ondragstart="return false" onselectstart="return false"

Sunday, September 26, 2010

မြန်မာ့နိုင်ငံရေးပဋိပက္ခအကြား တရုတ် မည်သို့ရပ်တည်မည်နည်း

တရုတ်နှင့်မြန်မာနအဖတို့ နှစ်ဘက် ဆက်ဆံရေးပိုမို ကောင်းမွန်လာသည်နှင့် အမျှ တရုတ်နယ်စပ်အခြေဆိုက် အပစ်ရပ် အဖွဲ့များနှင့်မြန်မာနအဖတို့ ဆက်ဆံရေးမှာ တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာသည် ။ ယခုလဆန်းပိုင်းက နအဖ အကြီး အကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွေ တရုတ်ပြည်မှအပြန် ပြည်တွင်းအတိုက်အခံ အင်အားစုများနှင့် အပစ်ရပ်လက်နက်ကိုင် များကို နှိပ်ကွပ်မှုများ တိုးမြှင့်လုပ်ဆောင်လာသည်။

ထို့ကြောင့်တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒနှင့် အတိုက်အခံများအား နှိပ်ကွပ်နေသည့် နအဖ၏ အစီ အစဉ် အပေါ် တရုတ်၏ ရပ်တည်ချက်တို့ကို တရုတ်- မြန်မာနအဖတို့ ဆက်ဆံရေး အနီးကပ်လေ့လာနေသူ တရုတ် နယ်စပ်မှ စစ်ရေး/နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း တင်ပြထားပါသည်။

တရုတ်အတွက် မြန်မာပြည်ဟာ ဘယ်လောက်အရေးကြီးတယ်လို့ ထင်သလဲ?

တရုတ်နိုင်ငံရဲ့ဖွံ့ဖြိုးလာမှုနဲ့ သူ့ရဲ့ကြီးမားလာတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ကာကွယ်ဖို့အတွက် ရေတပ်ကြီး တစ်ခုတည် ဆောက်ဖို့ လိုအပ်လာတယ် အဲဒီအောက်မှာ လက်ရှိ တောင်တရုတ်ပင်လယ်ထွက် ပေါက်တစ်ခုထဲနဲ့ မလုံလောက် တော့ ဘူး အိန္ဒိယသမုဒ္ဒရာဘက်မှာလည်းလိုလာတယ်။
အထူးသဖြင့်အမေရိကန်ရဲ့လှုပ်ရှားမှုတွေ ဂျပန်ရဲ့လှုပ်ရှားမှုတွေအောက်မှာ သူ့အတွက် ပင်လယ်ပြာရေတပ်မတော် ဟာ မရှိမဖြစ်လိုအပ်လာတယ် ပင်လယ်၂ ခုမှာ လှုပ်ရှားသွားလာနိုင်ဖို့လိုလာတယ် အဲဒီအောက်မှာ မြန်မာပြည်ရဲ့ အခန်းကဏ္ဍ က ပိုအရေးကြီးလာတယ် သူ့ရဲ့အနောက်တံခါးဝလုံခြုံရေး သေနင်္ဂဗျူဟာ တစ်ခုတည်းတင် မဟုတ်ပဲနဲ့ သူ့ရဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ရင်းနှီးမြုတ်နှံမှုတွေကို ကာကွယ်ဖို့ ဗမာပြည်ဟာ အုပ်တစ်ချပ်သဲတစ်ပွင့်မကတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ် ဒါကြောင့် မို့ နအဖနဲ့ပိုမိုပြီးတော့ လေးနက်တဲ့ဆက်ဆံမှုရှိအောင်ကြိုးစားနေတာဖြစ်တယ်။

