ondragstart="return false" onselectstart="return false"

Monday, December 14, 2009

ဝှက်သယ်တဲ့ မြောက်ကိုရီးယားလက်နက် အမြောက်အများ ဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၃၊ ၂၀၀၉ (ဘန်ကောက်ပို့စ်)
Sunday, December 13, 2009

ရုရှကုန်တင်လေယာဉ်ကို လက်နက်မှောင်ခိုမှုနဲ့ ကြားဖြတ်ဖမ်းဆီး

မြောက်ကိုရီးယားကနေပျံသန်းလာတဲ့ အရှေ့ ဥရောပ လေယာဉ်တစီးပေါ်က လက်နက် တန်ချိန်ပေါင်း အမြောက်အများကို ထိုင်းအာ ဏာပိုင်တွေက ဖမ်းဆီးသိမ်းပိုက်လိုက် ပါ တယ်။

တနေ့တုန်းက ဒွန်မောင်းလေဆိပ်မှာ ခေတ္တ ခဏဆင်းလာတဲ့ တောင်အာရှဘက်ကို ဦး တည် ပျံသန်းနေတဲ့ လေယာဉ်တစီးကို ရှာဖွေ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်က နိုင်ငံခြားသား ၅ ဦးကို ထိန်းသိမ်းထားပြီး၊ လက်နက်တွေကို သိမ်းယူလိုက်ပါတယ်။ လေယာဉ်ကိုလည်း တရားဝင်သိမ်းလိုက် ပါတယ်။

မြောက်ကိုရီးယားမြို့တော်ပြုံယမ်းကနေ ပျံသန်းလာတယ်လို့ ထင်ရတဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ ဆီဖြည့်ဖို့ ရပ်နားခဲ့တာပါ။ အမေရိကန်လုံခြုံရေးအရာရှိတွေရဲ့သတင်းပေးချက်အရ ထိုင်းလုံခြုံရေးအရာရှိတွေက ရှာဖွေဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ စစ်တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အရာရှိတွေဟာ အလေးချိန် ၃၅ တန် လောက်ရှိတဲ့ သေတ္တာ ၁၂ လုံးထဲမှာ တွေ့ရတဲ့ လက် နက်ခဲယမ်းမီးကျောက်တွေနဲ့ပတ်သက်တဲ့ လျှို့ဝှက်သဲဖို အမှုကို စုံစမ်းစစ်ဆေးနေပါတယ်။

အစိုးရပြောရေးဆိုခွင့်ရှိသူ Panithan Wattanayakorn က “လက်နက်တွေက ဒုံပျံတွေပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပါတယ်” လို့ ပြောလိုက်ပြီး ဖမ်းဆီးသိမ်းပိုက်ထားတာကို အတည်ပြုပြောကြားပါတယ်။ အရှေ့ဥရောပနိုင်ငံက လူ ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထား တယ်လို့ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရိုက တပ်မှူး၊ ဒု-ဗိုလ်ချုပ်ကြီး Thangai Prasajaksattru က ပြောပါတယ်။ “လောင်ချာ၊ ဒုံးပျံနဲ့ တ ခြားလက်နက်တွေလို လက်နက်တွေ အများကြီးပဲ” လို့ သူက ပြောပါတယ်။

သံသယရှိသူ ၄ ဦးက ကဇက်လူမျိုးနိုင်ငံကူးလက်မှတ်နဲ့တခြားတဦးက ဘယ်လာရုစ်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင် ထားပါတယ်။ သူတို့တွေက ကဇက်စတန်နိုင်ငံက Alexandr Zrybnev (၅၃) နှစ်၊ Viktor Abdullayev (၅၈) နှစ်၊ Vitaliy Shumkov (၅၄) နှစ်၊ Ilyas Issakov (၅၃) နှစ်တို့နဲ့ ဘယ်လာရုစ်နိုင်ငံက Mikhail Petukhou (၅၄)၊ တို့ဖြစ်ပါတယ်။ ကုန်တင်လေယာဉ်ဟာ ပြုံယမ်းကနေ စတင် ထွက်ခွာလာတာ ဖြစ်တယ်။ လို့ လေတပ်ပြောရေးဆိုခွင့်ရှိသူ Montol Suchookorn နဲ့ ရဲအထူးသတင်းတပ်ဖွဲ့က ပြောပါတယ်။

