ondragstart="return false" onselectstart="return false"

Wednesday, September 15, 2010

အပစ်ရပ် “ဝ”နယ်မြေအနီးသို့ မြန်မာတပ်မတစ်ခု ချဉ်းကပ်နေပြီ

Tuesday, 14 September 2010 21:43 သျှမ်းသံတော်ဆင့်

နယ်ခြားစောင့်တပ် ငြင်းဆန်နေသည့် တရုတ်နယ်စပ်ရှိ အင်အားကြီး ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နယ်မြေအနီးသို့ မြန်မာစစ်တပ်မှ ကျောက်မဲမြို့ အခြေဆိုက် စကခ (၁) လက်အောက်ခံ နည်းဗျူဟာတစ်ခုကို စက်တင်ဘာလ ၁၂ ရက်နေ့ က စတင်စေလွတ်လိုက်ပြီး ကျန်တပ်ရင်းများကို အသင့်ပြင်ထားရန် ညွန်ကြားထားကြောင်း သိရသည်။

နအဖ စစ်တပ် (ဓါတ်ပုံ - HURFOM)

ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေ မန်းဆိုင်နှင့် အနီးဆုံးဖြစ်သော မြန်မာစစ်တပ်ထိန်းချုပ်ရာ တန့်ယန်းမြို့သို့ စေလွတ်လိုက် ခြင်း ဖြစ်ပြီး ထိုမှတဆင့် ဝ နယ်မြေအား စိုးမိုးထားသော လွယ်ပန်လုံ မြန်မာတပ်စခန်းသို့ ဦးတည်ချီတက်နေသည်ဟု စစ် ဘက်နှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“တန့်ယန်းကနေဆိုရင် သံလွင်မြစ်ကူးတဲ့ တာကော်အက်တံတားကို ဖြတ်ပြီး တောင်ကြောကို တစ်နာရီကျော် လောက် သွားရတဲ့ လွယ်ပန်လုံဘက်ကို ပို့နေတယ် လွယ်ပန်လုံစခန်းက ဝ နယ်မြေကို အပေါ်စီးကနေစိုးမိုးထားတဲ့ ပို့စ်ကုန်း တစ်ခုပေါ့ ဒီကနေ၀င်ရင်တော့ ဝ ဋ္ဌာနချုပ်ပန်ဆန်းနဲ့ ဝ မြောက်ဒေသကို ဖြတ်ထားလို့ရတယ် ” ဟု သူက ဆိုသည်။

သျှမ်းပြည် (မြောက်ပိုင်း) တန့်ယန်းမြို့၌ အရှေ့မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာတစ်ခု ထားရှိရာ ၎င်း စစ်ဗျူဟာအောက်တွင် အနည်းဆုံး တိုက်ခိုက်ရေးတပ်ရင်း ၇ ရင်းခန့်ရှိကြောင်း သိရသည်။

ထို့အပြင် နောက်ထပ်မြန်မာတပ်မ တစ်ခုကို အသင့်ပြင်ခိုင်းထားသေးရာ ဝ နယ်မြေအနီးသို့ ဝင်လာမည့် မြန်မာတပ်မ အနည်းဆုံး ၂ ခုခန့်ရှိနိုင်ကြောင်း သိရသည်။

“စကခ ၁ က ဗျူဟာတစ်ခုကို တနင်္ဂနွေနေ့က ပို့လိုက်တယ် သူ့လက်အောက်ခံ ဗျူဟာ ၂ ခုကိုလည်း အသင့်ပြင် ခိုင်းထား တယ် နောက်ထပ်တပ်မတစ်ခုကိုလည်း ဆွဲတင်မယ် အားလုံး တပ်မ ၂ ခုလောက် ဖြစ်တာပေါ့ ” ဟု သူက ဆိုသည်။

မြန်မာစစ်တပ်မှ ယခုလို စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့်တိုင်အောင် ဝ ဒေသတစ်ခုလုံးကို ထိုးစစ်ဆင် တိုက် ခိုက်နိုင်သည့် အနေအထားမဟုတ်သေးကြောင်း အပစ်ရပ် ၄ ဖွဲ့ ပူးပေါင်းထားသည့် PDF တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦး က သုံးသပ်ပြောဆိုသည်။

“ ဝ နယ်တစ်ခုလုံးကို တိုက်နိုင်တဲ့ အနေအထားတော့မဟုတ်ဘူး သူတို့လုပ်ချင်ရင် နယ်စပ်နဲ့ဝေးတဲ့ အတွင်းပိုင်း တစ်နေရာ လောက်ကို ၀င်သိမ်းတာမျိုးလုပ်နိုင်တယ်” ဟု ဆိုသည်။

အဆိုပါ မြန်မာစစ်တပ်ချဉ်းကပ်လာသည့် ဝ နယ်မြေတွင် ဝ တပ်ဖွဲ့ဘက်မှ ၄၃၈ တပ်မဟာအပါအဝင် တပ်မဟာ ၂ ခုတို့က ထိန်းချုပ်ထားကြောင်း သိရသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးနှင့် လက်နက်စွန့်ရေးကိစ္စ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား အကြောင်းပြန်ရန် မြန်မာစစ်တပ်ဘက်မှ ရာဇသံကို အပစ်ရပ်များက ငြင်းပယ်ပြီးနောက် မြန်မာစစ်တပ်နှင့် အပစ်ရပ် အဖွဲ့များ စစ်ရေးအရတင်းမာနေခြင်းဖြစ်သည်။

သံလွင်မြစ်အနောက်ဘက်ကမ်း ဝ ထိန်းချုပ်နယ်မြေ၏ မျက်နှာစာရှိ နယ်ခြားစောင့်တပ် ငြင်းဆန်နေသော သျှမ်းပြည် တပ်မ တော် (မြောက်ပိုင်း) တပ်မဟာ ၁ ဌာနချုပ် ဝမ်ဟိုင်းအား ယခုလဆန်းပိုင်းမှစ၍ မြန်မာစစ်တပ်က ၀ိုင်းရံပိတ်ဆို့ ထား သောကြောင့် သျှမ်းတပ်ကဦးစွာထိပ်တိုက်ရင်ဆိုင်ရဖွယ်ရှိကြောင်း အပစ်ရပ် SSA တပ်မဟာ (၁) အရာရှိတစ်ဦး ကပြော သည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/86-2008-08-01-03-20-45/1092-2010-09-14-14-46-53

No comments:

Post a Comment