မြန်မာပြည်အပေါ်ထားတဲ့ တရုတ်ရဲ့လက်ရှိ ပေါ်လစီကို ဘယ်လိုမြင်သလဲ၊
တရုတ်ရဲ့ဗမာပြည်နဲ့ပတ်သက်လို့ အဓိကပေါ်လစီက အကြမ်းမျဉ်းပြောရရင် ရေတို အခွင့်အရေးပေါ်က ဆက်ဆံမှုပေါ့ စီးပွားရေးရင်းနှီးမြုတ်နှံမှုတွေမှာ ရေတိုကိစ္စတွေများတယ် အများစုက ရေနံနဲ့ ဓါတ်သတ္တုတူး ဖေါ်ရေးတွေပဲ လက်ရှိ ဒေါ်လာ သိန်းဘီလျှံကျော်ရှိတယ် ဗမာပြည်မှာစက်ရုံကြီးတွေဆောက်တာတို့ အလုပ်သမားတွေ အကျိုးရှိအောင်လုပ်တာ မရှိဘူး ဗမာလိုပြောရင်တော့ အပေါ်ဆီ ခပ်ယူတဲ့ သဘောပဲ။

တရုတ်နဲ့နအဖရဲ့ အတွင်းကျကျဆက်ဆံရေးက ဘယ်လိုလဲ?
အပေါ်ယံတရုတ်နဲ့ဗမာဆက်ဆံရေးက အင်မတန်ကောင်းတယ် ဗမာအစိုးရအခက်အခဲဆုံးအချိန်မှာ တရုတ်ကကျားကန် ပေးထားတာ အထူးသဖြင့် နိုင်ငံတကာမျက်နှာစာမှာ တရုတ်ရဲ့ဗွီဒိုအာဏာနဲ့ အသက်ကယ်တာ တရုတ်က စီးပွားရေး လူမှုရေး စစ်ရေးအကူအညီတွေပေးထားတာ ဒီလိုအကူအညီတွေရနေတဲ့ အတွက်လည်း နအဖဘက်က အနောက်နိုင်ငံတို့ အမေရိကန်တို့နဲ့ ကစားလို့ရနေတယ် ဒီလိုပံ့ပိုးကူညီမှုအောက်မှာ စစ်အာဏာရှင်စနစ်ကို တည်မြဲနိုင်အောင် လုပ်ထားတဲ့ အတွက် နှစ်ဘက်စလုံးဟာ အပြန်အလှန်အကျိုးစီးပွားနဲ့ပေါင်းစည်းနေတာ ဖြစ်တယ်။

မလွဲသာမရှောင်သာတဲ့ အခြေအနေမှာ နအဖက တရုတ်ကိုမှီခိုရပေမဲ့ တစ်ဘက်မှာ တရုတ်ပြည်နဲ့ပတ်သက်လို့ မကျေ လည်တာတွေအများကြီးရှိတယ် ဗိုလ်သန်းရွေတို့ ဗိုလ်မောင်အေးတို့ သမိုင်းဟာ ဗကပနဲ့တိုက်ခဲ့တဲ့သမိုင်းဖြစ်တယ် ယနေ့ ရင်ဆိုင်နေရတဲ့ ၀တို့ မုံးလားအဖွဲ့တွေဆိုတာလည်း ကွန်မြူပါတီရဲ့ လက်ကျန် အဖွဲ့တွေဖြစ်တဲ့အခါကျတော့ ဒီမီးမွေးခဲ့တာ တရုတ်ပြည်ကြောင့်ဆိုပြီး နအဖစစ်တပ်ထဲမှာ အဲလိုထင်မြင်တာတွေရှိတယ် တရုတ်နဲ့ဆက်ဆံနေသော်ငြားလည်း ဗမာ တပ်က တရုတ်ကိုမကြိုက်ကြဘူး ဗိုလ်သန်းရွေတို့ ဗိုလ်မောင်အေးတို့ အပါပေါ့။

