ondragstart="return false" onselectstart="return false"

Friday, September 3, 2010

နယ်ခြားစောင့်တပ်လုပ်ရန် ဆရာတော်ပြောသော်လည်း ဗိုလ်နှုတ်ခမ်းမွှေးလက်မခံ

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
စက်တင်ဘာလ ၃ ရက်၊ ၂၀၁၀ ခုနှစ်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ)အဖွဲ့ထဲမှ ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သည့် တပ်မ ဟာ ၅ အဖွဲ့အား စက်တင်ဘာလ ၁ ရက်နေ့တွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့စည်းရန် နာယက ဆရာ တော်ဖြစ်သည့် ဦးသုဇန ကိုယ်တိုင်လာရောက် ပြောဆိုသော်လည်း လက်မခံကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့က ဌာနချုပ်ဖြစ်သည့် မြိုင်ကြီးငူတွင် ဒီကေဘီအေတပ်ဖွဲ့က နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းလဲသည့် အခမ်းအနားကျင်းပခဲ့သော်လည်း တပ်မဟာ ၅ အဖွဲ့က လက်မခံပဲ သီးသန့် ကျန်ခဲ့သည်။

၎င်းတို့အဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် အပြင် ဆရာတော် ဦးသုဇန ကိုယ်တိုင် လာရောက် ဆွေးနွေးသော် လည်း ဗိုလ်မှူးချုပ် စောလှဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေးက လက်မခံခဲ့ကြောင်း တပ်မဟာ ၅ ထိပ်တန်းအရာရှိ တဦးက ပြောသည်။

“ကျနော်တို့ ဗျူဟာမှူးလည်း သူ့ကို သူများမေးမှမမေးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးအရင်က သူ များ မေးထားတဲ့ဟာကိုပဲ သူပြန်ဖြေတာပဲ သူလက်မခံနိုင်ဘူးလို့ အဲဒါပဲ သူဖြေတယ်လေ။ တိုင်းမှူးက သူ့ကို ညှိလို့မှမရပဲ။ အဲဒါကြောင့် သူ့ကိုလည်း ဆက်မမေးဘူး။ သူလည်း ဆက်ပြီးတော့ မပြောတော့ ဘူး။ ဆရာတော်ကို လာညှိခိုင်းတယ်။ ဆရာတော်လည်း ညှိလို့မရတဲ့အခါကျတော့ ဆက်ပြီးတော့ မညှိဘူး။ ပြောထားပြီးသားပဲလေ လုံးဝမလုပ်နိုင်ဘူးလို့ ပြောထားပြီးသားပဲ။”

ကရင်ငြိမ်းချမ်းရေးအဖွဲ့များ သတ်မှတ်ထားသည့် စက်တင်ဘာလ ၁ ရက်နေ့တွင် နယ်ခြားစောင့်တပ် အသွင်မ ကူးပြောင်းပါက စစ်အင်အားသုံးပြီး ချေမှုန်းခံရမည်ဟု စစ်အစိုးရက သတိပေးသည့်အပေါ် ယင်း အရာရှိက ယခု လို ပြောသည်။

“အဆင်သင့်တော့ ပြင်ထားတာပေါ့။ သူတို့လည်း အချိန်ပေးနေတာ အခါပေါင်းများနေပြီ။ကိုယ့်မှာ အ ဆင်သင့်မပြင်ရင် ဘယ်ရတော့မှာလဲ။ ဗိုလ်ချုပ်ရဲမြင့်က ခနခနပြောတယ်လေ။ အဲဒီနေ့ နောက်ဆုံး ရက်၊ တခါနှစ်ခါရှိနေပြီလေ။ အဲဒါတောင်မှ ဒီလောက်သတိပေးတာ ကိုယ်ကပြင်ဆင်မှု မရှိရင်တော့ အဲ ဒါ လက်နက်ကိုင်အဖွဲ့အစည်းထဲမှာ အညံ့ဆုံး အဖွဲ့ဖြစ်သွားမှာပေါ့။”

နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရန် လက်မခံခဲ့သည့်အပေါ် ပြည်တွင်း ပြည်ပရှိ ကရင်လူထု များက အားပေးထောက်ခံကြသည်ဟု ဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းလျှင် ကရင်လူမျိုးနှင့် နယ်မြေ အေးချမ်းလာလိမ့်မည်မဟုတ်ဟုလည်း ကရင်ပြည်သူ များက ပြောသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလိုမျိုး ကျနော်တို့က မလုပ်ဖို့၊ ကျနော်တို့ လုပ်လိုက်ရင် ကျနော်တို့လူမျိုးပါ ပျောက်သွားမယ်။ စာပေနဲ့ယဉ်ကျေးမှုပျောက်သွားမယ်။ အဲဒါ ကျနော်တို့ကို တိုက်တွန်းနိုးဆော်တယ်အဲဒါ။ ကျနော်တို့ ပြည်သူကလည်း လုပ်ပါ၊ ကျန်တဲ့ တိုင်းရင်းသား ပြည်သူကလည်း လုပ်ပါလို့ တယောက်မှလည်း ဒီလို မျိုး ဆန္ဒရှိလို့ မှာထားတာ မရှိပါဘူး။ ကျနော်လည်း မကြားရဘူး အဲလိုမျိုး။”

ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် ကေအဲန်ယူ၊ ကေအဲန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ကလည်း နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် လက်မခံနိုင်ကြောင်း စက်တင်ဘာလ ၁ရက်နေ့ နေ့စွဲဖြင့် လက် မှတ်ရေးထိုးပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံ အကြောင်းပြန်ခဲ့သည်။
http://www.nmg-news.com/nmg/news030910.html

No comments:

Post a Comment