ondragstart="return false" onselectstart="return false"

Friday, September 10, 2010

KNLA နှင့် တိုက်ပွဲ နအဖ ဘက်မှ ၂ ဦးကျဆုံး

သန်းထိုက်ဦး Friday, September 10, 2010

နအဖ စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်များ စက်တင်ဘာလ ၈ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ တပ်ဘက်မှ ၂ ဦး ကျဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်းရှိ KNLA တပ်မဟာ ၇ ထိန်းချုပ်ရာဒေသအတွင်း နအဖ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၉ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၅၈၇ မှ တပ်ဖွဲ့ဝင်များနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ နအဖ တပ်များက ယင်းဒေသ၌ လှုပ်ရှားနေစဉ် KNLA က ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ယခုကဲ့သို့ ကျဆုံးခြင်းဖြစ်ကြောင်း KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် နအဖဘက်မှ စစ်သည်အင်အား ၅၀ ခန့်ရှိကြောင်း၊ KNLA ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု KNUက ဆိုသည်။

စက်တင်ဘာ ၂ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း၌ နအဖ ခြေမြန်တပ်ရင်း (ခမရ) ၅၈၄ တပ်များနှင့် KNLA တပ်မဟာ ၄ မှ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၂ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်အတွင်း၌ သြဂုတ်လ ၄ ရက်နေ့တွင် နအဖ စစ်တပ်ကို KNLAတပ်ဖွဲ့ဝင်များက ခြုံခို တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ဒု တပ်ရင်းမှူး အပါအ၀င် ၉ ဦး ကျဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့သေးသည်။
http://www.irrawaddy.org/bur/index.php/news/1-news/4029-knla------

No comments:

Post a Comment