ondragstart="return false" onselectstart="return false"

Thursday, September 16, 2010

လူ့ အခွင့်အရေးချိုးဖေါက်မှု နှင့် BGF သတင်း

တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ဖလေးဆာလို အခြေစိုက် ဗမာ့တပ်မတော် ခလရ(၁၀၂) တပ်ဖွဲ့ ဝင်များသည် ဖလေးဆာလိုရွာသူရွာသား ကျား-မ စုစုပေါင်း ၃၀ ယောက်အား သပြေညွှန့် မှ ဖလေးဆာလို စစ်စခန်းသို့ စစ်တပ်နှင့်ဆိုင်ရာ အသုံးအဆောင်များကို ၁၃၊ ၉၊ ၂၀၁၀ ရက်နေ့ တွင် အတင်းအကြပ် သယ်ယူခိုင်းကြောင်း သတင်းရရှိသည်။

ထိုနေ့ တွင်ပင် ကလော်မီးဒဲရှိ နအဖ စစ်တပ်များသည် ကလောမီဒဲ ရွာသားများအား ဝါးလုံး(၃၀)ချောင်း အား စစ်စခန်းဆောက်လုပ်ရန်အတွက် ပို့ ဆောင်ခိုင်းကြောင်း သတင်းရရှိပါသည်။

နအဖ စစ်တပ်များသည် ဒေသခံ ကရင်လူမျိုးများကို ကျွန်သဖွယ် ခိုင်းစေပြီး ကိုယ့်ရိက္ခာနှင့်ကိုယ် ရွာသားများ နအဖ စစ်တပ်အတွက် တချိန်လုံး လုပ်ပေးနေရပါသည်။

ဖားအံ့ခရိုင် တပ်မဟာ(၇) နယ်မြေ၌ ၁၄.၉.၂၀၁၀ ရက်နေ့ တွင် BGF အမှတ်(၁၀၁၇) မှ တပ်သား အစိန် ၄၂နှစ်သည် KNU ထံသို့ လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိသည်။

Type the rest of your post here.

No comments:

Post a Comment