“ ဒီကုန်တင်လေယာဉ်ဟာ အရပ်ဖက်ဆိုင်ရာလေဆိပ်ဖက်မှာ ဆင်းသက်ဖို့တောင်းဆိုခဲ့တာ ဖြစ်တယ်” လို့ ကပ္ပတိန် Montol က ပြောပါ တယ်။ ရုရှလုပ် Ilyushin Il-76 သယ်ယူပို့ဆောင်ရေးလေယာဉ်က လူ ၅ ဦးကို တင်ဆောင်ခဲ့တာပါ။ အကောက်ခွန်နဲ့ လူဝင်မှုကြီး ကြပ်ရေးအာဏာပိုင်တွေက လေယာဉ်ကို စစ်ဆေးတဲ့အခါ တင်းတင်းကြပ်ကြပ်ထုပ်ပိုးထားတဲ့ သံသယဖြစ်ဖွယ် သစ်သားနဲ့သတ္တု သေတ္တာတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သယ်လာတဲ့ကုန်ပစ္စည်းတွေထဲမှာ လက်နက်အပိုပစ္စည်းတွေ ပါတယ်လို့ သူတို့ကို ပြောပါ တယ်။ အာဏာပိုင်တွေက ဒီလူ ၅ ဦးကို လေယာဉ်ထဲက ထွက်လာဖို့ တောင်းဆိုပြီး လေဆိပ်တာဝန်ခံဖြစ်တဲ့ လေတပ်ကို သတိပေး တပ်လှန့်ခဲ့ပါတယ်။ သံသယရှိသူတွေက စစ် ဆေးသူတွေကို နည်းနည်းပဲ ပြောပြပါတယ်။ 4L-AWA မှတ်ပုံတင်စာရင်းဝင်၊လေယာဉ်ဟာ ဘယ်ကဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက အတည်ပြုပြီးပါပြီ။ လောလောဆယ်ဆယ်တော့ ဒီလေယာဉ်ဟာ ဂျော်ဂျီယာ ဒါမှမဟုတ် ရုရှ မှာ မှတ်ပုံတင်ထားတာ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

ပျံသန်းမှုခရီးစဉ်အရဆို ဒီလေယာဉ်ဟာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ကို ဦးတည်နေပါတယ်။ လက်နက်တွေဟာ သီရိလင်္ကာ ဒါမှ မဟုတ် အရှေ့အလယ်ပိုင်းကို ပို့မှာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအာဏာပိုင်တွေက သံသယရှိပါတယ်။ ဒီလေယာဉ်ဟာ ရုရှကနေ မြောက်ကိုရီးကိုပျံသန်းခဲ့ပြီး၊ အဲဒီမှာ လက်နက်တွေ တင်ခဲ့တာ ဖြစ်တယ်လို့ သံသယဖြစ် ခံရတဲ့သူတဦးက လုံခြုံရေးအာဏာပိုင်တွေကို ပြောပါတယ်။ နိုင်ငံခြားသားတွေကို ရာဇ၀တ်မှုနှိမ်နှင်းရေးဌာနမှာ ထိန်းသိမ်းထားပါတယ်။

သူတို့ဟာ လေကြောင်းစည်းမျဉ်းချိုးဖောက်မှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှုနဲ့လိမ်လည်ထွက်ဆိုမှုတွေနဲ့ တ ရားစွဲဆို တာ ခံရပါမယ်။ လက်နက်တွေကို နခုန်ဆ၀မ်၊ တာ့ခ်လိခရိုင်၊ အမှတ် ၄၊ လေကြောင်းဌာနမှာရှိတဲ့ လေတပ်လက်နက် ဂိုဒေါင်ကို လွှဲပြောင်းပေးအပ် ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့တရားစီရင်ရေးဌာနတို့ဟာ လေယာဉ်နဲ့မှောင်ခိုပစ္စည်းတွေကို အပြီးသိမ်းနိုင်၊ မ သိမ်းနိုင်ဆိုတာ သိရဖို့ အပြည်ပြည်ဆိုင်ရာစည်းမျဉ်းတွေကို ပြန်လည် ဆန်းစစ်နေပါတယ်။ ဒီစုံစမ်း စစ်ဆေးမှုမှာ နိုင်ငံခြားသံရုံးတွေ ပါဝင်ဖို့ တောင်းဆိုရမှာ ဖြစ်ပါတယ်။ အစိုးရရဲ့တုံ့ပြန်မှုက ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၊ ဆုံးဖြတ်ချက်တွေနဲ့အညီ ဖြစ်ပါတယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Thani Thingpakdiက ပြောဆိုပါတယ်။ လေယာဉ်ဟာ ဒေသတွင်းမှာ ပုံမှန်ပျံသန်း နေကြဖြစ်တယ်လို့ အတည်မပြုရသေးတဲ့ အစီရင်ခံစာတခုက ထုတ်ဖော်ပြောဆိုပါတယ်။ လေယာဉ်နဲ့ကုန်ပစ္စည်းတွေကို စုံစမ်းစစ် ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ထိုင်းအာဏာပိုင်တွေကို တောင်းဆိုထားတယ်လို့ စုံစမ်းစစ်ဆေးမှုမှာပါတဲ့ လေတပ်အရာရှိတဦး က ပြောပါတယ်။

“သံသယရှိတဲ့လေယာဉ်ကို စစ်ဆေးရာတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်က ကျနော်တို့ကို ချဉ်းကပ်လာပါတယ်၊ လေယာဉ် ဟာ မြောက်ကိုရီးယားကလာတာဖြစ်ပြီး၊ တောင်အာရှက နိုင်ငံတနိုင်ငံကို ဦးတည်နေပါတယ်။ ပါကစ္စတန်နိုင်ငံ ဖြစ်ဖို့များပါတယ်” လို့ သူက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့လည်း ပါဝင်ပါတယ်လို့ ၀န်ကြီးချုပ် အဘိဆစ်က ပြောပါတယ်။ သူ့အနေနဲ့ ဒီဖြစ်ရပ်ကို မသိပါဘူးလို့ ဘန်ကောက်၊ အမေရိကန်သံရုံး၊ ပြောရေးဆိုခွင့်ရှိသူ၊ Michael Turner က ပြောပါတယ်။
နေ့သစ်သတင်းမှ

No comments:

Post a Comment