ondragstart="return false" onselectstart="return false"

Thursday, September 30, 2010

တပ်မဟာ (၇) ဒေသတွင် တပ်လှန့်ထား

ရန်သူတပ်က ခင်ဗျားတို့ အိမ်အောက်မှာရောက်နေပြီ အဲဒါကို "ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး" ဆိုတဲ့ စကားကို ပြောနေတုံးပဲ။ ဒီအတိုင်းဆိုရင် ဗမာစစ်တပ်က မင်းတို့ ကိုအရင်ဘယ်တော့မှမတိုက်ဘူး တာပေမယ့် မင်းတို့ ကို အရှင်လတ်လတ် နဲ့  အကုန်ဂုတ်ဆွဲသွားမယ်။ Reactive မဟာဗျူဟာနဲ့ တော့မရတော့ဘူး.. Proactive မဟာဗျူဟာနဲ့  အရင်ဆုံးဆော်ပစ်လိုက်စမ်းပါ။ ခံရပေါင်းများနေပြီ ခုထိ မမှတ်ကြသေးဘူး... ဒီကေအီအေတွေ နယ်ခြားစောင့်တပ် သင်တန်းပြီးလို့ ဗမာစစ်တပ်က သူတို့ ကို ပြန်နေရာဖယ်ပေးမယ် မထင်နဲ့ ။ နယ်ခြားစောင့်တပ်=ဗမာစစ်တပ် အားလုံးဟာ အတူတူပဲ။ အခုလာနေတဲ့ကောင်တွေ အလကားဘယ်တော့မှ မပြန်ဘူးမှတ်။ အခုချိန်မှာ ကေအဲန်ယူ စခန်းကြီး နှစ်ခုသိမ်းစည်းရမိပြီဆိုပြီး ကြိတ်ပျော်ပြီး ဗမာ့တပ်မတော် စစ်ရေးချူပ်မှာ မှတ်တမ်းတင်ပြီးသား။ ကျည်တစ်တောင့်မကုန် သွေးတစက်မှ မကျပဲ နေရာကြီး နှစ်ခု ဗမာစစ်တပ် တက်ထိုင်လို့ ရဒါ အဲဒါ စစ်ပညာရပ်တစ်ခုပဲ။ ဒီပွဲမှာ မင်းတို့ ညံ့တယ် လို့ မင်းတို့ ကို ပြောရင် မင်းတို့ ခံတော့.. ....ညီကိုတို့ .....

ရဲရင့် / ၃၀ စက်တင်ဘာ ၂၀၁၀

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဒေသအတွင်း နအဖလက်အောက်ခံတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲကာ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် အရေးပေါ်တပ်လှန့်ထားသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီက ပြောသည်။

၎င်းက “ဒီလ (၂၄) ရက်နေ့ကစပြီး တပ်မ (၂၂) လက်အောက်ခံ ခမရ (၂၁၀) နဲ့ (၂၀၃) တပ်ရင်းတွေ ကျနော်တို့နယ်ထဲမှာလာပြီး တပ်စွဲထားတယ်။ ဒီတပ်တွေရဲ့ လှုပ်ရှားမှုတွေကို ကျနော်တို့ မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ ကျနော်တို့တပ်တွေကိုလည်း အရေးပေါ် တပ်လှန့်ထားပါတယ်” ဟု ပြောသည်။

နအဖတပ်ရင်း (၂) ရင်း လာရောက်တပ်စွဲထားသည့် ဒေသမှာ ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ တပ်မဟာ (၇) ဒေသ မဲ့စလေနှင့်လယ်ပေါ်ဟဲအရပ်တွင် ဖြစ်သည်ဟု တပ်မဟာမှူးက ပြောသည်။

