ondragstart="return false" onselectstart="return false"

Tuesday, December 22, 2009

ကျွန်တော်၏ညီအစ်ကို DKBA ထံသို့ (၃)


လက်နက်ကိုကျွမ်းကျင်စွာကိုင်တွယ်သရုပ်ပြနေသော ဆရာတော်ဦးသုဇန

ကျွန်တော်၏ညီအစ်ကို DKBA ခေါင်းဆောင်တစ်ချို့နှင့် KNLA မှခေါင်းဆောင်များလျို့ဝှက်
စွာတွေ့ဆုံဆွေးနွေးတာကိုကြားရတော့ မျှော်လင့်ခြင်းများစွာဖြင့် ၀မ်းသာကြည်နူးခဲ့ပါသည်။
လျို့ဝှက်တွေ့ဆုံဆွေးနွေးပွဲဟု ဆိုသော်လည်း သတင်းလောကထဲသို့ ပေါက်ကြားခဲ့သည်ကို
ဘ၀င်မကျဖြစ်ခဲ့ရပါသည်။ ဆွေးနွေးပွဲတွင် DKBA စစ်ဦးချုပ် ဗိုလ်ချုပ်ကျော်သန်း၊ ဦးသာ
ထူးကျော်၊ ၉၉၉တပ်ရင်းမှုး ဗိုလ်မှုးချစ်သူ မပါဝင်သဖြင့် စဉ်းစာစရာဖြစ်ခဲ့ပါသည်။

ဆွေးနွေးပွဲကိုမည်သည့်ဖက်ကစတင်ခဲ့သည်ကို မသိသော်လည်း DKBA အနေဖြင့်ဆွေး
နွေးရသည့် ဖြစ်နိုင်သော အကြောင်းရင်းများကို အောက်ပါအတိုင်းသုံးသပ်မိပါသည်။
၁။ ညီအစ်ကိုချင်းဆိုသည့်သွေးပြော စကားကိုသတိမူ ၍အမှန်တကယ်ပြန်လည်သင့်မြတ်
လိုသဖြင့်ဆွေးနွေးခြင်း၊
(သို့မဟုတ်)
၂။ နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း တိတ်ဆိတ်အေးချမ်းစွာ ဖြစ်မြောက်ပြီး
ဆုံးစေရန် နအဖ ၏စေခိုင်းချက်အတိုင်း လာရောက်ဆွေးနွေးခြင်း။
(သို့မဟုတ်)
၃။ နအဖ၏ အကျိုးတစ်စုံတစ်ခုတွက် နအဖ ၏စေခိုင်းချက်အတိုင်း လာရောက်ဆွေး နွေးခြင်း။
(သို့မဟုတ်)
၎။ အနာဂတ်တွင် နအဖ၏ အပယ်ခံဖြစ်ပြီး ပုံစံအပေးခံရမည်ကို သိလာသဖြင့်ပြန်လာ
ပေါင်းစည်းခြင်း။

အစည်းအဝေးကိုလေ့လာသောအခါ ဆရာတော်ဦးသုဇန၏ စဉ်းစားစရာစကားများစွာ
ခေါင်းထဲမှာကျန်ခဲ့ပါသည်။
“ DKBA က တပ်မဟာ (၇) ကိုတိုက်တာလုံးဝမသိလိုက်ဘူး”
လက်အောက်ငယ်သား ရာကျော်သေပြီး ကရင်ပြည်သူ ၆၀၀၀ ကျော် အိုးအိမ်စွန့်ခွါ ထွက်
ပြေးရသည့် စစ်ဆင်ရေးကို ခေါင်းဆောင်တစ်ဦးအနေနှင့် “မသိလိုက်ပါ” ဟုပြောခြင်းသည်
နိုင်ငံတကာဆက်ဆံရေးတွင် ဗြောင်လိမ်ဗြောင်စားလုပ်နေသည့် နအဖ၏လက်စွဲ မူ ဖြစ်နေ
ပါသည်။ ဆရာတော် ဦးသုဇနမှ စာချုပ်တစ်ပါတည်းယူခဲ့ပြီး ဗိုလ်ချုပ်မူတူးကို လက်မှတ်ထိုး
ခဲ့သဖြင့် များစွာအံသြမိပါသည်။ တစ်မျိုးသားလုံးကိစ္စကို ၃၀ မိနစ်ခန့် ဆွေးနွေးပြီး တစ်ခါ တည်းလက်မှတ်ထိုးခိုင်းခြင်းမှာ အငိုက်ဖမ်းတာဖြစ်နိုင်သလို ခလေးဆန်သော ပေါ့ ပျက် ပျက်အလုပ်ဟု သုံးသပ်မိပါသည်။ ထို့အပြင်ဆွေးနွေးပွဲတွင် “မင်းတို့ နှစ်ဖက် (DKBA နှင့် KNU ကိုညွန်း) အဆင်ပြေပြီးသဘောတူအပစ်ရပ်ရင် ငါ့တာဝန်ပြီးပြီ” ဟု ပြောသော ဆရာ
တော်၏ စကားသည် သမိုင်းတရားခံဘ၀မှလွတ်မြောက်ရန် ကြိုးစားနေပုံရပါသည်။

