ondragstart="return false" onselectstart="return false"

Tuesday, December 29, 2009

နအဖ စစ်တပ်၏ လူအခွင့်အရေးချိုးဖေါက်မှု နှင့် တိုက်ပွဲသတင်း

တပ်မဟာ(၂) - တောင်ငူခရိုင်

၂၅၊ ၁၂၊ ၀၉ ရက်နေ့  ၀၉း၃၀ နာရီအချိန်၌ KNLA အထူးပျောက်ကြားတဖွဲ့ မှ ခူလိုဒဲ နှင့် ပနာဝါးစို နယ်မြေကြားရှိ ထီးသေထာ အရပ်၌ တကြိမ်ပစ်ခတ်ရန် နအဖ တပ်မှ (၄)ဦးသေ၊ (၅)ဦး ဒဏ်ရာရ။

ထန်းတပင်မြို့ နယ်၊၂၆၊ ၁၂၊ ၀၉ ရက်နေ့  ၀၆း၄၅ နာရီအချိန်၌ KNLA အထူးပျောက်ကြားတဖွဲ့ မှ မော်ဖါးဒဲ ကားလမ်းမဘေးတွေ တကြိမ်ပစ်ခတ်ရန် နအဖ တပ်မှ (၃)ဦးသေ၊ (၉)ဦးဒဏ်ရာရ။ သေဆုံးသူများထဲတွင် တပ်ခွဲမှူး(၁)ဦးပါဝင်။

၂၆၊ ၁၂၊ ၀၉ ရက်နေ့ တွင် နအဖ တပ် စကခ(၇) ကလောမီးဒါးစခန်းခြေစိုက် ဗမာ့တပ်များမှ ကလော့မီဒါး ရွာသူ ရွာသား စုစုပေါင်း(၅၀)ဦးအား နအဖ တပ် ပုလဲဝ စခန်းမှ ကလောမီဒါး စခန်းသို့ စားနပ်ရိက္ခာများကို သယ်ဆောင်ရာ ပေါ်တာအဖြစ် အတင်းအကျပ်ခိုင်းစေ။

၂၇၊ ၁၂၊ ၀၉ ရက်နေ့ ၁၁း၃၀ အချိန်တွင် KNLA မှ ဘားနားဒေးဧရိယာ၌ ပျောက်ကြား တကြိမ်ပစ်ခတ်ရန် နအဖ တပ်မှ (၁)ဦးဒဏ်ရာရ။

၂၈၊ ၁၂၊ ၀၉ ရက်နေ့  စကခ(၇) ကလောမီဒါးအခြေစိုက် ဗမာ့တပ်များက နောက်ထပ်တကြိမ် ကလောမီဒါး ရွာသား(၂၅)ဦး၊ ရွာသူ(၃၅)ဦး အား ပုလဲဝ စခန်းမှ ကလောမီဒါးစစ်စခန်းသို့  စစ်တပ်ရိက္ခာများကို သယ်ဆောင်ပေးရန် ပေါ်တာအဖြစ် အတင်းအကျပ်ခိုင်းစေ။ ထို့ နေ့ မှာပင် စကခ(၇) ဖလေးဆာလိုအခြေစိုက် နအဖ စစ်တပ်များက ဖလေးဆာလို ရွာသူ၇ွာသားများအား ၀ါးလုံးကြီး အလုံး(၅၀)အားခုတ်ခိုင်းပြီး စစ်စခန်းသို့ ပို့ ဆောင်ခိုင်း။

၂၉၊ ၁၂၊ ၀၉ ရက်နေ့ ၀၉း၃၀ နာရီအချိန်၌ နအဖ တပ် သအေးထ စခန်းနံဘေး တွင် တကြိမ်ပျောက်ကြားပစ်ခတ်၇န် နအဖ စစ်တပ်မှ (၁)ဦးဒဏ်ရာရ။

တပ်မဟာ(၅) - ဖာပွန်ခရိုင်

၂၀၀၉ နိုဝင်ဘာလ(၁၅)ရက်နေ့ မှ ဒီဇင်ဘာ ၂၉ ရက်နေ့  အထိ KNLA မှ နအဖ စစ်တပ်၏ မြေတူးစက် D 4 (၂)စီး၊ D 5 (၂)စီး၊ ကားကြီး (၅)စီး ဖျက်ဆီးပစ်။

တပ်မဟာ(၆) - ဒူးပလာယာခရိုင်

၂၅၊ ၁၂၊ ၀၉ ရက်နေ့ ထီးဂူသော အခြေစိုက် နအဖ ခလရ ၃၅၇ ဗိုလ်မှူးသန်းထွန်းအောင် မှ လယ်ယာ ခြံမြေတဲများတွင် နေထိုင်သော ရွာသားများအား ရွာအတွင်းလို့ အကုန်ပြန်လာ နေထိုင်ရန် အမိန့် ထုတ်ပြန်။ ၁၅၊ ၀၁၊ ၂၀၁၀ ရက်ကို နောက်ဆုံးရက်အဖြစ်သတ်မှတ်ပြီး စပါးများကို လယ်တဲများ၊ တောများ တွင် တွေ့ မည်ဆိုလျှင် အကုန်မီးရှို့ ပစ်မည်ဟုအမိန့် ထုတ်ပြန်။

၂၈၊ ၁၂၊ ၀၉ ရက်နေ့ ၁၀း၁၆ နာရီအချိန်၌ DKBA 908 တပ်ခွဲ(၂)မှ စောဒါးဦးဆောင်သော အဖွဲ့ ဝင်(၆)ဦးသည် KNLA တပ်ရင်းအမှတ်(၁၈) သို့ ပြန်လည်ဝင်ရောက်လာပြီး ပူးပေါင်းလုပ်ကိုင်။

၎င်းတို့ မှာ - (၁) စောဒါး(၂၈)နှစ် - ဒုခွဲမှူး၊ (၂) ချာမူ(၂၃)နှစ် - တပ်စုမှူး၊ (၃) ညိုဝင်း (၂၅)နှစ် - တပ်ကြပ်ကြီး
(၄) လာသိုး (၅၇)နှစ် - တပ်သား၊ (၅) အိုဒဲ(၂၁)နှစ် - တပ်သား၊ (၆) ကျော်ဝါးဟဲ(၃၈)နှစ် - တပ်သား။

၎င်းတို့ နှင့်အတူပါလာသော လက်နက်များမှာ -

M 79 (၂)လက် - အသီး (၃၃) လုံး၊ M 16 (၄)လက် - ကျည်တောင့် (၄၀၀)၊ AK (၃)လက် - ကျည်တောင့် (၃၀၀)၊ RPG-7 ၁လက် - အသီး (၄)လုံး၊ ပို့ အားယမ်းတောင့် (၅)တောင့်၊ နင်းမိုင်း (၂)လုံး၊ စကားပြောစက် (၃) လုံး။

တပ်မဟာ(ရ) - ဖားအံ့ခရိုင်

၂၃၊ ၁၂၊ ၀၉ ရက်နေ့ ၌ နအဖ စစ်တပ် ခမရ ၂၉၉ မှ တပ်သားသုံးဦး KNLA ထံသို့ လက်နက်ချ ၀င်ရောင်လာ။ ၄င်းတို့ မှာ (၁) အောင်ကိုကို (၂၈)နှစ်၊ (၂) ငမိုး(၂၂)နှစ်၊ (၃) ကျော်စိန်ဝင်း(၁၆)နှစ်။

မှတ်ချက်။ ။ ကေအဲန်ယူရုံး ထုတ်ပြန်ချက်မှ ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

No comments:

Post a Comment