ondragstart="return false" onselectstart="return false"

Friday, September 3, 2010

ရင်ဖွင့်သံည

အီးမေးမှတဆင့် လက်ခံရရှိတဲ့ ဆောင်းပါး တပုဒ်ပါ။ ပေးပို့ လာသူ နန်းချောင်အွာ အား အထူးကျေးဇူးတင်ရှိပါကြောင်း ကျနော်တို့ သောသီခို့ အဖွဲ့ မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။



ရင်ဖွင့်သံည
၃၊ ၉၊ ၂၀၁၀

ကျမဟာကရင် ပြည်နယ်အတွင်းမှ အမျိုးကိုချစ်တဲ့ ကရင့်အမျိုးသမီးတဦးဖြစ်ပါတယ်။ ခုတလောကြားရ၊ မြင်ရ၊ သိရသမျှသတင်းတွေ၊ အခြေအနေတွေ၊ ဖြစ်ပျက်မှုတွေဟာ ကျမအတွက် ခံစားမှုပေါင်းများစွာနဲ့ ယူကျုံးမရဖြစ်စေခဲ့ရပါတယ်။ ကျမဖြတ်သန်းလာခဲ့သော ကာလအနည်းငယ်အတွင်း၌ ပြန်ကြည့်လျှင် 1995 မတိုင်ခင်ကာလတွင် K N U တခုထဲသာရှိတယ်။ 1995 ခုနှစ်မှစ၍ကနေ့အထိပေါ့ ကရင့်အမျိုးသားများထဲတွင် အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာပြီး သူတလူငါတမင်း အစိတ်စိတ်အမွှာ မွှာ အကွဲကွဲအပြဲပြဲ ဖြစ်ကုန်တော့တယ်။ ကျမရင်ကွဲမတတ်ခံစားရပါတယ်။ ဒါပေမဲ့ ကျမစိတ် ကိုဖြေသာ လို့ရသေးတာတခုကတော့ ဒီကေဘီအေ တပ်ဆိုတဲ့ အဖွဲ့က ကရင့်အမျိုးသား နှစ်သစ်ကူး နေ့ကြီးရက်ကြီးတွေမှာ ဒီိကေဘီအေ တပ်နဲ့ ကရင့်အမျိုးသားပြည်သူလူထုများ , ကရင့်ယဉ်ကျေး မှုဒုံးအကများနဲ့ ကရင့်တမျိုးသားလုံး အထွဋ်အမြတ်ထားတဲ့ ကရင်အမျိုးသားအလံများ လေထဲတွင် ဝင့်ကြွားစွာ တလူလူလွင့်နေပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သေးတာကိုကြည့်ပြီး ကျမ ပီ တိ ဖြစ်ခဲ့ရပါသေးတယ်။

ဒီကေဘီအေ(DKBA Day)ဆိုလဲ ထိုနည်းလည်းကောင်းဘဲ၊ ဒါပေမဲ့ကရင့်တမျိုး သားလုံးအတွက်ပြည့်စုံမှုတော့ မဟုတ်ပါဘူး။ ထူးထူးခြားခြား ရရှိတာတခုကတော့ ကရင်ပြည်နယ်မှာက ရင်လူထုများ အာဝါဒေနဲ့ မူးယစ်ဆေးဝါးကြောင့် ကရင့်အမျိုးသား လူငယ်မောင်မယ်များ သာမက ကရင် လူထု တော်တော်များများ ဘဝပျက်စီးတာကိုတွေ့ရပါတယ်။ ကျမကတော့ ကျမတို့ကရင့်အမျိုးသားများ မကွဲကွဲအောင် နည်းအမျိုးမျိုးနဲ့ ဗမာစစ်အစိုးရမှ လုပ်တယ်လို့ဘဲမြင်တယ်။ ဘာဖြစ်လဲဆိုတော့ ကျမမြင်သမျှပေါ့၊ ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တွေကို စီးပွားရေး အလုပ်အမျိုးမျိုးလုပ်ခိုင်း တာတွေ့တယ်။ အထူးသဖြင့်မူးယစ်ဆေးဝါးလုပ်ငန်းများဆိုရင် နားလည်မှုပေးပြီး လုပ်ခိုင်းတာအများကြီး တွေ့ရပါတယ်။