အဆိုပါဒေသတွင် နအဖတပ်များ၊ နယ်ခြားစောင့်တပ်များ၊ ဒီကေဘီအေနှင့် ကေအန်အယ်လ်အေ တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ကရင်နယ်ခြားစောင့်တပ်ရင်းများသည် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၀ဲကလိကျေးရွာရှိ လေ့ကျင့်ရေးကျောင်းတွင် မွန်းမံသင်တန်း တက်နေသဖြင့် ထိုတပ်ရင်း (၂) ရင်းက ယာယီလုံခြုံရေးယူထားခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းနယ်ခြားစောင့်တပ်မှ အရာရှိတဦးကမူ “ဗမာဘက် ကမ်းနဖူးမှာ ဗမာတပ်ရင်း (၂) ရင်းက တပ်စခန်းတွေ၊ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ အခိုင်အခန့် ဆောက်နေတာဆိုတော့ သူတို့ဒီနေရာမှာ အမြဲတပ်စွဲမယ့် အနေအထားရှိတယ်။ ဒီဒေသမှာ မကြာခင် တိုက်ပွဲကြီးတွေ ပြန်ဖြစ်နိုင်တယ်” ဟု ပြောသည်။

ဗိုလ်မှူးချုပ် ဂျော်နီက “နအဖ၊ ဒီကေဘီအေ၊ ကရင်နယ်ခြားစောင့်တပ်၊ ဘယ်တပ်ပဲဖြစ်ဖြစ် ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်မှာ စစ်ရေးပြင်ဆင်မှုတွေ အရန်သင့်ပဲ” ဟု ပြောသည်။

ယခင်လ (၁၈) ရက်မှစ၍ ကရင်နယ်ခြားစောင့်တပ်များ ဖွဲ့စည်းပြီးသည့်နောက်ပိုင်း ကေအန်အယ်လ်အေ တပ်မဟာ (၇) သို့ ကရင်နယ်ခြားစောင့်တပ်မှ အရာရှိအရာခံ အကြပ်တပ်သားများနှင့် မိသားစုဝင် (၁၅၀) ခန့် လက်နက်ခဲယမ်းမီးကျောက် အလက် (၈၀) ခန့်နှင့်အတူ လာရောက်ပူးပေါင်းခဲ့ကြောင်း ၎င်းက ပြောသည်။

ကေအန်အယ်လ်အေ တပ်မဟာ (၇) ဒေသ၌ ပျှမ်းမျှတလလျှင် တိုက်ပွဲကြီးငယ် (၅) ကြိမ်ခန့် ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု ရှိသည့် ဒေသဖြစ်သည်ဟု သိရသည်။

10 comments:

Anonymous said...

ခွေးလောက်မှအသိတရားမရှိတဲ့ DKBA အိမ်စောင့်ခွေးကရင်၊ ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ ယုန်သူငယ် KNU မျီးချစ်ကရင်များ၊ အလစ်မှာ စားဖို့ကြံတဲ့ ရန်ကုန်ကမြေခွေး KLP ရန်ကုန်ကရင် လူလည်များရယ် မင်းတို့ကိုဟာနောက်ဆုံးတော့ ခြင်္သေ့ ဗမာများရဲ့စားကွက်ထဲမှာဘဲရှိနေပါသေးတယ် ဟဲ...ဟဲ...ဟဲ

Anonymous said...

ငါကြားဖူးဒါ ခြင်္သေ့ မဟုတ်ဘူးဗျ. ခွေးဗျ.
ရာဇ၀င်မှာ ခြင်္သေ့က ဘုရင်သမီးကို လိုးလို့ ထွက်လာတဲ့ မင်းတို့ မျိုးဆက်လေ မှတ်မိကြမှာပါ။ အဲဒါ ခြင်္သေ့မဟုတ်ဘူးကွ. ခွေးဗျ.
မင်းတို့ ခွေးမျိုးတွေလေ...ဟုတ်ဘူးလား
သိပ်ဂုဏ်လာမဖေါ်ပါနဲ့ ။

Anonymous said...

