ondragstart="return false" onselectstart="return false"

Sunday, September 26, 2010

ELEVEN ဂျာနယ်မှ ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်နှင့် တွေ့ဆုံခြင်း

ဒီပို့ စ်နဲ့ စပ်လျဉ်းပြီး စာဖတ်သူ ပရိတ်သတ်များ၏ အမြင်များကို comment box တွင်သော်လည်းကောင်း cbox တွင် သော်လည်းကောင်း လွတ်လပ်စွာ ဆွေးနွေးနိုင်ပါသည်။

Eleven ဂျာနယ်မှ ပြန်လည်ကူးယူဖေါ်ပြသည်။

'ကျွန်တော်တို့ ပြည်သူလူထုထဲမှာလည်း နေခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုလည်း အများကြီး ခြုံငုံမိပါတယ်' ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်နှင့် တွေ့ဆုံခြင်း

ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် - အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်(သို့မဟုတ်) တိုင်းဒေသကြီးလွှတ်တော် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အရေအတွက်

* ပြည်သူ့လွှတ်တော် - ၇
* အမျိုးသားလွှတ်တော် - ၅
* တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် - ၂၄
* တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် - ၅

စုစုပေါင်း ၄၁



ဦးစောထွန်းအောင်မြင့် (ဥက္ကဋ္ဌ၊ ကရင်ပြည်သူ့ပါတီ)

* ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကရင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း။
* မွေးသက္ကရာဇ် - ၁၆-၂-၁၉၄၂။
* အလုပ်အကိုင် - တပ်မတော်(ရေ)တွင် ဒုဗိုလ်မှူးကြီး အဆင့်ဖြင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ဗျူဟာစစ်ရေယာဉ်စု)၊ ညွှန်ကြားရေးမှူးချုပ် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဗဟိုကော်မတီဝင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ချုပ်။
* ပညာအရည်အချင်း - B.A (D.S.A); MNI (UK), MASTER MARINER (F.G), SER:ENGG:, B and W (ALPHA), Denmark, IRCOC (USA), IRWOC (USA), ICOC (USA), ITC (USA) ။
* ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် - တိုင်းဒေသကြီးလွှတ်တော်။
* မဲဆန္ဒနယ် - ကရင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်

'သဘောထားရပ်တည်ချက်နှင့် စိတ်ရင်းစေတနာမှန်လျှင်အောင်မြင်မည်ဟု ယုံကြည်ပါသည်'

မေး - ဆရာတို့ပါတီရဲ့ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်လေးတွေ သိပါရစေ။
ကျွန်တော်တို့ ကရင်ပြည်သူ့ပါတီရဲ့ မူဝါဒ သဘောထားကတော့ ကျွန်တော်တို့ liberal ပါပဲ။ ကျွန်တော်တို့ အလယ်မှာပဲ နေမှာပါ။ အလယ်မှာပဲ ကျွန်တော်တို့သွားပြီးတော့ ပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိမယ်ဆိုရင် ဆုံးဖြတ်ပြီးတော့ အကုန် ထောက်ခံလုပ်သွားမှာပဲ ဖြစ်ပါတယ်။