စစ်မှန်သော ခေါင်းဆောင်တစ်ဦးသည် မိမိလုပ်ရပ်၏ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးကျိုးကိုဖြစ်
စေ တာဝန်ယူနိုင်သော အရည်အချင်းနှင့်ပြည့်စုံဖို့လိုပါသည်။

ထို့ ကြောင့် ဆရာတော်ဦးသုဇန နှင့်ပတ်သက်ပြီး အနည်းငယ် စမ်းစစ်တင်ပြလိုပါသည်။

ဗိုလ်ချုပ်ခင်ညွန့်လက်ထက် “တောင်းတန်းသာသနာ” ခေါင်းစဉ်ဖြင့်နိုင်ငံတော်၏ စီမံကိန်း
တစ်ခုကို ဖော်ဆောင်ခဲ့ပါသည်။ စီမံကိန်းအရ တပ်မတော်ထောက်လှမ်းရေးအရာရှိ
( အရေတွက် ၄၀ ဟု ခန့်မှန်း) များကို ဘုန်းကြီးဝတ်စေကာ သာသနာဘောင်ထဲဝင်စေပြီး
တပ်မတော်ထောက်လှမ်းရေးလုပ်ငန်းများကို ဆောင်ရွက်စေခဲ့ပါသည်။

ဆရာတော်ဦးသုဇနသည်နအဖ တပ်မတော်၏ထောက်လှမ်းရေး အရာရှိလော?

ဆရာတော်ဦးသုဇနသည် DKBA စတင်မပေါ်ပေါက်မှီ KNU အုပ်ချုပ်နယ်တွင ဗုဒ္ဓဘာသာ
သာသနာ ထွန်းကားရန်ရောက်ရှိခဲ့ပါသည်။ ထိုစဉ်က “ စေတီမှိုလိုပေါက် ဗမာအလိုလို
ပျောက်” ဟု ပြောဆိုပြီး သာ KNLA ရဲဘော်နှင့်ရွာသားများကိုစည်းရုံးခဲ့ပြီး KNU စစ်
စခန်းပတ်ဝန်းကျင်တောင်ပေါ်များတွင်စေတီများကိုတည်ဆောက်ခဲ့ပါသည်။ ထိုစဉ်က
ဆရာတော်ဦးသုဇန ပြောခဲ့သောစကားမှာ
“ အုတ်နှင့်သဲ များမှာ ရဲဘော် နှင့် ရွာသားများ တောင်ပေါ်အရောက်လှူပြီး ဘိလပ်မြေနှင့်ထုံးကိုတော့ အစိုးရဆီကရတာပါ။”

“ဘိလပ်မြေနှင့်ထုံးကိုတော့ အစိုးရဆီကရတာပါ” ဆိုသည့်ဦးသုဇနစကား၏အဓိပါယ်ကို
လူအများက နက်နက်နဲနဲမစဉ်းခဲ့ပါ။

