ondragstart="return false" onselectstart="return false"

Saturday, December 5, 2009

တိုက်ပွဲသတင်း

သထုံခရိုင် - တပ်မဟာ(၁)

၂၈၊ ၁၁၊ ၀၉ - ဒီကေဘီအေ ကျော်မူလေး နှင့် ၀ါးဖိုး (လေးကေးအခြေစိုက်) အဖွဲ့ လိုခလော ရွာသို့ ဝင်ရောက်ပြီး ဆိတ်တစ်ကောင် တန်ဖိုး ၂၅၀၀၀ ကျပ် သတ်ဖြတ်စား။ တန်ဖိုးကျပ်ငွေ မပေးဆောင်ပါ။

၁၊ ၁၂၊ ၀၉ နံနက် ၀၈း ၃၅ အချိန်တွင် ခမ၇ ၂၁၈ စစ်ကြောင်း ၃ (ဗိုလ်မှူးရန်နိုင်ထွန်း ဦးစီး) စစ်ကြောင်းနှင့် ကေအဲန်အယ်လ်အေ ပျောက်ကျား တို့ ကားမဲနှင့် လါးခို ကြားတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရန် နအဖ တပ် မှ (၂)ဦးသေ (၅)ဦးဒဏ်ရာရ။ သေဆုံး ထိခိုက်ဒဏ်ရာရသူများသည် တပ်ကြပ်ကြီးတစ်ဦးနှင့်တပ်သားတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများထည့်တွင် ဗိုလ်မှူးရန်နိုင်ထွန်း၊ ဗိုလ်မှူးအောင်သူဘ နှင့်တပ်သားသုံးဦးတို့ ဖြစ်သည်။

၂၊ ၁၂၊ ၀၉ - အချိန် ၀၆း၀၅ နာရီတွင် ကေအဲန်အယ်လ်အေ ပျောက်ကျားတပ်ဖွဲ့ နှင့် ဒီကေဘီအေ ၃၃၃ စောဖထောအဖွဲ့  နိုဖိုးမို ရွာတွင်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူ တစ်ဦး သေ။ လက်ပစ်ဗုံး ၂ လုံး သိမ်းဆီးရမိ။ တရက်တည်း ၀၆း၁၀ နာရီတွင် နိုရာ ရွာတွင် ပြည်သူ့ စစ်နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ရာ ကျောပို့ အိတ်နှစ်လုံး၊ ပုခက်နှစ်လုံး၊ ယူနီဖေါင်းနှစ်စုံသိမ်းစည်းရမိ။ ထိခိုက်ဒဏ်ရာ၇ မသိရသေး။

တောင်ငူခရိုင် - တပ်မဟာ(၂)

၃၊ ၁၂၊ ၀၉ ရက်နေ့  ၁၂း၃၀ အချိန် နအဖ တပ်အား သံတောင်မြို့ သစ်(၁၃)မိုင် နှင့် သံတောင်ကြီး ကြား (၁၆)မိုင် တွင် ပျောက်ကျားပစ်ခတ်ရန် နအဖ တပ်မှ (၂)ဦးသေဆုံးပြီး MA-3 တစ်လက်သိမ်ဆည်းရရှိသည်။

ဖာပွန်ခရိုင် - တပ်မဟာ(၅)

၂၂၊ ၁၁၊ ၀၉ ရက်နေ့ ထီးခိုးဒေး နှင့် ဆောဆေးဒေး အကြားတွင် နအဖ စစ်တပ်အား ကေအဲန်အယ်လ်အေ အထူး ပျောက်ကျားမှ (၅)ကြိမ် ပစ်ခတ်ရန် နအဖ တပ်မှ (၅)ဦးဒဏ်ရာရ။
၂၅၊ ၁၁၊ ၀၉ ရက်နေ့ တွင် နဲဖိုးနှင့် ဆောဆေးဒေးကြားတွင် ပျောက်ကျားတိုက်ပွဲ (၂)ကြိမ်ဖြစ်၊ နအဖ တပ်မှ (၂) ဦး ဒဏ်ရာရ။ ထိုနေ့ တဆက်တည်းမှာပင် ကော်သူဒါးနှင့် စော်မူပလေါ ဒေသတွင် တိုက်ပွဲ ဖြစ်ရန် နအဖ တပ်မှ (၁)ဦး ထပ်မံ ဒဏ်ရာရ။

၁။ ၁၂၊၀၉ ရက်နေ့  ကဒေါဝေါအောခီး ထိုကီဒေးတွင် ပျောက်ကျားတိုက်ပွဲဖြစ်၊ နအဖ တပ် (၁)ဦး ဒဏ်ရာရ။

၂၊ ၁၂၊ ၀၉ ရက်နေ့  ပျောက်ကျားတိုက်ပွဲ ပူမူဒေး တွင်တကြိမ်၊ လိုခိုကု တွင်(၂)ကြိမ် စုစုပေါင်း နအဖ တပ်မှ (၃)ဦးဒဏ်ရာရ။ ထိုနေ့ တဆက်တည်းမှာပင် မာလေးလို နှင့် မယ်တိုနွယ်ထာ ကြားတွင် တကြိမ်တိုက်ပွဲဖြစ်။ နအဖ တပ်မှ (၁)ဦး ဒဏ်ရာရ။

No comments:

Post a Comment