ondragstart="return false" onselectstart="return false"

Wednesday, September 15, 2010

နအဖတပ်နှင့် ရှမ်းတပ်တို့အကြား တိုက်ပွဲဖြစ်

နိုးထကြလော့ ညီနောင်တိုင်းရင်းသားအပေါင်းတို့ .... ပျောတိပျောဖတ်တော့ သွားမလုပ်နဲ့ .. ကိုယ်ပဲနှစ်နာမယ်
ကိုယ့်အမျိုးသား ဂုဏ်သိက္ခာအတွက် တရားသောစစ်ကို စစ်နွဲနေတဲ့ ကျနော်တို့ တိုင်းရင်းသားတွေဟာ ကြောက်စရာဘာမှ မလိုပါ။ ရန်သူဟာ အရေအတွက်ပဲရှိတယ် အရည်အချင်းမရှိဘူး စိတ်ဓါတ်ရေး ရာမှာ Zero သုံညပဲ။ ကျနော်တို့ တတွေဟာ ကိုယ့်အမျိုးသားအတွက် အသက်ပေးတိုက်ပွဲဝင်တယ်။ နအဖ ရှေးပြေးတပ်တွေဟာ အာဏာရှင်လူတစုအတွက် အသက်ပေးတိုက်တယ်။ ဘယ်လိုသေခြင်းမျိုးဟာ မြင့်မြတ်သလဲဆိုတာ စာမတတ်တဲ့လူတွေတောင် နားလည်တယ်။ ဒီတော့ ရဲရဲကြီး ရန်သူကို ရင်ဆိုင် တိုက်ခိုက်ပါ။ အောင်မြင်မှုဟာ သင့်ရဲလက်တကမ်းမှာပဲ။

ခိုင်လင်း / ၁၅ စက်တင်ဘာ ၂၀၁၀

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့နှင့် နအဖတပ်တို့သည် ယမန်နေ့၌ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညနေ (၄) နာရီခန့်၌ သီပေါမြို့နယ်၊ တုန်လောကျန်းကျေးရွာအနီးတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခလရ (၁၄၇) စစ်ကြောင်းနှင့် ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့၏ တပ်မဟာ (၁) လက်အောက်ခံ စစ်ကြောင်းတို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ဖြစ်တာက သီပေါခွင်ထဲမှာ၊ တုန်လောကျန်း ရွာနားမှာ ရင်ဆိုင်တွေ့ပြီး ပစ်ခတ်ကြတာ။ အဲဒီမှာ ရှမ်းအဖွဲ့က (၁) ယောက် ဒဏ်ရာရသွားတယ်။ နအဖဘက် စစ်ကြောင်းကလည်း လူ (၃ဝ၊ ၄ဝ) လောက် ရှိတယ်လို့ ခန့်မှန်းရတယ်တဲ့။ နအဖဘက်ကတော့ ဘယ်လောက် ထိတယ်ဆိုတာ မသိရဘူး” ဟု ပြောသည်။

ရှမ်းတပ်ဖွဲ့၏ တပ်မဟာ (၁) သည် ပြည်သူ့စစ်အဖွဲ့လက်မခံသေးဘဲ ငြင်းဆန်နေသကဲ့သို့ ယနေ့အချိန်အထိ ၎င်းတို့၏ ယူနီဖောင်းများကို ဆက်လက် ဝတ်ဆင်နေသဖြင့် ယခုကဲ့သို့ ရင်ဆိုင်တွေ့ကာ တိုက်ပွဲဖြစ်ပုံရသည်ဟု ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ဗိုလ်ချုပ် ပန်ဖရဲ့ တပ်မဟာ (၁) က ပြည်သူ့စစ် လက်မခံသေးဘူး၊ ယူနီဖောင်း ဝတ်ထားတုန်း။ တပ်မဟာ (၃) တို့ (၇) တို့ကျတော့ နအဖကပေးထားတဲ့ ဌာနေပြည်သူစစ်ဆိုတဲ့ ယူနီဖောင်းတွေ ဖြစ်နေကြပြီ။ ဒါကလည်း တပြေးညီဝတ်နေတာ မဟုတ်သေးဘူး။ တပ်မဟာ (၁) က လက်မခံတဲ့ခါကျတော့ အခုထိ ပြည်သူ့စစ်ဆိုပြီး တရားဝင် မဖြစ်သေးဘူး။ အဲလိုအချိန်မှာ ရှမ်းယူနီဖောင်းတွေနဲ့တွေ့တော့ ပစ်ကြတာ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ယမန်နေ့ ညနေပိုင်းမှစ၍ ယနေ့အထိ ရမခလက်အောက်ခံ စစ်ကြောင်းများ ဒေသအတွင်း ပိတ်ဆို့ကာ ရှင်းလင်းမှုများ ပြုလုပ်နေကြောင်းနှင့် နောက်ဆက်တွဲ တိုက်ပွဲများ ပြန်ဖြစ်မဖြစ် မသိရသေးကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့သည် အပစ်ခတ်ရပ်စဲပြီးနောက် ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ စိန်ကျော့တွင် ဗဟိုဌာနချုပ် ဖွင့်လှစ်ထားသည့်အတွက် နယ်စပ်ရှိ အပစ်ရပ်အဖွဲ့များကဲ့သို့ နယ်ခြားစောင့်တပ်ဖွဲ့ခွင့်မရဘဲ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခြင်းခံရသည်။

ယခုနောက်ဆုံး ပြည်သူ့စစ်အဖွဲ့ကိုပင် ဖွဲ့ခွင့်မပေးတော့ဘဲ လက်နက်စွန့်ရန်အထိ နအဖဘက်က ပြောဆိုခဲ့ပြီး ဒေသအတွင်း နအဖတပ်များ အင်အားတိုးမြှင့်ချထားကာ ဖိအားပေးနေချိန်တွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ခြင်း ဖြစ်သည်။
http://www.khitpyaing.org/index.php?route=detail&id=4539

No comments:

Post a Comment