သော်သီခို လည်း အွန်လိုင်းဘလော့ကနေ တော်လှန်ရေးလုပ်နေတာဆိုတော့ မင်းလည်း စောက်သုံးမကျတဲ့အထဲ မြှောက်ထိုးပင့်ကော်ရန်တိုက်ပေးတဲ့ အထဲမှာပါနေတဲ့ မြေခွေးတစ်ကောင်ပါပဲ..ဟိုလူ့ကို ဂုန်းတိုက်လိုက် ဒီလူ့ကို ဂုန်းချောလိုက်နဲ့ မဟုတ်မမှန် မခံချင်အောင် မြှောက်ထိုးပင့်ကော်ပြီး တစ်ဖက်က အဟုတ်မှတ်ထင်ပြီး ထချလို့သေကုန်ကြရင် ကြားထဲကနေ ၀င်အလစ်သုတ်မယ့် မြေခွေးမျိုးပဲ...DKBA လို တိုင်းပြည်နဲ့ပြည်သူကို ထာဝရငြိမ်းချမ်းမှုကိုပေးလိုက်တာဟာ ဂုဏ်ယူစရာတစ်ခုပါ...ထာဝရငြိမ်းချမ်းမှုကို မပေးနိုင်ပဲ တောထဲမှာ ကိုယ့်ပါသာ ခွေးချေးသုတ်ထားတဲ့အပွင့်တွေကောက်တင်လို့တင် ကိုယ့်ပါသာ ဗိုလ်ချုပ်ဆိုပြီး နာမည်တပ်လို့တပ်(ဘာနကန်းတစ်လုံးမှသိတာမဟုတ်ဘူး လူသတ်တတ်ရင် KNU ဗိုလ်လုပ်လို့ရပြီ) တရားဥပဒေဘောင်အပြင်ကနေ တရားမ၀င်တဲ့အလုပ်တွေအကုန်လုပ် ဘိန်းရောင်းဝယ် မှောင်ခိုအမျိုးမျိုးလုပ် ဆက်ကြေးကောက်တောင်းစားပြီး ကြီးပွားနေကြတော့ နယ်ခြားစောင့်တပ်ကို ဘယ်လက်ခံမလဲ...တော်တော်ရည်မှန်းချက်ပြည့်တဲ့သူတွေပဲ...စောက်သုံးကိုမကျဘူး...

A Free_Lance Karen said...

Be sure that all the BGF soldiers(Karens) will be sent to Kachin or Wa areas after short training (because SPDC generals now understand that Karens are not willing to fight against the Karens), or they will all be sent to the KNU areas to die there. They need not expect anything good in the future. They are just the stooges and jerks, in the eyes of SPDC. The name given to them indeed is the Border Guard Force. So they will never be given a place to live in the town and city. The SPDC leaders are well-planned in regard to killing the Karen people _ Karens fighting Karens. They are now using DKBA leaders such as Kyaw Than, Thar Htoo Kyaw and Chit Thu. But after using them, they will also be killed one day. Remember how Lin Htin, the 5th Brigadier Gen. proud of himself and later died at the hand of Ne Win. How did Ne Win planned for his demise. If you do not believe me, just wait and see _ all the DKBA leaders will one day be murdered. But if you believe me, make haste and then return to KNU, your Mother Organization. It is not late yet for those who are now in the border areas. Let's unite and fight for OUR PEOPLE until we all are free. SPDC leaders are systematically carrying out Burmanization. It is sure, 100% sure.

Anonymous said...

Hello Brig. Gen. Johny, I have already told you one day that you cannot just wait for the SPDC's troops to come and invade your areas. I have already told you when you are in Ler Per Her. And it already came true.
This time also, if you just wait for them they will all control your areas one day. So, you should do pre-emptic attack, instead of waiting for their attack. If you just wait for them, you are already late. Because, they will only attack you only when they are sure to win and they can deploy all their troops near you. Be sure about it.

Anonymous said...

What fucking idea is that DKBA (not all DKBA, but especially DKBA that fought with the KNU, used a lot of Karen porters, extorted money from the Karen villagers and killed the Karens) are given peace to the Karen People! It truly is a fucking idea. Truly you must be a SPDC's Kway Tha Kho (theft dog).

Anonymous said...