မေး - တကယ်လို့ ဆရာတို့ ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ပြည်သူတွေ အတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘာတွေလုပ်ပေးမလဲ။
ကျွန်တော်တို့ ကရင်ပြည်သူ့ ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်သွားမယ်ဆိုရင် ကျွန်တော်တို့ အဓိက ထားတဲ့ တိုင်းရင်းသား ရေးရာကိုပေါ့။ ကျွန်တော်တို့က ကရင်ဆိုတော့ ကရင်တိုင်းရင်းသားရေးရာ ပိုပြီး အာရုံစိုက်ရမယ့် သဘောရှိပါတယ်။ နောက်ပြီးလို့ ရှိရင်တော့ ပြည်သူ တစ်ရပ်လုံးအတွက် အကျိုးရှိမယ်ဆိုတဲ့ ကိစ္စမှန်သမျှ ကျွန်တော်တို့ ထောက်ခံ အားပေးတိုက်တွန်း လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ ကရင်အမျိုးသားတွေရယ်လို့ မကပါဘူး။ တိုင်းရင်းသားလူမျိုးတွေ စာပေလူမျိုး တွေ မပျောက်ပျက်အောင် ကျွန်တော်တို့ ခေါင်းထဲမှာ အပြည့်ရှိပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်မီး၊ ဒါနဲ့ ပတ်သက်လို့ ကတော့ စားပွဲဝိုင်းမှာပဲ ဖြေရှင်းရမယ်လို့ ထင်ပါတယ်။ အချိန်ယူပြီးတော့ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်လိုက်လို့ ရှိရင် ပိုကောင်းတဲ့ အဖြေကိုရမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စားပွဲဝိုင်းမှာပဲ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့ အကောင်းဆုံး အဖြေမှန် ရမယ်လို့ ယူဆပါတယ်။ တိုင်းရင်းသား အားလုံးတွေအတွက် ဒီလိုပဲ မြင်ပါတယ်။ အဲတစ်ခုကတော့ အေးချမ်းသာယာပြီး ပြည့်စုံဖို့ လိုပါတယ်။ တိုင်းပြည်အေးချမ်းသာယာမှု ရှိမှပဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မယ်။ နောက် ဒီနေရာမှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အပြည့်ရှိဖို့လည်း လိုပါတယ်။ ဒါကြောင့်မို့လို့ သဘောထား ကြီးကြီးနဲ့ နည်းမျိုးစုံနဲ့ရအောင် ကြိုးစားပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ စည်းလုံးညီညွတ်မှု ရရှိဖို့ ကြိုးစားရမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ အချိန်တော့ ယူရဦးမယ်လို့ ထင်ပါတယ်။ ၀ုန်းဒိုင်းကြီးတော့ သွားပြီးတော့ တွန်းလို့တော့ မရဘူး ထင်ပါတယ်။

မေး - ဒီမိုကရေစီစနစ် အခြေခံတဲ့ တရားဥပဒေ စိုးမိုးရေး ရှိဖို့ လိုတယ်ဆိုတာနဲ့ ပတ်သက်ပြီး လက်ရှိ အခြေအနေနဲ့ နှိုင်းယှဉ်ပြောပြပေးပါဦး။
တစ်ဆင့်ပြီးတစ်ဆင့်ပဲ ကျွန်တော်တို့ ယုံကြည်လက်ခံပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေ အများကြီး ပါတီဖွဲ့ပြီး ၀င်ပြိုင်တယ်လို့ပဲ ယူဆပါတယ်။ ကဏ္ဍအားလုံးမှာ ရွေးကောက်ပွဲ ပြီးရင်တော့ လက်ရှိ အခြေအနေထက် ပိုကောင်းမယ်လို့ ယူဆပါတယ်။

မေး - ဆရာတို့ ပါတီအနေနဲ့ တခြား အင်အားကြီး ပါတီတစ်ခုနဲ့ မဟာမိတ် လုပ်ထားတာမျိုး ရှိပါသလား။
ကျွန်တော်တို့ ပါတီမှာ တပ်က အငြိမ်းစားယူတာ သုံးယောက်ပဲ ပါပါတယ်။ ကျွန်တော်တို့ ကော်မတီဝင် ၁၆ ယောက်မှာ သုံးယောက်ပဲ ပါတယ်။ ကျွန်တော်တို့ လုပ်တဲ့လုပ်ငန်း က ကျွန်တော်တို့ အားလုံးညှိနှိုင်း တိုင်ပင်ဆုံးဖြတ်တဲ့ လုပ်ငန်းပါ။ ဒါပေမယ့် ကျွန်တော်တို့ နိုင်လို့ရှိရင် ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ တစ်ချိန်တုန်းကတော့ တပ်က မှန်ပါတယ်။ လောလောဆယ်တော့ ပြည်သူတွေ ဖြစ်နေပါပြီ။ ပြည်သူတွေဘက်က ၀င်ပြီးတော့ ကျွန်တော်တို့တွေက တပ်မှာလည်း နေခဲ့တယ်။ နိုင်ငံဝန်ထမ်းလည်း လုပ်ခဲ့တယ်။ ကျွန်တော်တို့ ပြည်သူလူထုထဲမှာလည်း နေခဲ့တယ်။ ကျွန်တော်တို့ ပြည်သူလူထုထဲမှာလည်း နေခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုလည်း ကျွန်တော်တို့ အများကြီး ခြုံငုံမိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တတွေက ၀န်ထမ်းဟောင်းတွေ၊ အတွေ့အကြုံရှိတဲ့လူတွေ ၀င်ခြင်းအားဖြင့် ပိုပြီးတော့ ကောင်းမယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော်တို့ ၀င်တာပါ။ ပြည်သူ အကျိုးအတွက်လည်း အလေးထားရမယ်လို့ ပြောချင်ပါတယ်။