သူမွဲထအရေးအခင်း
KNU အုပ်ချုပ်မှုစနစ်အောက်တွင် ဗုဒ္ဓဘာသာဝင်များအား နှိမ်ထားသည် ဆိုသည့်အချက်
ဖြင့် သူမွဲထာ တွင်ပြဿနာစခဲ့ပါသည်။ စစ်စခန်းတောင်ကုန်းများပေါ်တွင် လုံခြုံရေးတာဝန်
ယူထားသည့်ရဲဘော်များ ကင်းမစောင့်တော့ဘဲ အားလုံးတောင်ခြေဆင်း ၍ ဆန္ဒပြခဲ့ပါ
သည်။ အချို့ရဲဘော်များကပြောသည်မှာ-
“ဆန္ဒပြတာတော့ ဟုတ်ပါပြီ၊ ကင်းမစောင့်ဘဲ တောင်ပေါ်အားလုံးဆင်းလို့မဖြစ်ဘူး။
ဗမာစစ်တပ်ရောက်လာရင် အကုန်သေကုန်အုံးမယ်”
ထိုအခါ ဦးသုဇန ကချက်ခြင်းဝင်ဖြေသည်မှာ-
“ ဗမာစစ်တပ်ဒီကိုလာဖို့မရှိဘူး” ဟုပြောကာ အမိန့်အာဏာဖီဆန်ပြီး ပုန်ကန်သည့်အဆင့်
ရောက်အောင် အားပေးခဲ့ပါသည်။ နအဖ စစ်တပ်နှင့် မလှမ်းမကမ်းတွင်ရှိနေသော်လည်း
ဦးသုဇန ပြောသည့်အတိုင်းရောက်မလာသဖြင့် အချို့ရဲဘော်များ သံသယ၀င်ကာဗုဒ္ဓ ဘာ သာသာဖြစ်သော်လည်း ခွဲထွက်ခြင်းမပြုဘဲ KNLA နှင့် ဆက်နေသောရဲဘော်များရှိခဲ့ပါ
သည်။ရန်သူနှင့် မျက်နှာခြင်းဆိုင်ရှိနေသော အနေအထားမှ လုံခြုံရေးမယူသော်လည်း
ဦးသုဇန ပြောသည့်အတိုင်း နအဖ စစ်တပ်မှ ငြိမ်နေသည်ကို ကြည့်ခြင်းဖြင့် နအဖစစ်တပ်
နှင့် အဆက်အသွယ်ရှိခြင်းမှတစ်ပါး အခြားအကြောင်းအရာမရှိပြီ။

နအဖ စစ်တပ်နှင့်ဆက်သွယ်သည့်သက်သေများ
KNLA တပ်မဟာ (၇) တွင်တာဝန်ထမ်းဆောင်စဉ်က မြို့နယ်အုပ်ချုပ်ရေးမှုးဖြစ်ခဲ့သော
တီးချား၊ ဒုဗိုလ်များဖြစ်သော ဗိုလ်ပြား (ယခု DKBA 555 တပ်မှုး)၊ ဗိုလ်မောင်ကြည်၊ ဗိုလ်
ချာတိတ် များကို ရှေ့တန်းတစ်နေရာတွင် န၀တ စစ်အရာရှိ နှင့် လျို့ဝှက်စွာ တွေ့ဆုံ ရန်
ဦးသုဇနက စီစဉ်ပေးခဲ့ပါသည်။ ၄င်းလုပ်ဆောင်ချက်ကို စစ်ဥပဒေ နားလည်သော ယခု
လက်ရှိ DKBA တပ်မှူးများ၊ ခေါင်းဆောင်များပြန်လည်သုံးသပ်ပါက ဦးသုဇန ၏ သရုပ်
မှန်ကို ပုံဖေါ်မြင်နိုင်ပါသည်။