ဘိုမူးဂျော်နီဒီစကား"ကျနော်တို့ဘက်ကတော့ အရင်သွားမတိုက်ဘူး၊ သူတို့က လာတိုက်ရင်တော့ လုံးဝသည်းခံမှာ မဟုတ်ဘူး" ကိုသဘောသားရေးရာအရဘဲပြောသွားတယ်လို့ယူဆပါတယ်။
ဘိုမူးဂျော်နီကတိုက်ရယ်ခိုက်ရယ်ကောင်းပြီးပရိရယ်ကြွယ်တဲ့စစ်သားကောင်းတယောက်ပါ။နောင်တချိန်မှာကရင်လွတ်မြောက်ရေးတပ်မတော်ရဲ့အနာဂတ်ဦးစီးချုပ်ဖြစ်နိုင်တဲ့သူမျိုးပါ။သူ့ကိုကျနော်လေးစားပါတယ်။
သူလိုတိုက်ရယ်ခိုက်ရေကောင်းပြီးတိုက်ပွဲအတွေ့အကြုံများစွာရှိတဲ့ဝါရင့်စစ်သားမပြောနဲ့ကျနော့လိုသာမန်လူတောင်အင်အားကြီးတဲ့ရန်သူနဲ့တိုက်တဲ့အခါမှာလက်ဦးမူ့ရယူကဘယ်လောက်အရေးကြီးတယ်စိုတာ။
အင်အားကြီးတဲ့ရန်သူကိုသမားရိုးကျခံစစ်ကြီးတွေနဲ့ထိတ်တိုက်စောင့်မြော်ရင်ဆိုင်တိုက်ခိုက်ပြီးကိုယ့်အင်အားနဲ့စခန်းကိုရေရှည်မှာဆုံးရှုံးစေခြင်းထက် ရန်သူရဲ့ပြော့ကွက်နဲ့အညှာကိုလစ်လစ်သလိုလက်ဦးမူ့ရယူတိုက်ခိုက်ခြင်းဖြင့်ကိုယ်လက်ရှိအင်အားကိုအဆပွါးစေနိုင်ပြီးရန်သူရဲ့တာဝေးပစ်အမြောက်တွေကိုပါပစ်မှတ်ပြောက်နိုင်စေတာဘဲ။

ဒီနေရာမှာကရင်လူမျိုးနဲ့ဗီဇနဲ့အလေ့အကျင့်ကသိက်စကားပြောပါတယ်။ကရင်လူမျိုးကမွေးရာပါတောတောင်ရေမြေသဘာဝကိုရင်နီးကျွမ်းဝင်ပြီး ဒူးလေး၊တူမီး၊သေနတ်စသည်တွေနဲ့ရင်းနီးကျွမ်းကျင်တဲ့သူမျိုးပါ။
ဒါတွေကကရင်တွေရဲ့အားသာချက်တခူ့ဖြစ်တဲ့အပြင် ပြောက်ကျားစစ်ရဲ့စစ်ရေးအချေခံတွေက ကရင်တွေအတွက်အားသာချက်ပါ။ ကိုယ့်လူမြိုးရဲ့အားသာချက်နဲ့သင့်လျော်တဲ့စစ်ရေးဗျူဟာကိုကျင့်သုံးနိုင်လိုက်တော့အခုတက်လာတဲ့နအဖစစ်သားတွေသေတာကိုတချိန်လုံးကြားနေရတာဘဲ။
ဘောလုံးစကားနဲ့ပြောရရင် တိုက်စစ်ဘဲကစားတတ်ပြီးတိုက်စစ်ကိုကျွမ်းကျွမ်းကျင်ကျင်ရသမြောက်ကစားတတ်တဲ့ဘာစီလိုနာအသင်းကို ခံစစ်ကစားခိုင်းရင်ဘာဖြစ်သွားမလည်း။
ကရင်စစ်သည်တော်တွေခြေရေခြေသွေးဘယ်လောက်ရှိတယ်စိုတာကိုကျနော်တို့ကရင်ပြည်သူတွေသဘောပေါက်ပါတယ်။ဒီခြေရေခြေသွေးနဲ့နည်းဗျူဟာကောင်းကောင်းနဲ့တွဲစပ်မိလို့ကတော့လာသမျာ့နအဖကုန်ပြီမှတ်။