နှစ်ဘက်ဆက်ဆံတဲ့နေရာမှာ ဘယ်ဘက်က အမြတ်ထွက်သလဲ?
တရုတ်ဘက်ကတော့ တရုတ်အစိုးရနဲ့ တရုတ်ပြည်သူများက အကျိုးခံစားရတယ် ဗမာပြည်အတွက်ကတော့ လက်တစ် ဆုပ်စာသော စစ်ဗိုလ်များနဲ့သူတို့မိသားစုအတွက်ပဲ ဖြစ်တယ် တရုတ်ပြည်ရဲ့ရင်းနှီးမြုတ်နှံမှုတွေမှာ ဘယ်ဗိုလ်ချုပ်ရဲ့ သားသမီးကို ဘယ်နှစ်ရာခိုင်နူန်းပေးမှ ရင်းနှီးမြုတ်နှံခွင့်ရှိတာ ဖြစ်တယ် အဲတော့ တရုတ်ပြည်ရဲ့ပံ့ပိုးမှုဟာ ဗမာပြည်သူ တွေ အကျိုးမခံစားရတဲ့အပြင် နောင်၁၀နှစ် ၊ နှစ် ၂၀ အတွင်းမှာ သဘာဝဘေးအန္တရယ်မျိုးစုံကို ဗမာပြည်သူတွေ ခံစားရ လိမ့်မယ် တရုတ်ဘက်ကတော့ ရေရှည်မှာ နိုင်ငံရေး အရူံးပေါ်မှာ ဖြစ်တယ်။

ဒီလထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွေ တရုတ်ပြည်သွားတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မယ်လို့ထင်လဲခင်ဗျ?

ဗိုလ်သန်းရွေသွားတဲ့ရည်ရွယ်ချက်က ယေဘူယျပြောရရင် ၃/၄ ချက်လောက်ရှိမယ် ထင်တယ်။
ဗိုလ်သန်းရွေက သူလုပ်ခဲ့တဲ့ အစီအစဉ်တွေ နောက်လုပ်မဲ့အစီအစဉ်တွေ နောင်တက်လာမဲ့အစိုးရအပေါ် တရုတ်နိုင်ငံရဲ့ ထားသင့်တဲ့ သဘောထားတွေကို တောင်းဆိုတဲ့သဘောပါတယ်။ ထူးခြားတာက ဒီလောက်အသက်ကြီးနေတဲ့ နံပတ် ၁ နဲ့၂က ရာထူးဖယ်မပေးပဲနဲ့ သူနဲ့တန်းတူရည်တူလုပ်နေတဲ့သူ အား လုံးကိုဖြုတ်ပစ်ပြီးတော့ သူတို့နှစ်ယောက်ဆက်ထိုင် နေတဲ့ကိစ္စက ဗိုလ်သန်းရွေ လုပ်ထားတဲ့ လမ်းကြောင်း အတိုင်းချီ တက် နေတယ်ဆိုတာတစ်ခုလုံးရဲ့ဇတ်ဆရာဟာ သူဖြစ်တယ်ဆိုတာ အာဏာကို သူချုပ်ကိုင်ထားနိုင်တယ်ဆိုတာကို ပြတာ ဖြစ်တယ် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အပြောင်းအလဲတွေကိုလည်း မစိုးရိမ်ဖို့သွားပြောတာပါ ဒါကြောင့်ဒီကိစ္စတွေ လုပ်ပြီးတဲ့ အခါမှာ ဗိုလ်သန်းရွေ သွားတာ ဖြစ်တယ်။