ကိုယ်ရည်သွေးအမွန်းတင်သည့်စည်း ရုံးရေးဝါဒများ
KNLA ရဲဘော်များကို စည်းရုံးခဲ့စဉ် “ ပီးဆေး” လည်းပါဝင်ခဲ့ပါသည်။ ဒုတ်ပီး၊ဒါးပီး၊ သေနတ်ပီးဆေး သည် ရဲဘော်များ၏အာရုံကိုဆွဲဆောင်ခဲ့ပါသည်။ သို့သော်လည်း မေတ္တာ
တရား ဦးထိပ်ထားရသည့် သာသနာလုပ်ငန်း သည် ၄င်းပီးဆေး နှင့်ဆန့်ကျင်ဖက်ဖြစ်သည်
ဆိုသည့် ပြောဆိုသံများကြောင့် ပီးဆေးကို “ဘုန်းကြီးဆေး” ဟု ပြန်လည်ခေါ်ဝေါ်စေခဲ့
သည်။ ၄င်းဆေးကိုသောက်ပါက မျက်လုံးများနီလာသဖြင့်ရဲဘော်များ အဟုတ်ထင်ခဲ့ပါ
သည်။ သို့သော်လည်း ၄င်းဆေးသည် ပြောသည့်အတိုင်းအမှန်တကယ်စွမ်းကြောင်းယခု
ချိန်ထိ သက်သေသာဓကပြစရာ တစ်ခုမှမရှိခဲ့ပါ။ KNLA တပ်မဟာ (၇) ကို တိုက်စဉ်က
DKBA ရဲဘော်များ ရာနှင့်ချီကျဆုံးသည်ကိုထောက်ခြင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက်၊ တစ်
စခန်းဝင် တစ်စခန်းထွက် ချေကျင်လျှောက် အပင်ပန်းခံပြီး ဘုန်းကြီးဆေး လိုက် တိုက် ခဲ့သော ဆရာတော်ဦးသုဇန ၏ ရည်ရွယ်ချက်ကို DKBA ရဲဘော်များ မေးခွန်းထုတ်သင့်ပါ
ပြီ။ ဦးသုဇန ၏ပါးစပ်ထဲသို့ သေနတ်ပြောင်းထည့်ပစ်ပါက ကျည်မပေါက်ကြောင်းလည်း
ဝါဒဖြန့်ခဲ့သလို မိမိသွားလိုသောနေရာကို စိတ်ကူးလိုက်ရုံဖြင့် ရောက်ရှိနိုင်ကြောင်း ၀ါဒ
ဖြန့်မှုများကို သက်သေပြခိုင်းသင့်ပါပြီ။

ဗုဒဘာသ္ဒာနှင့်ဆန့်ကျင်သည့်ဝိနည်းများ
DKBA ဖွဲ့စည်းစဉ်က လူမျိုး နှင့်သာနာကိုလက်နက်ကိုင်စွဲ ၍ ကာကွယ်မည်ဟု ကြေညာ
ခဲ့ပါသည်။ သို့သော်လည်းအဖွဲ့သားများ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းကို လုံးဝမတား
မြစ်ခဲ့ပါ။ တစ်ဆင့်တက်ပြီးထုတ်လုပ်သည့်အဆင့်ရောက်သော်လည်းမတားမြစ်ခဲ့ပါ။
ဦးသုဇနအလှူလုပ်လိုပါက ညာလက်ရုံးတစ်ဦးဖြစ်သော ဗိုလ်မုတ်သုန် ကိုငွေရှာခိုင်း လေ့ရှိပါသည်။ ဗိုလ်မုတ်သုန်သည် မူးယစ်ဆေးဝါးကို အဓိက ထုတ်လုပ်ဖြန့်ဖြူးသူ ဖြစ်
ပြီး ထိုင်းအာဏာပိုင်မှ အလိုရှိနေသူတစ်ဦးဖြစ်ပါသည်။

လှိုင်းဘွဲမြို့တောင်ပြုန်းကျောင်းတွင် မိန်းမ (၆) ယောက်ယူထားသော ဘုန်းကြီးတစ်ပါး
ရှိပါသည်။ ၄င်းဘုန်းကြီးကဦးသုဇန ကိုပြောခဲ့ဘူးပါသည်။
“ငါဟာမိန်းမ (၇) ယောက်ထိယူရမယ်။ ခု (၆) ယောက်ဘဲရှိသေးတယ်”
DKBA ရဲဘော်များက ၀ိနည်းနှင့်ဆန့်ကျင်ပြီး သာသနာကို စွန်းထင်းစေသော ၄င်း ဘုန်းကြီး
ကို အရေးယူချင်သဖြင့် ဦးသုဇန တွင် ခွင့်တောင်းရာ ဦးသုဇနမှဖြေကြားသည်မှာ-
“ လူများစားတတ်လို့ စားတာ စားပါစေ၊ သွားမရှုတ်နှင့်”
ဟု ဖြေကြားသဖြင့် ရဲဘော်များ၊ ရွာသားများစွာအံသြနေရပါသည်။

