ondragstart="return false" onselectstart="return false"

Monday, September 13, 2010

ဗမာ့တပ်မတော် ညောင်လေးပင် ဒေသတွင် လူထုအပေါ်ယုတ်မာနေ

ညောင်းလေးပင် ခရိုင်ဒေသ ဗမာ့တပ်မတော် စကခ ၁၆ နှင့် ခလရ ၂၄၂ တပ်ဖွဲ့ များသည် ၆၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင် ရွာသားများ တရွာနှင့်တရွာ ဖြတ်သန်းသွားလာမှု အားလုံးကို ပိတ်ပင်ထားမြစ်ထားလျက် ရွာသားများကို ရွာအပြင်ပေးမထွက်ပါ။ သည့်ပြင် ဥယဉ်ခြံ၊ လယ်ထဲသို့ သွားလာခွင့်ကို လည်း ခွင့်မပြုသည့်အပြင် ရွာပြင် လမ်းမပေါ် တွေ့ ရှိပါက ပစ်သတ်မည် ဟု အမိန့် ထုတ်ထားကြောင်း သတင်းရရှိပါသည်။

၇၊ ၀၉၊ ၂၀၁၀ ရက်နေ့ တွင် မဒေါကူးရွာ၊ ဟီဖိုးဒဲရွာ၊ ပါတလာရွာ၊ ဒေါခိုရွာ၊ ပအောတောရွာ စသည့် ရွာများမှ ရွာသား စုစုပေါင်း (၂၆)ဦးအား ဖမ်းဆီး ချည်နှောင်ထားပြီး ပြင်းပြင်းထန်ထန် ရိုက်နက် ညှင်းပန်းနိုပ်စက်ကာ ထဲထူ စစ်စခန်းသို့ ပို့ ကာ ချူပ်နှောင်ထားကြောင်းသတင်းရရှိပါသည်။

ယခုအချိန်တွင် ဗမာ့တပ်မတော် သည် ရွာလူကြီးများကို ချုပ်နှောင်ကာ အတင်းအကျပ် လက်မှတ်ထိုးခိုင်းကြောင်း၊ လက်မှတ်ထိုးရသည့် အကြောင်းအရင်းမှာ ရွာအပြင် နှင့် ကမ်းလမ်းမပေါ်တွင် ပေါက်ကွဲမှု တိုက်ခိုက်မှုများ မဖြစ်ရ ဟုဆိုကာ အကျပ်ကိုင်လက်မှတ်ထိုးခိုင်းကြောင်း၊ အကယ်၍ ပေါက်ကွဲမှု တိုက်ခိုက်မှုများ ဖြစ်ခဲ့ပါက ရွာလူကြီးများကို အကုန်သတ်ပစ်မည်ဖြစ်ကြောင်း စသည်ဖြစ်အမိန့် များထုတ်ထားကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ယခုအချိန်တွင် နအဖ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် ၄င်းဒေသတွင် နံ့ သာကွင်း တံတား တည်ဆောက်ပြီးစီးရေးအတွက် ဘေးပန်းဝန်းကျင်ရှိ ရွာသားများအား နည်းမျိုးစုံဖြင့် ဖမ်းဆီးထားကြောင်း သတင်းရရှိပါသည်။

၎င်းဒေသရှိ မုဆိုးမ တစ်ဦး၏ အဆိုအရ နအဖ စစ်တပ်တွေဟာ ရွာသားတွေကို ဖမ်းဆီးချည်နှောင်ပြီး ရိုက်နှက်ညင်းပန်းနိုပ်စက်တာကို သူနားမလည်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်လျှင် ရွာလူကြီးတွေကို အကုန်သတ်ပစ်ပစ်မည် ဟုဆိုသော ဗမာ့တပ်မတော်အား “ဒီလူတွေ ယောင်္ကျားကြီး တွေဖြစ်ဒါမက သေနတ်တွေကိုင်ပြီး တိုက်ပွဲဖြစ်လာလျှင် ဘာမှမဆိုင်တဲ့ ရွာသားတွေကို သတ်ပစ်မယ်လို့ ပြောတာ အံ့သြစရာကောင်းပါကြောင်း သူ့ တို့ အစား ကျမ ရှက်ပါကြောင်း။ ယောင်္ကျားတွေ ဖြစ်ပြီး ယောင်္ကျား ပီသတဲ့ အလုပ်မျိုး လုပ်စမ်းပါ” လို့ ပြောဆို ဝေဖန်သွားပါတယ်။


Type the rest of your post here.

No comments:

Post a Comment