နောက်တစ်ခုက ဗိုလ်သန်းရွေတို့အုပ်စုနာနာကျင်ကျင် ခံစားနေရတာရှိတယ် တစ်ပြည်လုံးမှာ ရွေးကောက်ပွဲကို လုပ်ချင် သလိုလုပ်လို့ ရနေတဲ့ အခြေအနေဖြစ်တယ် လူဦးရည် သန်းနဲ့ချီရှိတဲ့ ရန်ကုန်ကိုလည်းသူထိန်းထားနိုင်တယ် ဒါပေမဲ့ လက်နက်အချို့ရှိတဲ့ ၀တို့ လူမျိုးစုတွေကနေပြီးတော့ သူ့ရွေးကောက်ပွဲကို ပမာမခန့်လုပ်တယ်လို့ သူခံစားနေရတယ် အရှက်လည်းကွဲတယ် ဒါကို တရုတ်အစိုးရနဲ့ပြဿနာမဖြစ်ပဲ ကူညီပံ့ပိုးမှု အောက်မှာ ပြတ်ပြတ်သားသား လုပ်ချင်တဲ့ ဆန္ဒရှိတယ် ဒါကိုသူအခိုင် အမာသွားဆွေးနွေးတာ တရုတ်ပြည်ရဲ့ထောက်ခံမှုကိုရချင်တာ ဒါကြောင့်သူသွားတာ။
ဗိုလ်ချုပ်မှူးကြီးတရုတ်ပြည်က ပြန်လာပြီး မြန်မာ့နိုင်ငံရေးဘာတွေထူးခြားလာတယ်လို့ ထင်ပါသလဲ။

ဗိုလ်သန်းရွေ ပေ့ကျင်းကပြန်လာပြီးတဲ့နောက် ဒေါ်စုတို့ NLD ကိုမတရားသင်းကြေငြာတာတို့ သတင်းစာမှာ တရုတ်က နအဖဆန့်ကျင်တဲ့အဖွဲ့တွေကို မထောက်ခံဘူး ဆိုတာတို့ကို လုပ်တဲ့ကိစ္စ ဆိုရင် တစ်ချိန်က တရုတ်ရဲ့မိတ်ဆွေ ဟောင်းတွေ ဖြစ်တဲ့ ၀ တို့မုံးလားတို့က တရုတ်အပေါ်မှာ မယုံကြည်ရတဲ့ မိတ်ဆွေလို့ ထင်အောင် ဖန်တီးတာဖြစ်တယ် သူ့ဟာနဲ့သူ ထီးထီးကြီးလုပ်လို့ မရဘူး လူထုကလည်းခံမှာမဟုတ်တဲ့အခါကျတော့ တရုတ်ပြည်ရဲ့အားကို ယူပြီး လုပ်သလို ဖြစ်နေတယ်။ လူထုအများစုက တရုတ်ကြီး ညွန်ကြားချက်နဲ့လုပ်တာ လို့ထင်နေတယ်တရုတ်ပြည်ရဲ့ဂုဏ်သိက္ခာကျ ဆင်းအောင် ဗမာ ပြည်သူတွေနဲ့ တရုတ်အစိုးရ တရုတ်ပြည်သူတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုကိုတမင်ဖျက်ဆီးတာ ဖြစ်တယ်။

တရုတ်နယ်စပ်မှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်ပြည်နဲ့ နအဖသဘောထား ဘာကွာသလဲခင်ဗျ?

တရုတ်ပြည်ရဲ့တောင်းဆိုမှုမှာက နှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးရှိဖို့ကို ပြောတယ် ဗိုလ်သန်းရွေတို့ ပြန်ပြောတာက သူတို့ပြောတဲ့ နယ်ခြားစောင့်တပ်လက်မခံပဲနဲ့ တည်ငြိမ်အေးချမ်းရေး မရှိနိုင်ဘူး ဒါကနအဖရဲ့သဘောထား ဗိုလ်ရဲမြင့်တုန်း ကလည်း ဒီလိုပဲပြောတယ် ထာဝရငြိမ်းချမ်းရေးကတော့ လက်နက်ချတာနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တာ ဒီနှစ်ခုပဲရှိတယ် သူတို့မှာ နိုင်ငံရေးအရစဉ်းစားချက် ဘာမှမရှိဘူး အမျိုးသားတန်းတူမှုတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဆိုတာ မရှိဘူး ဒါက ဗိုလ်သန်းရွေရဲ့အခြေခံစဉ်းစားချက်ဖြစ်တယ် လုပ်လို့မရရင်ချမယ်ဆိုတဲ့ မူပဲ။ အထူးသဖြင့် တရုတ်သမ္မတ ကြီး ပြောတဲ့ စကားက ရှင်းပါတယ် ခင်ဗျားတို့ ပြည်တွင်းမှာရှိတဲ့ လူမျိုးစုတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့ ခင်ဗျားတို့ လုပ်ဆောင်နေတာကို စာနာနားလည်ပါတယ် ထောက်ခံပါတယ် ဒါပေမဲ့လို့ ကျနော်တို့မြင်ချင် တာကတော့ နယ်စပ်ဒေသဟာ တည်ငြိမ် အေးချမ်းပြီး အမျိုးသားတွေချစ်ချစ်ခင်ခင်နဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒေသကြီးတစ်ခုအဖြစ် မြင်လိုပါတယ်လို့ တရုတ်ရဲ့ နှစ်ခွ ပေါ်လစီကို လှလှပပကြီးပြောသွားပါတယ်။