မေး - ပါတီသစ် တစ်ခုအနေနဲ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ရှိရင်လည်း ပြောပြပေးပါ။
အဓိကကတော့ ကျွန်တော်တို့ အချိန်ပေါ့နော်။ အချိန်က တည်ထောင်ခွင့် တင်ရတယ်။ မှတ်ပုံတင်ခွင့် တင်ရတယ်။ စာပေရေးသား ထုတ်ဝေခွင့် တင်ရတယ်။ လူဦးရေစာရင်း တင်ရတယ်။ ကျွန်တော်တို့မှာ ဆက်တိုက် ဆက်တိုက် လုပ်ရတဲ့အတွက် အချိန်တော်တော် နည်းတယ်လို့ ပြောလို့ရတယ်။ နောက်ပြီး နှစ်ပတ်နဲ့ ချက်ခြင်းတင်၊ ငွေထည့်ဆိုတော့ ကျွန်တော်တို့ပါတီက အဟောင်း မဟုတ်ဘူး။ အသစ်ဆိုတော့ အဘက်ဘက်က မရှိသေးဘူး။ အခုမှ စပြီးတော့ ဟိုတစ်ယောက်ကို လှမ်းပြော၊ ဒီတစ်ယောက်ကို လှမ်းပြောနဲ့ အဲဒါတွေက နည်းနည်းကသီတယ်ပေါ့။ တခြားပါတီတွေလည်း ဒီတိုင်းပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့က ဘယ်လိုလုပ်ရလဲဆိုတော ကိုယ့်အရေး ကိုယ်ကူပေါ့၊ ကိုယ်ဝင် မယ်ဆို ကိုယ်ထည့်ပေါ့၊ အဲဒီလိုနည်းနဲ့ ရဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဘယ်မှာမှ မရှိဘူး၊ ရစရာလည်း မရှိဘူး၊ စုဆောင်းထားတာလည်း မရှိဘူး။ Fund ဆိုတာကလည်း အခုမှ စရမှာ ပါတီဝင်ရင် ပါတီဝင်ကြေးတောင်းဖို့ နေနေသာသာ တခြားပါတီက ဘာပေးတယ်ဆိုပြီး ပိုက်ဆံချေး ပေးတယ်ဆိုပြီး ပြောတော့ ပါတီကြေးလည်း တောင်းလို့ မဖြစ်ဘူး။ ဒါအတွက်တောင်မှ ကျွန်တော်တို့ အလကားပေးရတယ်။ အဲလိုဖြစ်နေတယ်။ ကျွန်တော်တို့က ဘာပြောရလဲဆိုတော့ ၀င်ချင်တဲ့လူ ကိုယ့်ပိုက်ဆံ ကိုယ်ယူလာ၊ ကိုယ့်စရိတ်ကိုယ်ယူ ဆိုတော့ အဲဒီမှာ လူတွေက အများကြီး ၀င်လာတဲ့ သဘောရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ မှန်းတာကတော့ အယောက် ၃၀ လောက်ပဲ မှန်းပါတယ်။ ၃၀ ဆိုရင် ၁၅၀။ အဲဒီလိုမှန်းတယ် ဆိုပေမယ့် တက်လာတာက ၄၈ ယောက်အထိ တက်လာတယ်။ ကျွန်တော်တို့အတွက် မနိုင်မနင်း အိုးနင်းခွက်နင်းပေါ့။ ဒါပေမယ့် နောက်ဆုံးကြတော့ သူ့ဘာသာသူ ၄၂၊ ၄၁ ယောက်နဲ့ သွားတင်နေတယ်ပေါ့။ တခြားသူတွေနဲ့ စာရင်တော့ အများကြီး နည်းပါတယ်။ ဒါပေသိ ဘာကြောင့် ကျွန်တော်တို့ ၀င်သလဲဆိုတော့ ကျွန်တော်တို့ ခုနကပြောသလိုပေါ့၊ Space and Platform ပေါ့။ ကျွန်တော်တို့ ဟိုတုန်းကမရတဲ့ Space and Platform ပေါ့၊ သူပေးတဲ့ဟာ ယူရမှာပေါ့။ သူပေးတဲ့ဟာ မယူဘူးဆိုရင် ကျွန်တော်တို့က ဒုံရင်းပဲ ဖြစ်သွားမှာပေါ့။