ကျမကိုယ်တိုင် တစ်ခါနှစ်ခါလုပ်ခဲ့ဘူးသေးတယ်။ ကျမအဖော် အဖမ်းခံရလို့ ကျမ ကြောက်ပြီးမလုပ်ရဲ တော့ဘူး။ ကျမ ကံကောင်းလို့အဖမ်းမခံရတာ။ ထားပါတော့လေ။ အခုတလော မှာ အခြေအနေတွေပိုဆိုး တယ် လို့ကျမထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးဆိုတဲ့အဖွဲ့ တွေကို ဗမာစစ်အစိုးရက ''နယ်ခြားစောင့်တပ်"လုပ်ခိုင်းတယ်၊ ပြီးတော့အရင်တုန်းကစီးပွားရေး လုပ်ခွင့်ပေးထားတဲ့ နယ်ခြားဂိတ် တွေပိတ်တယ်၊ ကျမစိတ်အနာဆုံးတခုကတော့ (2010) ခုနှစ်သြဂုတ်လ (5)ရက် နေ့မှာ ကျမ တို့ကရင့်တမျိုးသားလုံး အထွဋ်အမြတ်ထားတဲ့ ကရင့် အမျိုးသားအလံတော် ကို ဆွဲချခိုင်းတာဘဲဖြစ်တယ်၊ ဒီ လုပ်ရပ်ဟာ ကျမတို့ကရင့်တမျိုးသား လုံးအပေါ်ကို စော်ကားတယ်လို့ဘဲမြင်တယ်။ ကျမအရမ်း စိတ် နာတယ် ၊ ရင်နင့်နေအောင် ခံစားရတယ်။ ဒါကြောင်ဒီ ''ရင်ဖွင့်သံ" ဆိုတဲ့စာလွှာကိုကောက်ရေးလိုက်တာဖြစ်ပါတယ်။
ကျမထင်တယ်၊ ကျမခံစားရသလို ကျမတို့  ကရင်အမျိုးသားများလည်း ကျမခံစားရသလိုဘဲ ခံစားရမယ်လို့ယုံကြည် ပါတယ်။ ကျမတို့ခံ စားရတာနဲ့မပြီးသေးပါဘူး၊ ကျမတို့ ကရင့်တမျိုးသားလုံးအတွက် အရေးကြီးဒါက ကျမတို့ကရင့်အမျိုးသားများ သင့်သင့်မြတ်မြတ် စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပြန်လည်ပေါင်းစည်း ကြဘို့ အရေးအကြီးဆုံးဖြစ်ပါတယ်။

စည်းလုံးညီညွတ်မှုမရှိ သော လူမျိုးတစ်မျိုးဟာကိုယ်လူမျိုးဘဝ တိုးတက်မှုသာယာဝပြောမှုဆိုတာ ဘယ်တော့မှ မရရှိနိုင်ပါဘူး။ ဒါကြောင့် နောက်ဆုံး အနေနဲ့ တိုက်တွန်းနိုးဆော်ချင်တာကတော့ ကိုယ်အမျိုးသား အချင်းချင်း ပြန်လည်၍ နားလည်မှု တည်ဆောက်ကြပါ၊ ကရင့်အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ စည်းလုံး ညီညွတ်မှုကို ကြိုးစား၍ ပြန်လည် တည်ဆောက်ကြပါ၊ ကိုယ့်အမျိုးသား အချင်းချင်း ပြန်ချစ်ကြပါ၊ ၁၅နှစ်တာကာလ အတွင်း ကရင့်အမျိုးသားအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုအားလုံး ကိုရပ်တန်းက ရပ်ပြီး ကရင့် အမျိုးသားစည်းလုံးညီးညွတ်ရေးကို မရရအောင် ပြန်လည်ကြိုးစား တည်ဆောက်ကြပါလို့ ဤစာလွှာဖြင့် ကျမရင်ဖွင့်ပြောကြား ရင်း တိုက်တွန်းလိုက်ရပါတယ်။



နန်းချောင်အွာ
လှိုင်းဘွဲမြို့နယ်
ကရင်ပြည်

2 comments:

Anonymous said...

you right ,that true,Now what? where the DKBA now.kyaw than,chit thu where u guys going now.r u stay there.

Anonymous said...

ကရင်အချင်းချင်းတစ်ခုတည်းမဟုတ်ပါဘူး နိုင်ငံတ်ာခုလုံး စည်းလုံးညီညွတ်ဖို့ဆိုတာ နိုင်ငံတော်က ချမှတ်ထားတဲ့လမ်းစဉ်(၇)ရပ်တိုင်း အေးချမ်းစွာ အတူလက်တွဲလုပ်ဆောင်မယ်ဆိုရင် ဒီတိုင်းပြည် ငြိမ်းချမ်းစည်းလုံးပြီး ဖွံ့ဖြိုးတိုးတတ်လာမှာ အမှန်ပါ...နိုင်ငံတော်ရဲ့လမ်းစဉ်တိုင်း အေးချမ်းစွာလုပ်ကိုင်ကြတဲ့ DKBA လို KNU သာအတူတကွလုပ်ဆောင်မယ်ဆိုရင် ကရင်ချင်းချင်းလည်း မသင့်မြတ်စ၇ာအကြောင်းမရှိသလို နိုင်ငံတော်လည်း ထာဝရငြိမ်းချမ်း စည်းလုံးနေမှာအမှန်ပါပဲ...

Post a Comment