ondragstart="return false" onselectstart="return false"

Friday, September 17, 2010

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် စပ်လျဉ်း၍ DKBA နှင့် နအဖ စစ်ခေါင်းဆောင်အချို့  တပ်မ(၂၂) ဌာနချူပ် ခန်းမတွင် ကျင်းပပြုလုပ်သော အစည်းအဝေးမှတ်တမ်း

စာဖတ်ပရိတ်သတ်များခင်ဗျား…

မကြာသေးခင် က အရှေ့ တောင်တိုင်း တိုင်းမှူး ဗိုလ်ချူပ် သက်ဝင်းနိုင် ဦးစီးသော နအဖ စစ်ဖက်ဆိုင်ရာ အရာရှိတချို့ နှင့် ဒီကေဘီအေ ခေါင်းဆောင်များ နယ်ခြားစောင့်တပ် အပြီးသတ် အသွင်ပြောင်းရေးနှင့် စပ်လျဉ်း၍ ၂၀၁၀ သြဂုတ်လ ၄ ရက်နေ့ တွင် တပ်မ ၂၂ ဌာနချူပ် ခမ်းမ တွင် အစည်းအဝေးကျင်းပပါသည်။ ယင်းအစည်းအဝေးမှတ်တမ်းမှ အရေးကြီး အကြောင်းအရာ တချို့ ကို ၉၉၉ တပ်မှူးငယ်မှ အများပြည်သူ သိရှိနိုင်ရန် အတွက် ပို့ ပေးလာပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် ကရင် ကရင် ချင်းပေးသတ်ခိုင်းတော့ မည်ဖြစ်ကြောင်း ဆိုတာ ဒီအစည်းအဝေးမှတ်တမ်းက ရှင်းရှင်းလင်းလင်း သက်သေခံနေပြီဖြစ်ပါသည်။ ဒီတော့ ကရင်အမျိုးသားအပေါင်းတို့  ရန်သူ မဟာဗမာဝါဒီ နအဖ စစ်အုပ်စု ၏ ကောက်ကျစ်စဉ်းလဲသော အကြံအစည် တစ်ခုဖြစ်တဲ့ ကရင် ကရင်ချင်း ပြန်လည်တိုက်ခိုက် သတ်ဖြတ်ကြမည့် အခြေနေ သို့ မရောက်ရှိအောင် အားလုံးဝိုင်းဝန်းပြီး သက်ဆိုင်သူတွေကို ဖိအားပေး ကြပါ။ ဖန်တီးသူ နအဖ စစ်ခွေးတွေရဲ့လုပ်ရပ်ကို လည်း ကရင်တမျိုးသားလုံးသာမက တကမ္ဘာလုံး သိရှိအောင် ဖေါ်ထုတ်ကြပါလို့ တိုက်တွန်းလိုပါသည်။

အစည်းအဝေးမှတ်တမ်း ပေးပို့ လာသူ ၉၉၉ တပ်မှူးငယ် အား အထူးကျေးဇူးတင်ပါကြောင်း ကျနော်တို့  သောသီခို အဖွဲ့ မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

ပေးပို့ သူ - ၉၉၉ တပ်မှူးငယ်

DKBA to BGF Meeting Minute


Type the rest of your post here.

2 comments:

Anonymous said...

ပေါက်တတ်ကရ meeting တစ်ခုပဲ...မင်းတို့လည်း ကြံဖန်ပြီး ရေးတတ်တာ တော်တယ်ကွာ..ချေးကျွေးတယ်..

Anonymous said...

ဟားဟား အမှန်တရားကို ဖေါ်ထုတ်နိုင်တော့ သွေးရူးသွေးတန်းဖြစ်နေလား စစ်ဗိုလ်. သနားတယ် မင်းကို

မြစ်ဆုံမင်း

Post a Comment