မေး - တိုင်းရင်းသားပါတီတစ်ခု အနေနဲ့ ဘယ်လိုမူဝါဒတွေ ရှိပါသလဲ။
ကျွန်တော်တို့က တိုင်းရင်းသားရေးရာ အဓိကပေါ့။ စောစောကလည်း ပြောပြီးပါပြီ။ ဒါအဓိက ထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီလောက်အထိ ကျဉ်းမြောင်းတဲ့ အတွေးအခေါ် မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီနာမည်ကိုက ကရင်ပြည်သူ့ပါတီ ကရင်တွေ အပါအ၀င် ဖြစ်တဲ့ ပြည်သူတစ်ရပ်လုံးအတွက် ရည်စူးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့က ပြည်မမှာနေတဲ့သူ ပြည် နယ်မှာနေတဲ့သူ ကရင်တိုင်းရင်းသား အုပ်စုနှစ်စု ရှိတယ်။ ဧရာဝတီဘက်မှာဆို အများကြီးရှိတယ်။ ကရင်တွေကလည်း ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ ရောနေတာပဲ။ အတူတူပဲလေ။ အဲဒီတော့ ကရင်တွေ အပါအ၀င်ဖြစ်တဲ့ ပြည်သူတွေ တစ်ရပ်လုံးအတွက် အဖွဲ့ပေါ့။ အမှန်တော့ ကျွန်တော်တို့ ၀င်ခြင်းအားဖြင့် ပြည်သူအတွက် ပိုပြီးတော့ အကျိုးရှိမယ်လို့ ထင်ပါတယ်။ သာမန်ပြည်သူတစ်ယောက် ၀င်တာထက် စာရင် ကျွန်တော်တို့ဝင်တာ ကျွန်တော်တို့က တပ်ကလည်း ဖြစ်ခဲ့တယ်။ ပြည်သူ့ဝန်ထမ်းလည်း လုပ်ခဲ့တယ်၊ နောက်ပြီးတော့ ပြည်သူရဲ့ ခံစားချက်ကို လိုလားချက်ကို သိတယ်။ ကျွန်တော်တို့ကလည်း ကြားကနေ အများကြီး လုပ်ပေးနိုင်တယ်။ တကယ့်ကို ကျွန်တော်တို့ စေတနာအပြည့်နဲ့ လုပ်တာပါ။