တရုတ်အတွက် နယ်စပ် တည်ငြိမ်ရေးဟာ ဘယ်လောက်အရေးကြီးသလဲ?

တရုတ်ဘက်ကတော့ မြန်မာပြည်တစ်ပြည်လုံးတည်ငြိမ်ရေး အရေးကြီးသလို နယ်စပ်ဒေသတည်ငြိမ်ရေးဟာလည်း အရေး ကြီးတယ်။ နယ်စပ်ဒေသထူးခြားချက်က နှစ်ဘက်ပြည်သူတွေဟာ တူညီတဲ့အမျိုးသားငယ်တွေဖြစ်တဲ့ အခါကျတော့ ဗမာပြည်တွင်းမှာ ဖြစ်လာတဲ့ မတည် ငြိမ်မှုတွေဟာ တရုတ်ပြည်တွင်းကိုကူးစက်ပြီးတော့အမျိုးသားတွေရဲ့မတည်ငြိမ်မှု ဖြစ်လာ မှာကို စိုးရိမ်တယ်။
ဒါကြောင့် ဒီကိစ္စမှာ နအဖဖြစ်စေချင်သလို တရုတ်ဘက်က ပြတ်ပြတ်သားသားလုပ်လို့မရဘူး ဖြစ်နေတယ် ဒီကနေ့ အခြေ အနေ အရဆိုရင် တစ်ခုမဟုတ်တစ်ခုတော့ ဖြစ်ရတော့မယ်။

မြန်မာပြည်အပေါ်ထားတဲ့ ပေ့ကျင်းဗဟိုနဲ့ ယူနန်အစိုးရတို့ မူဝါဒ ကွာခြားချက်ရှိပါသလား?

အခြေခံအားဖြင့်တော့ ဘာမှမကွာခြားဘူး လက်တွေ့လုပ်ငန်းတွေမှာ ယူနန်ပြည်နယ်က လုပ်ရတဲ့အခါကျတော့ ဗဟိုအစိုးရ မှာမတွေ့ရတဲ့ အဖွဲ့အစည်းတွေ အစိုးရအမှုထမ်းတွေ လာဘ်စားတာတို့ စည်းကမ်းမရှိတာတဲ့ မပြည့်စုံတာတို့ နအဖလို လက်နက်ကိုင်ဗိုလ်ကျနေတဲ့ အစိုးရအောက်မှာ တရုတ်ပြည်အစိုးရနဲ့ ဘယ်လောက်ပဲလက်မှတ်ထိုးထားထား မူဝါဒမကွာ သော်လည်း ယူနန်အစိုးရက ခက်ခက်ခဲခဲလုပ်ရတာဖြစ်တယ် ဗမာပြည်နဲ့ ပတ်သက်လို့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ယူနန်အစိုးရက ပိုရင်ဆိုင်ရပြီး ပြင်းပြင်ထန်ထန်ပြောရတဲ့ အပိုင်းတွေ ရှိလာတယ်။
http://www.mongloi.org/burmese/interview/2010-03-11-09-40-23/1100-2010-09-20-16-51-31

No comments:

Post a Comment