နောက်တခူ့ကနအဖရဲ့စစ်အင်အား။ ကျနော်တို့ကရင်တွေနယ်မြေဆုံးရှုံးလာတာနဲ့အမျာ့စီးပွါးရေးဂွင်တွေပြောက်ကုန်ပေမဲ့လို့ နအဖကတိုင်းပြည်ရဲ့ဘန်ဒါတွင်းပေါ်ဖင်ခူ့ထိုင်ပြီးတတိုင်းပြည်လုံးပိပြားရေးအတွက်စစ်အင်အားကိုအဆမတန်တိုးချဲ့နေတယ်။
ခါတိုင်းကျနော်တို့ခံစစ်တိုက်ရင်ရင်ဆိုင်ရမဲ့လက်နက်ကြီးတွေထက်အခူ့ကမြောက်ကိုးရီးယားရဲ့ဒုံးလက်နက်တွေနအဖမှာရှိလာတယ်။ မကြာခင်ကဝယ်ထားတဲ့ရုရှားလုပ်ရဟတ်ယဉ်တွေကနအဖရဲ့မြေကြောင်းချီတပ်ကိုအမြားကြီးအထောက်အကူဖြစ်လာနိုင်စေတယ်။
နအဖကအရန်သင့်သူ့စစ်အင်အားတွေကိုကျနော်တို့ကိုအချိန်မရွေးထတိုက်နိုင်တဲ့နေရာတွေမှာအဆင်သင့်ပြင်ထားမှာဘဲ။ရွေးကောက်ပွဲကအနောင့်အရှက်မရှိပြီးပြီပြီ။ပြည်တွင်းမီးကိုငြိမ်းနိုင်ပြီနအဖနိုင်ပြီစိုတာနဲ့ ကျနော်တို့ကိုထတိုက်တော့မှာကဗေဒင်မေးစရာမလိုဘူး။
အဲ့ဒီအချိန်မှစိုရင်တော့လေ့ကျင့်ထားပြီးဖြစ်တဲ့အစောကတိုက်ခိုက်ရေးရဟတ်ယဉ်တွေနဲ့နအဖရဲ့ကြည်းတပ်ပူးပေါင်းလုပ်ဆောင်နိုင်တဲ့အဆင့်ကိုရောက်သွားခဲ့ရင် ကျနော်တို့ရဲ့ပျောက်ကျားနည်းဗျူဟာကအရင်ကလိုမာနိုင်တော့မှာမဟုက်ဘူး

အခူ့ကနိုင်ငံရေးအရရောစစ်ရေးအရပါနအဖရွေးကောက်ပွဲနဲ့အလုပ်ရှုပ်ပြီးဗျာများနေတဲအချိန်မှာကျနော်တို့ဘာလုပ်မလဲ???

အားလုံးကိုလေးစားလျက်
ကညောဖိုဃဲ

Anonymous said...

ခင်ဗျားက ရွေးကောက်ပွဲအတွင်းမှာ အဖျက်မှောက်လုပ်ခိုင်း အကြမ်းဖက် လုပ်ခိုင်းနေတဲ့ ပုံစံပေါက်နေတယ်...နအဖ က အလုပ်မ၇ှုပ်ပါဘူး...ရွေးကောက်ပွဲက ရွေးကောက်ပွဲသတ်သတ် ရွေးကောက်ပွဲကော်မရှင်တွေနဲ့ နိုင်ငံရေးပါတီတွေလုပ်လိမ့်မယ်...နိုင်ငံတော်လုံခြုံရေးက လုံခြုံရေးသတ်သတ်စီပါ...အလုပ်မရှုပ်လို့ပဲ ဦးသန်းရွှေကြီး လာအို ကို အလည်ပါတ်တောင်သွားနေပြီ...အဓိက နောင်အစိုးရတတ်လာတဲ့အချိန်မှာ ပြေလည်အောင် ဆွေးနွေးနိုင်ရင် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်စရာမ၇ှိတော့ပါဘူး...နောင်အစိုးရအဆက်ဆက်နဲ့လည်း ဆွေးနွေးမှုမရရင်တော့ ခင်ဗျားတို့ရဲ့ အစွန်းရောက်မှု ခင်ဗျားတို့ရဲ့ အမှားတစ်ခုပဲဆိုတာပဲ နားလည်ထားပေါ့ဗျာ...

Anonymous said...