မေး - ဒီလိုနည်းနည်းနဲ့ကျဲကျဲ ဆရာတို့ ၀င်ပြိုင်မယ့် နယ်မြေမှာ ရင်ဆိုင်ရမယ့် ပါတီတွေက ဘယ်ပါတီတွေ ဖြစ်မလဲ။
အများဆုံး ၀င်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီ အဲဒီနှစ်ခုကတော့ အများဆုံး ကျွန်တော်တို့ ထိပ်တိုက်တွေ့ဖို့က များတယ်။ ကျွန်တော် ခုနတုန်းက ပြောခဲ့ပါတယ်။ ဒီပါတီဟာ တပ်ကထွက်လာတဲ့ ပါတီ အဲဒါကြောင့် ပြောတာ။ ကျွန်တော်တို့ကို ဘောင်းဘီချွတ်တွေလို့ ပြောမယ်။ ငါတို့ကတော့ ဘောင်းဘီချွတ် မှန်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘောင်းဘီချွတ်တွေက တကယ့် ဘောင်းဘီချွတ်စိတ်ဓာတ်နဲ့ တကယ့်ကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ပြည်သူအတွက် ၀င်ချင်လို့ ကျွန်တော်တို့ ၀င်တာ။ ကျွန်တော်တို့ ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တပ်က စစ်ဗိုလ်စစ်သားပါတီ အဖွဲ့ဖွဲ့တယ်ဆိုတာ အခုမှမဟုတ်ဘူး။ ကျွန်တော်တို့က ထွက်တယ်ဆိုတာက ကိုယ့်အမျိုးသားတွေ ရှေ့ကနေ မှန်ကန်တဲ့ ဦးဆောင်မှုပေးဖို့ ရှေ့ထွက်တာပါ။ ကျွန်တော်တို့တစ်တွေက ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်လည်း တခြား တိုင်းရင်းသားတွေဖြစ်တဲ့ ပြည်သူတွေအတွက်ကို ဘယ်လိုလုပ်နိုင်မလဲ၊ နည်းနည်းပါးပါး ဘာလုပ်ပေးနိုင်မလဲ၊ ကျွန်တော်တို့ဘက်က စဉ်းစားတာပေါ့။ လမ်းကြောင်းသစ် ပေါ်လာတော့ နည်းနည်းကောင်းတာလေးပေါ် တင်ပေးခဲ့ချင်တယ်။ အလယ်အလတ်ကပဲ သွားတဲ့လမ်းကြောင်းသည် ပြည်သူတွေအတွက် ပိုပြီးတော့ ကောင်းတယ်လို့ မြင်တယ်လေ။ ကျွန်တော်တို့လည်း အင်တာနက် ထဲမှာ တွေ့ပါတယ်။ ဘယ်ပါတီနဲ့ ပေါင်းမယ်။ ဟိုပါတီနဲ့ပေါင်းမယ်။ကျွန်တော်တို့ မပြောတဲ့ဟာတွေကိုလည်း ထည့်ပြောထားပါတယ်။ အဲဒါ အတွက်လည်း ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က မှန်တဲ့ဘက်ကပါပဲ။ ကျွန်တော်တို့က ဘယ်ပါတီမှလည်း ကျွန်တော်တို့ မပေါင်းဘူး။ ကျွန်တော်တို့ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင်တော့ ကျွန်တော်တို့လို အလယ်အလတ်သွားတဲ့ သူတွေနဲ့ ပါတီတွေ အချင်းချင်း သဘောတူရင်တော့ တွဲချင်တွဲမှာပေါ့ဗျာ။ အဲဒီကျတော့လည်း ကျွန်တော်တို့ သိလာမှာပေါ့။

မေး - ဆရာတို့နဲ့ သဘောထားတူတဲ့ တိုင်းရင်းသား ပါတီတွေကို ဦးစားပေး စဉ်းစားမလား။ ဒါမှမဟုတ်ရင် အင်အားကြီး ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးလို ပါတီတွေကို စဉ်းစားမလား။အကြမ်းဖျင်း ဘယ်လိုပုံစံမျိုးတွေနဲ့ စဉ်းစားပါသလဲ။
ဒီဟာကတော့ဗျာ။ အစစ အရာရာပေါ့၊ ဥပမာဆိုပါတော့ ကျွန်တော်တို့ကနေပြီးတော့ ဟုတ်လား ကိုယ့်ပြည်နယ်မှာ ကျွန်တော်တို့ ကရင်စာပေ သင်ချင်တယ်ဆိုရင် မွန်ကလည်း သူ့စာပေ မပျောက်ပျက်အောင် သင်ချင်မှာပဲ။ ဥပမာ တိုင်းရင်းသား တွေမှာ ကျွန်တော်တို့မှာ လူ ၁၁ မျိုး လောက်ရှိတယ်။ အဲဒါမှာ ကျွန်တော်တို့က အကုန်ယူမယ်ဆိုလို့ ဘယ်ရမလဲ ကျန်တဲ့သူကလည်း သူတို့လည်း လိုချင်မှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အဲဒါ အခြား ပါတီတွေမှာလည်း ကျွန်တော်တို့ အလုပ် လက်မဲ့ ကိစ္စတို့ တခြားလည်း ကျွန်တော်တို့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးပေါ့နော်။ ပညာရေးဆိုရင်လည်း ကျွန်တော်တို့က တကယ် အလုပ်ရစေတဲ့ ပညာရေးပေါ့။ အလုပ် အထောက်အကူရစေတဲ့ ပညာရေးပေါ့။ ကျန်တာလည်း လွဲနေမှာပဲလေ။ ဘွဲ့ရတွေ အလုပ်မရှိတာ အများကြီးကို။ ဒါပေမယ့် Automatically ကျွန်တော်တို့ တူတဲ့ပါတီ အချင်းချင်း ပေါင်းသွားမယ့် သဘောရှိတယ်။ နောင်တစ်ချိန် အလယ်အလတ်ဖြစ်မယ့် လမ်းစဉ်တွေက ပေါင်းသွားနိုင်တယ်။