ထို့ပြင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ မြန်မာတစ်နိုင်ငံလုံး ကြည်ငြိုသော သာမည
ဆရာတော် အလောင်း ဖျက်ဆီးမှု များကို လေ့လာပါက လက်နက်စွဲကိုင်ပြီး သာသနာကို
ကာကွယ်မည် ကြွေးကြော်ချက်နှင့်ဆန့်ကျင်သလို ဘုန်းကြီးအစစ်ဟုတ်မဟုတ် DKBA ရဲဘော် များ စမ်းစစ်သင့်ပါပြီ။

“လက်နက်ကိုင်ပြီး သာသနာကို ကာကွယ်ခြင်းလော၊သို့မဟုတ် သာသနာ ပျက်စီးခြင်းကို
လက်နက်အားကိုးဖြင့် ဖုံးကွယ်ခြင်းလော?”
သိမြင်သူများနားလည်တတ်ပါစေ။

ဦးသုဇန၏အိမ်မက်များ
ဦးသုဇန သည် KNU စစ်စခန်းနားတောင်ကုန်းပေါ်တွင်စေတီတည်ခြင်းများမှ ပြဿနာ
စတင်ခဲ့ပါသည်။ KNU ဌာနချုပ် မာနယ်ပလော နားရှိတောင်ကုန်းပေါ်တွင် စေတီ တည်ရ
မည်ဟု အိမ်မက် မက်သည်ဟု တပည့်တော်များကို ပြောခဲ့ပါသည်။ ၄င်းတောင်ကုန်းသည်
စစ်သေနင်္ဂဗျုဟာအရ အချက်အချာကျ သလို ရန်သူအမြှောက်တပ်ကို ပစ်မှတ် အမှတ်အ
သားပေးရာ ရောက်ကြောင်း KNU ခေါင်းဆောင်များမှ ဖျောင်းဖျပြီး အခြားနေရာ တွင်
စေတီ တည်ရန် မေတ္တာ ရပ်ခံခဲ့သော်လည်း ဦးသုဇန သည် လုံးဝလက်မခံဘဲ မိမိ၏ အိမ်
မက်အတိုင်း စေတီတည်ပြီးသာသနာပြန့်ပွားရေးလုပ်ရမည်ဟု နောက်လိုက်များကို ညွန်
ကြားခဲ့ပါသည်။
ယခုမာနယ်ပလောကျပြီးဖြစ်သော်လည်း ၄င်းနေရာကို စေတီတည်ပြီးသာသနာပြန့်ပွား
ရေးကို မလုပ်ဘဲ ဘားအံမြို့နားမှာရှိသော မြိုင်ကြီးငူတွင် ခြေစိုက်သည်ကိုကြည့် ခြင်းဖြင့်
ဦးသုဇနလုပ်ရပ်သည် န၀တ၏ထောက်လှမ်းရေးဖြစ်ကြောင်း သက်သေသာဓက တစ်ခု ဖြစ်နေပါသည်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကတိုင်တိ ကျေးရွာမှ အစ္စလာမ်ဘာသာဝင်များ ၀တ်ပြုရာ
နှစ်ပေါင်း ၁၀၀ ကျော် မှ ဗလီကြီး အား (၂.၅.၀၉) ရက်နေ့ မနက် (၇း၁၅) မိနစ် အချိန်တွင် DKBA တပ်သား ၁၀ ဦးနှင့် အရပ်သား ၅၀ ခန့် ရောက်ရှိလာပြီး ဦးသုဇန၏ညွန်ကြားချက် အတိုင်းဖြိုဖျက်ခဲ့ပါသည်။ ၄င်းပြဿနာသည်လည်း ဦးသုဇန၏ အိမ်မက် မှစတင်ခဲ့ပါသည်။
အိမ်မက်အရ ဗလီ၏အောက်ခြေတွင် ဘုရားငုတ်တို ရှိသည်ဟု အိပ်မက် မက်ပြန်သည်။
ဗလီကိုဖျက်ပြီးသော်လည်း ဘုရားငုတ်တို ကိုရှာ ၍ မတွေ့ခဲ့ပါ။ ထိုစဉ်က အစိုးရအသိမှတ်
ပြု အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး များမှ ပူးပေါင်း၍ သက်ဆိုင်ရာကို တင်ပြခဲ့သော်လည်း
ကရင်ပြည်နယ် ပ.ရ.က ဥက္ကဌ ဗိုလ်ချုပ် ဇော်မင်းက “ဆရာတော် သိပ်လိုချင်ရင် ပေးလိုက်ပါ” ဟူဆိုပြီး ဥပဒေကို မထီမဲ့မြင်ပြုကာ ဦးသုဇနဖက်မှ ရပ်တည်ခဲ့သည်ကို ထောက်ခြင်းဖြင့် နအဖ နှင့် တစ်ဖက်တည်းရပ်တည် ကြောင်းပေါ်လွင်ပါသည်။
ယခင်ကလည်း နှဘူးကျေးရွာ နှင့် သခွတ်ဖိုး ကျေးရွာ များရှိ ဗလီဝတ်ကျောင်းတော် ၂ လုံးအားလည်း ဦးသုဇန ၏အိမ်မက်အရဖျက်စီးခဲ့ပြီး ဖြစ်ပါသည်။

