ondragstart="return false" onselectstart="return false"

Thursday, December 3, 2009

ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်ဖွဲ့မည်ကို ပြည်သူများစိုးရိမ်

ဒီဇင်ဘာ -၃

နယ်ခြားစောင့်တပ်ဖွဲ့စည်းထားရှိပြီးသော ဒေသများတွင် မူးယစ်ဆေးဝါးရောင်းဝယ် မှုများ ဆက်လက် စည်ကားလျက် ရှိပြီး လူ့ အခွင့်အရေးချို့ ဖောက်ခံရမှုများ ဆက်လက်ရှိနေသော ကြောင့် ပြည်သူများ ရတက်မအေးစွာနေထိုင်ရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ထိုသတင်းများသည် ကချင်ပြည်နယ်၊ ကယားပြည်နယ်များမှသည် ယခုအခါကရင်ပြည်နယ်သို့ ရောက်ရှိလာသည်။ ကရင်ပြည်နယ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော စောဖီးရီမို(သံတောင် ငြိမ်းအဖွဲ့ )၊ စောသူမူးဟဲအဖွဲ့  ၊ ဗိုလ်ထိန်မောင်အဖွဲ့၊ ဖဒိုအောင်ဆန်းအဖွဲ့ နှင့် ဒီကေဘီအေအဖွဲ့တို့ရှိကြရာ လက်တလောရရှိသောသတင်းများအရ ဒီကေဘီအေ နှင့် သူမူးဟဲ တပ်ဖွဲ့ သာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူညီထားသည်။

ကျန်သောအဖွဲ့များက ဒီမိုကရေစီအစိုးရတက်လာမှသာ နယ်ခြားစောင့်တပ်ပြောင်းရေး၊ မပြောင်းရေး ဆုံးဖြတ်မည်ဟု သဘောထားတင်းမာနေကြသည်။ ၎င်းအဖွဲ့များမှာ လက်ရှိတွင် သစ်မှောင်ခိုလုပ်ငန်း၊ နွားမှောင်ခို လုပ်ငန်းနှင့် တခြား စီးပွားရေးလုပ်ငန်းများနှင့် အဆင်ပြေ ကောင်းမွန်လျက်ရှိသော်လည်းဒေသခံ ပြည်သူအများစုမှာ ဆင်းရဲကြပ်တည်းလျက် ရှိသည်။ သို့  သော်လည်းတစုံတရာ သူတို့ ၏ အမျိုးသားလက္ခဏာ များကို ဆက်လက်ထိန်းသိမ်းထားနိုင်သေးသည်။

နယ်ခြားစောင့်တပ် အသွင်လက်ခံမည်ဆိုပါက နအဖ တပ်မှ သူတို့ တပ်အတွင်းစိမ့်ဝင်လာမည် ဖြစ်ပြီး နောင်တွင် သစ်ပင် ကြီးတပင်၏ ခွတွင် ဌက်ကလေးတစ်ကောင်မှ မစင် လာစွန့် ကျဲ့ ထားသော
ညောင်စေ့လေး တစ်စေ့က မှပေါက်ဖွားလာသော ညောင်ပင်ပေါက်ကလေးဟာ နောင်တွင် ထိုသစ်ပင်ကြီး ကို တဖြေးဖြေး ရစ်ပါတ်ဝါးမျိုကာ နောက်ဆုံးတွင် ထိုသစ်ပင်ကြီးသည် သေဆုံးသွားပြီး ညောင်ပင်ကြီး ရယ်လို့ ပြန် ဖြစ်လာ မည်ကို ကျန်ရှိနေသေးသော ကရင် လက်နက်ကိုင်အဖွဲ့ များက စိုးရိမ်နေကြပါသည်။

ဒေသခံအများစုမှာ လက်ရှိငြိမ်းချမ်းရေးယူထားသော ကရင်တပ်ဖွဲ့အားလုံး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး မလိုလားကြားပါ။ အဘယ်ကြောင့်ဆိုသော် ကိုယ့်ကရင်အမျိုးသားအလံတော်ကိုတောင်မှ အသုံးပြုပိုင်ခွင့်ရှိကြမှာ မဟုတ်ပဲ ဗမာ့တပ်မတော်ရဲ့ အလံတော်အောက်မှာ ဗမာစစ်တပ်ခိုင်းသမျှ ကရင်များလိုက်လုပ်ကြရမည်ကို ဒေသခံများကို မလိုလါးကြပါ။

နယ်စပ်ဒေသစစ်ရေးလေ့လာရေးအဖွဲ့၏ လေ့လာချက်များအရ ကေအင်ယူခွဲထွက် ငြိမ်းအဖွဲ့များမှ လက်အောက်ငယ်သား အများစုမှာ စစ်အစိုးရမှ လစဉ်ပုံမှန်ပေးအပ်မည့် လစာ၊ ရိက္ခာ၊ စစ်ဝတ်ပစ္စည်းများနှင့် အခြားထောက်ပံ့မှုများကို ပေးမည်ဆိုထားသော်ငြားလည်း ကရင်ပြည်နယ်တွင် လုပ်ရှားနေသော နအဖ တပ်တို့ ၏ ဘ၀ကို ကြည့်ပြီး ကရင်လူထုသည် သူတို့ ၏သွေးရင်းများ ထို ဘ၀မျိုးသို့  ရောက်မည်ကို မလိုလါးကြပါ။

အဘယ်ကြောင့်ဆိုသော် နအဖ တပ်များသည် ကရင်ပြည်နယ်တွင် လှူပ်ရှားမှုများပြုလုပ်သောအခါတွင် ရွာသားများအား ရိက္ခာ များပြန်တောင်းယူခြင်း၊ တောင်းမရလျှင် ခိုးယူခြင်း၊ ဖျက်ဆီးခြင်း၊ ဗမာတပ်မတော်အတွင်း အထက်အောက်မညီမျှမှု၊ အကြောင်းအမျိုးမျိုးပြပြီး ဟိုဖြတ် ဒီဖြတ်နှင့် ရရှိသောလစာဝင်ငွေမှာ တပ်ရင်းတွင်ကျန်ခဲ့သော တပ်မတော်သားတို့ ၏ ဇနီးသားမယား များတို့ ၏ဘ၀ လူတန်းစေ့ပင်မရပ်တည်နိုင်ပဲ ဘယ်လောက်ဆိုးနေသည်ကို ရှေ့ တန်းရောက် တပ်မတော်သားတို့  ၏ရင်ဖွင့်ချက်အရ သိရှိနေကြပြီးဖြစ်၍ ကရင်လူထုအများစုသည် ငြိမ်းချမ်းရေးယူထားသော သူများ နယ်ခြားစောင့်တပ် ကို လက်ခံပြီးပါက ထိုသို့ ဘ၀မျိုးရောက်ကြမည်ကို အဖြစ်မခံလိုကြကြောင်း သတင်းရရှိပါသည်။

သတင်းပေးပို့သူ စောနယ်လ်ဆင်


No comments:

Post a Comment