မေး - တခြားပါတီကြီး နှစ်ခု မဲဆန္ဒနယ် အများဆုံးမှာ ၀င်ရောက် ယှဉ်ပြိုင်နေပါတယ်။ ဒီအတွက် ရွေးကောက်ပွဲ အမြင်ကို သိလိုပါတယ်။
ပြည်သူလူထုတွေ နိုးကြားလာတယ်။ တက်ကြွလာတယ်၊ ပါလာတယ်ဆိုရင် တခြားသူတွေလည်း ထိုနည်းပဲ ပါလာမယ်လို့ ထင်တယ်လေ။ ပါလာမယ်ဆိုလို့ရှိရင် သူတို့လည်း အခြေအနေ ကောင်းလာနိုင်ပါတယ် နော်။ အထူးသဖြင့် ကျွန်တော်က ပြောချင်တာက တိုင်းရင်းသားပါတီတွေပဲ တိုင်းရင်းသား ပါတီတွေကတော့ ဒီထဲမှာ ကျွန်တော်ထင်တယ်လေ။ ခံယူချက်နဲ့ဝင်တဲ့ ပါတီတွေ ဖြစ်မှာပဲ ခံယူချက်နဲ့ဝင်တဲ့ ပါတီတွေ ဖြစ်တဲ့အတွက် သူတို့ပါတီအတွက် တတ်နိုင်သမျှ ကြိုးစားစည်းရုံးမှာ ပဲလေ။ အနည်းလေး တိုင်းရင်းသား ရေးရာတော့ ရအောင် စည်ရုံးမှာပဲလေ။ တစ်နေရာရလည်း တစ်နေရာပဲလေ ၁၀၀ မှာ တစ်ယောက်ရလည်း တစ်ယောက် နှစ်ယောက်ရလည်း နှစ်ယောက် သုံးယောက်ရလည်း သုံးယောက်။ အဲတော့ အဲလိုသာ ၀ိုင်းကြိုးစားလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့အစည်း အင်အားတစ်စု ဖြစ်လာမယ်။ ကျန်တဲ့ ဒီမိုကရေစီ ပါတီတွေရဲ့ အင်အားတစ်ခု ဖြစ်လာမယ်။ ဒါတွေ ဘာပဲပြောပြော ပါလီမန်ထဲမှာ လွှတ်တော်ထဲမှာ အင်အားလေးတစ်ခု ဖြစ်သွားမှာပေါ့။ အဲလိုပဲ ကျွန်တော်မြင်ရတာပဲ။ အကျိုးတော့ မယုတ်ပါဘူး၊ တခြား ဘာပဲပြောပြော သဘောထား ခံယူချက်သာ အရေးကြီးပါတယ်။ ဒီတစ်ပွဲ မပါရင် နောက်တစ်ပွဲကတော့ ပါမှာပဲ။ အခြေအနေအရ ဒီတစ်ပွဲမှာ မပါလည်း နောက်တစ်ပွဲမှာ ပါမှာပဲ။ ကျွန်တော်တို့ကတော့ ဒါပါပဲ။ ကျွန်တော်တို့ ပါတီသည် ရေရှည်အကျိုးအတွက် စဉ်းစားတယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေ တရားမျှတသော ရွေးကောက်ပွဲနဲ့ ဥပဒေ ဘောင်အတွင်းကနေ ပြီးတော့ အကျိုးပြုမည်ဆိုတဲ့ မူနဲ့ ကြိုးစားမှာပါ။ ကျွန်တော်တို့က ရေရှည်လုပ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ ပါတီအသစ်တော့ ဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မျှော်မှန်းချက်ကတော့ ကြီးပါတယ်။ စည်းလုံးညီညွတ်မှု မရှိတဲ့ အပိုင်းတွေကို ကျွန်တော်တို့ စိတ်မကောင်းပါဘူး။ တိုင်းပြည်ကြီးမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရှိပါမှ တိုင်းပြည် ဖွံဖြိုးတိုးတက်မယ်။ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပါမှ တစ်ဦးချင်းတစ်ဦးချင်းရဲ့ စံနှုန်း တက်လာမယ်။ ဒီလို တက်လာတော့မှပဲ အိမ်နီးချင်း နိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်မှာပါ။ အဲလို မဟုတ်ရင် ကျွန်တော်တို့ အောက်မှာပဲ ဖြစ်နေမယ်။ ကျွန်တော်တို့တွေ နိုင်ငံခြားမှာ သွားလုပ်နေရမယ်။ သူများလုပ်လည်း ကျွန်တော်တို့ ခံနေရမယ်။
http://news-eleven.com/index.php?option=com_content&view=article&id=5074:2010-09-26-04-26-02&catid=93:2010-09-25-03-59-09&Itemid=114

