်သည်ဟု အစိုးရ ချုပ်ကိုင်ထားသည့် သတင်းစာများတွင် ယနေ့ ရေးသားထားသည်။

ပြီးခဲ့သည့်လ ၁၁ ရက်နေ့ကလည်း ကရင်ပြည်နယ်ရှိ ခရီးသည်တင် သင်္ဘောတစင်းကို သေနတ်သမား တချို့က ပစ်ခတ်သဖြင့် ခရီးသည် ၃ ဦးသေဆုံးသွားကြောင်း၊ KNU က ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုပစ်ခတ်မှုမှာ KNU ၏ လက်ချက် မဟုတ်ကြောင်း နော်စီဖိုးရာစိန်က ဧရာဝတီကို ယနေ့ ပြောကြားသည်။

ဖာပွန်မြို့တွင် လက်နက်ကိုင်အဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများစွာရှိသဖြင့် ဒေသခံ ပြည်သူများ အကြီးအကျယ် အခက်အခဲတွေ့နေကြသည်။

ဖာပွန်သည် KNU ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ ၅ နယ်မြေတွင် တည်ရှိသည်။

မြန်မာ့တပ်မတော်ကလည်း တပ်ရင်း ၅ ခုကို ဖာပွန်မြို့တွင် အခြေစိုက်ထားသည်ဟု သိရသည်။

အစိုးရနှင့် မဟာမိတ်ပြုထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ (DKBA) သည်လည်း ထိုဒေသတွင် လှုပ်ရှားလျက်ရှိသည်။

No comments:

Post a Comment