ဦးသုဇန၏ အမှတ်တမဲ့ဝန်ခံချက်
မြစ်ဆုံ ပြဿမဖြစ်ခင် KNU ခေါင်းဆောင် ဗိုလ်ချုပ်စောဘိုမြ မှ ဦးသုဇန ကိုတွေ့ဆုံပြီး
ဖျောင်းဖျသည်မှာ-
“ ဘုန်းကြီး... ဒီလိုအရမ်းမလုပ်ပါနဲ့၊ ကျနော်တို့ကရင်အချင်းချင်းစည်းလုံးရမယ်၊ ရန်သူက
ဘုန်းကြီးကိုခိုင်းတယ်။ ဘုန်းကြီးလိုက်လုပ်တာမကောင်းပါဘူး။ ဒီလို မလုပ်ပါနဲ့တော့။”

ထိုအခါ ဦးသုဇနမှပြန်လည် မိန့်ကြားသည်မှာ-
“ အို... ဘုန်းကြီးမလုပ်တော့ပါဘူး”
ဦးသုဇန ၏ မိန့်ကြားချက်တွင် ရန်သူန၀တ ၏ခိုင်းစေချက်အတိုင်းလုပ်နေသည်ကို ၀န်ခံခဲ့ပါသည်။

ယခုလည်း ဦးသုဇန ဦးဆောင်ပြီး ငြိမ်းချမ်းရေး စကားကမ်းလှမ်းမှုသည် ၇န်သူ နအဖ ၏
စေခိုင်းချက်ပါ မပါ KNU အနေဖြင့် လေးနက်စွာ ကိုင်တွယ်စီစစ်ရန်လိုပါသည်။ ကျန်ရှိ
သော ရာပေါင်းများစွာသော် DKBA ရဲဘော်များကို ထောက် ၍ ငြိမ်းချမ်းရေးကို အလေး
အနက်ထားပြီး KNU အနေဖြင့် ထိရောက်စွာ ကြိုးစားသင့်သလို ငြိမ်းချမ်းရေးကို ဘမ်း
ပြပြီး အနီးကပ်ဓါးထိုးခံရသည့် အဖြစ်မျိုးမကြုံအောင် KNU ဖက်မှလည်း ကြိုတင်ကာကွယ်
ရေးအစီအမံ များ ထားရှိသင့်ပါသည်။ DKBA အနေနှင့်လည်း ငြိမ်းချမ်းရေးကို အမှန်တ
ကယ်လိုလားပါက ခေါင်းအစစ်အမှန်ကို ရွေးထုတ်ပြီး၊ ရိုးသားမှုကို သာဓက အထောက်
အထားပြ ၍ ငြိမ်းချမ်းရေးကို ရယူသင့်ပါပြီ။

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
သူမိုက်ကို မမှီဝဲ မဆည်းကပ်ခြင်း ၊
ပညာရှိသူကိုမှီဝဲဆည်းကပ်ခြင်း ၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်း ၊

မေတ္တာဖြင့်

ဖူးဒို
ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၀၉

2 comments:

Kawkasa said...

This monk is not monk , it is fucking burmese military puppy.It is like fucking Simontha,and Blawah who try to break our Karen resistance group.

Name correction said...

To Kawkasa.....You right. But I think you miss type people name here or another guy. As I known a person name Blawah is not correct. His name is Bla Htoo.

Post a Comment