ondragstart="return false" onselectstart="return false"

Thursday, September 16, 2010

အပြုံးပိုင်ရှင်ဆီမှ ကေအဲန်ယူထံသို

ကဗျာ မူရင်း - ဇွဲကပင် အပြုံးပိုင်ရှင် - http://zwekabinmother.blogspot.com

ဗီဒီယိုဖိုင်ကို ဖူးတာမိတ်ဘလော့မှ ပြန်လည်ရယူသည်။


အပြုံးပိုင်ရှင် - ၁၆၊ ၀၉၊ ၂၀၁၀


လူမျိုးကိုမစာနာ
ဘာသာကိုခွဲခြား
အလံတော်ကိုလေးစားဟန်နဲ့
ဇွဲကပင်ကိုအသုံးချပြီးမှ
နယ်ခြားစောင့်တပ်
ကျွန်ဘ၀အဖြစ်နဲ့
အသွင်တွေပြောင်း
ငမိုက်သားများကြောင့်
လူမျိုးနှင့်အလံ
ဇွဲကပင်တောင်မဟာတို့၏
နက်ဖန်အနာဂတ်
မလှပမှန်း ထင်ရှားပါဘိ

ထိုမှတစ်ဖန်
ရိုးရာအ၀တ် ၀တ်ခွင့်မသာ
ရိုးရာအက မကရပဲ
စာပေများပါ ပျောက်ကွယ်နိုင်ကြောင်း
မြင်လှည့်တော်ပူပါ…ကေအန်န်ယူ။

ရင်ထဲစကား ဆိုရပါမူ
သင်သည် အမိ
သင်သည် အဖ
စင်စစ်အမှန် ဧကန်ဖြစ်နေတာမို့
လူမျိုးကိုချစ်ခင်
ဘာသာကိုမခွဲခြား
အလံတော်ကိုအလေးထားပြီး
ဇွဲကပင်ကိုမြတ်နိုးစွာဖြင့်
ကယ်လှည့်တော်မူပါ…….ကေအန်န်ယူ။ ။



ဗီဒီယိုဖိုင် - မင်းစိုးစံ

1 comment:

Anonymous said...

ဆရာတော်ဘုရားရဲ့ အဆိုအမိန့် များ သင့်လျော်မှန်ကန် လှပါကြောင်း တပည့်တော် ပြောကြားလိုပါသည်။ အမှန်တရားအတွက် ရဲရဲ ရပ်တည် ဟောပြောရဲတဲ့ ရဟန်းတော်များများ ပေါ်ထွင်းနိုင်ပါစေ လို့  တပည့်တော်ဆန္ဒပြုလျက်။

ထီးခလိန်း

Post a Comment