ဒီကရွေးကောက်ပွဲအစစ်အဟုက်ဘူး ခွေးကိုပုဆိုးဝက်ပေးတဲ့ပွဲဘဲ။မျက်လဲ့ပြပြီးမင်ဖတွေးကိုမင်းအဖေဖြစ်အောင်လုပ်တဲ့ပွဲ။
ဖထွေးကိုအဖေတော်အဖေခေါ်ချင်တဲ့ကောင်တွေက ရွေးကောက်ပွဲကိုဆန့်ကျင်ရင်အကြမ်းဖက်လုပ်ရပ်စိုပြီး ဖထွေးအားရဒူးမနာသားပါးဝပြောနေကြတယ်။
ဘမာပြည်ကြီးကိုမုဒိမ်းကျင့်ပြီးရင်းကျင့်စော်ကားပြီးရင်းစော်ကားနေတဲ့စစ်ခွေးအစိုးရလက်ထဲ တရားဝင်အဒတ်မပြုကျင့်ခွင့်ကိုထပ်ပေးချင်သေးတယ်။

Anonymous said...

ကျနော်တို့တိုင်းရင်းသားတွေ အထူးသဖြင့်ကျနော်တို့ကရင်တွေပိုပြီးပါးနပ်သင့်တယ်။ပါးနပ်ခြင်းကကောက်ကျစ်ခြင်းမဟုက်ဘူး။ကျနော်တို့တွေလှေကြီးထိုးရိုးရိုးသွားလို့မရဘူး။
ကျနော်တို့ရန်သူကပါးလားစိုပြောပလောက်အောင်တော့မပါးဘူး။ဒါပေမဲစဉ်းလဲတယ်။ကောက်ကျစ်တယ်။စားစရာမရှိရင်ကိုယ့်ရင်သွေးပြန်စားမဲ့မြေခွေးလိုမြိုးအကြင်နာကင်းမဲ့ပြီးသိက်ရက်စက်တယ်။
ကျနော်တို့တွေစစ်ရေးရည်မှန်းချက်နဲ့နိုင်ငံရေးရေမှန်းချက်ကိုရောထွေရှက်တင်မလုပ်သင့်ဘူး။နအဖကအားဏာရူးလက်နက်ရူး။
နိုင်ငံရေးအရနအဖနဲ့ငြိမ်းချမ်းရေးစကားပြောတာကိုအားပေးတယ်။ဒါပေမဲ့နအဖရဲ့လက်တွေတုန့်ပြန်မူ့အပေါ်စစ်ရေးအရလျော်ညီစွာတုန့်ပြန်ရမာဘဲ။
ငါတို့ငြိမ်းချမ်းရေးစကားပြောထားတယ်။မင်းတို့စစ်သည်တွေငြိမ်စိုတာမြိုးမဖြစ်သင့်ဘူး။စစ်ရေးကစစ်ရေးဘဲ။စစ်ရေးဖြစ်လာခဲ့ရင်လည်း နိုင်ငံရေးအရအမြားကြီးဖြေရှင်းချက်ထုတ်နိုင်တာဘဲ။
ကျနော်တို့တိုင်းရင်းသားတွေကိုယ်ဘာကောင်လည်းမသိဘူး။ဘမာကိုသခင်မတ်ပြီးဘမာရှိကလက်ဖြန့်တောင်းချင်ကြတယ်။လမ်းသစ်ထွင်သင့်ပြီ။
နစ်(60)ကျော်ရနိုးရနိုးနဲ့မဟာဝါဒီရဲ့လမ်းကြောင်းကြီးကိုခါးသီးစွာနောင်တမရှိလျှောက်ဆဲပဲ။ ကိုယ်လျှောက်မဲ့လမ်းစဉ်ကိုရွေးပြီးရဲရဲတိုင်းရင်းသားတွေအတူတကွလျှောက်သင့်ပြီ။
ပြည်သူတွေကိုချပြသင့်ပြီ။နစ်(60)ကြာအလုပ်မဖြစ်တဲ့မဟာဘမာဝါဒလမ်းစဉ်ကမငြိမ်ချမ်းဘူး။ဒီတော့ဒို့ရဲ့လမ်းစဉ်ကဒီလိုဒီအတိုင်းသွားမယ်။ တိုင်းပြည်yရဲ့စစ်မန်တဲ့ငြိမ်းချမ်းရေးအတွက်။
အချိန်ကတော့သိက်မရှိတော့ဘူး။ရွေးကောက်ပွဲပြီးတဲ့အဆင့်သာစောင့်ရင်တော့မသေခင်ဒီ(၂)လထမင်းဝဝစားထားရမဲ့သဘောဘဲ။
အားလုံးကိုလေးစားလျက်
ကညောဖိုဃဲ

Post a Comment