ondragstart="return false" onselectstart="return false"

Thursday, September 16, 2010

နအဖစစ်အုပ်စုက SSA နှင့် UWSA ယူနီဖောင်းအစုံ ၅၀ စီချုပ်ခိုင်း

နိုင်ငံရေး စစ်ရေး သတိရှိကြပါ ညီနောင်တို့ .. ထုံးစံအတိုင်း နအဖ စစ်တပ်တွေ ညစ်ပတ်တော့မည်။ ဒီအကွက်တွေကတော့ ရိုးနေပါပြီ တာပေမယ့် မသိနားမလည်နိုင်တဲ့ ဒေသခံပြည်သူတွေ အသလွတ် ညှင်းပန်းနိုပ်စက်ခံရနိုင်ပါသည်။ ကေအဲန်ယူ ထိန်းချူပ်ရာဒေသ တပ်မဟာ(၂)(၃) ရွှေကျင်၊ ကျောက်ကြီး၊ မုန်း နှင့် ထန်းတပင် မြို့ နယ်တွေမှာ တချိန်က နအဖ တပ်တွေဟာ AK47 နဲ့  M16 တွေကိုင် ပျောက်ကျားအင်္ကျီ တွေဝတ်ပြီး ဘောင်းဘီတို နဲ့  အစုဖွဲ့ ငယ်များဖြင့် လှုပ်ရှားဘူးတယ်။ ထိုအချိန်က နအဖ စစ်တပ် ဘောင်းဘီတို တပ်ဖွဲ့ တွေက တန်ပြန်ပျောက်ကျား စစ်ဆင်ရေးဆိုပြီး ဒေသခံရွာသူ ရွာသားတွေကို နည်းမျိုးစုံနဲ့ ညှင်းပမ်းနိုပ်ဆဲ၊ ရွားသားများ ခေါင်းကို ဖြတ်ပြီး သစ်ပင်ပေါ်မှာ ချိတ်ထားပြခဲ့ တဲ့ သဓာက တွေရှိတယ်။ နအဖ စစ်တပ်တွေ ပုံမှားရိုက်ပြီး လှူပ်ရှားဖို့ ပြင်ဆင်နေပြီ ဆိုတာ လက်နက်ကိုင် ညီနောင်တိုင်းရင်းသားများအားလုံး စစ်ရေးသတိရှိကြပါ။ ပြည်သူတွေ နိုးကြားအောင်လည်း စည်းရုံးလှုံဆော်ထားကြပါ။

Wednesday, 15 September 2010 18:30 မွေခေါဝ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံအခြေစိုက် ခလရ ၂၂၅ မှ အရာရှိများက သျှမ်းပြည်တပ်မတော်အပစ်ရပ်တပ်ဖွဲ့ဝတ်စုံနှင့် UWSA ၀ပြည်သွေးစည်းရေး တပ်မတော်ဝတ်စုံ အစုံ ၅၀ စီချုပ်ခိုင်းကြောင်း စုံစမ်းသိရှိရပါသည်။

“သျှမ်းတပ်ဝတ်စုံနဲ့ ၀တပ်ဝတ်စုံ အစုံ ၅၀ စီ သူတို့ယုံကြည်စိတ်ချရတဲ့စက်ချုပ်သမားတွေကို ချုပ်ခိုင်းနေတာ။ဘာအကြောင်း ကိစ္စကြောင့်တော့ မသိဘူး” ဟု မိုင်းတုံဒေသခံတစ်ဦးကပြောပါသည်။

နအဖချုပ်ခိုင်းနေသော သျှမ်းပြည်တပ်မတော်ယူနီဖောင်းနှင့်ဝတပ်ဝတ်စုံသည် အစုံ ၅၀ မကကြောင်း၊ ခလရ ၂၂၅တပ်ရင်းတစ်ခုတည်းချုပ် ခိုင်းခြင်းမဟုတ်ဘဲ အခြားတပ်ရင်းများမှလည်းချုပ်ခိုင်းသောကြောင့် အစုံရာချီရှိနိုင်ကြောင်း၊ အချို့ဝတ်စုံများကိုသံလွင်အနောက်ခြမ်းသို့ ယူဆောင်သွားပြီးဖြစ်ကြောင်း ထိုင်းလုံခြုံရေးအရာရှိတစ်ဦးကပြောပါသည်။

“မိုင်းတုံမြို့ရှိတပ်ရင်းတွေက ကျိုင်းတုံအခြေစိုက်တြိဂံတိုင်းစစ်ဌါနချုပ်ရဲ့လက်အောက်ခံလေ။ သံလွင်အရှေ့ခြမ်းက စားနပ်ရိက္ခာပစ္စည်းတွေ နေပြည်တော်ဌါနချုပ်ကခွင့်မပြုရင် သံလွင်အနောက်ခြမ်းကယူသုံးလို့မရဘူးလေ။ ဒါကြောင့် နေပြည်တော်ကနေ ချုပ်ခိုင်းတာဖြစ်မယ်” ဟု ထိုင်းနယ်စပ်နေစစ်ရေးလေ့လာသူတစ်ဦးကပြောပါသည်။

“စက်တင်ဘာလဆန်းပိုင်းကစပြီး နအဖရဲ့လှုပ်ရှားမှုတွေဟာထူးခြားလာတယ်။ သျှမ်းတပ်ဝတ်စုံဝတ်ပြီး ရွာသူရွာသား တွေဆီက ဆန်တွေ တောင်းယူတယ်။ ဆပ်ကြေးတွေကောက်တယ်။ သံလွင်အနောက်ခြမ်းကရွာသူရွာသားတွေက ဆန်သွားပို့ရင်သျှမ်းသူပုန်ကို ထောက်ပံ့တယ်ဆိုပြီး ရွာသူရွာသားတွေကိုဖမ်းဆီးရိုက်နှက်တယ်” ဟု SSA တောင်ပိုင်း ခေါင်းဆောင်စ၀်ယွက်စစ်ကပြောပါသည်။

နအဖက ယခုလို သျှမ်းပြည်တပ်မတော် ယူနီဖောင်းနှင့် ၀တပ်ဝတ်စုံချုပ်ခိုင်းနေသည်မှာ ၁။ရွာသူရွာသားများ သျှမ်းစစ် သားနှင့်ဝစစ်သားများအား အထင်လွှဲ၍မုန်းတီးစေရန် သျှမ်းနှင့်ဝတပ်ဖွဲ့ယောင်ဆောင်၍ ရွာသူရွာသားများအား အနှောင့်ယှက်ပေးလာနိုင်ဖွယ်ရှိကြောင်း၊ ၂။သျှမ်းစစ်တပ်နှင့် ၀စစ်တပ်တိုက်ခိုက်မှုဖြစ်ပွါးစေရန် လှုံ့ဆော်ပေးခြင်း လည်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများကပြောပါသည်။

လွန်ခဲ့သော ၅-၆ နှစ် နအဖစစ်သားက သျှမ်းစစ်သားအဖြစ်ယောင်ဆောင်ကာ သစ်ခုတ်သမားများအား သေနတ်နှင့် ပစ်သတ်၍သျှမ်းစစ်သား လက်ချက်ဖြစ်သည်ဟုစွပ်စွဲပြီး နအဖပိုင်သတင်းမီဒီယာများ၌ထုတ်လွှင့်ခဲ့ဖူးသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/86-2008-08-01-03-20-45/1094--ssa-uwsa-

No comments:

Post a Comment