4 comments:

Neverdie said...

He is a person of retire of military, in his life he did military work. So i don't believe him, he send his people to become slave. He don't have experience of political. If he know he should join to Kawthoolei and serve for his people.

best,

Saw Wah Nay
borderline

Lazy Boy said...

- အလယ်မှာ နေမယ်ဆို ပေါင်နှစ်ချောင်း အလယ်မှာ ထားလိုက်ကွာ။
- Eleven ဂျာနယ်က ရူးနေလားမသိဘူး မေးခွန်းကိုက ဆရာတို့ အနိုင်ရခဲ့ရင်ဆိုဘဲ...
- တပ်က အငြိမ်းစားယူထားတယ်ဆိုတော့ ကရင် အခြင်းခြင်း သတ်ဘူးတဲ့သူဘဲ ဖြစ်နေမလားမသိဘူး။
- ကျွန်တော်တို့က ဒီလောက်အထိ ကျဉ်းမြောင်းတဲ့ အတွေးအခေါ် မဟုတ်ပါဘူး .. ကျွန်တော့်လို နလဘိန်းတုန်း အတွေးရှိတဲ့ သူတွေ အတွက်ကတော့ တော်တော်ကျယ်ပြန့်တဲ့ အတွေးအခေါ်ပါ။
- ကရင်စာပေ အရင်က သင်ခွင့်ရှိတယ်နောက်ပိုင် သင်ခွင့်ပိတ်ခံလိုက်ရတယ်ဆိုတာလဲ ကျွန်တော်တို့စောက်သုံးမကျလိုပါ။
- ပြည်သူလူထုတွေ နိုးကြားလာတယ်။ တက်ကြွလာတယ်၊ ပါလာတယ်ဆိုရင် တခြားသူတွေလည်း ထိုနည်းပဲ ပါလာမယ်လို့ ထင်တယ်လေ။ (စောက်ရူးပေါကြောင်ကြောင် နဲ့ ဘာတွေလျှောက်ပြောနေလဲမသိဘူး) ဘယ်ပြည်သူမှ မပါဘူး။ နာမည်ပါ ပထွေးသန်းရွှေနာမည်လေးပါအောင် ထွန်းအောင်မြင့်ရွှေလို့ ပြောင်းလိုက်တော့

Anonymous said...

ကျုပ်ကတော့ ဦးစောထွန်းအောင်မြင့် ပါတီကို မဲပေးဖို့အဆင်သင့်ပါပဲ...ကျုပ်ရဲ့ မဲတစ်ပြားဟာ ဒုက္ခသည်အဖြစ်ခံယူနေရတဲ့ ကရင်ပြည်သူတွေ မငြိမ်းချမ်းသေးတဲ့ ကရင်ပြည်နယ် အတွက် ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် အသဲကြားက မဲတစ်ပြားပါပဲ...ကရင်ပြည်သူအပေါင်းလည်း မိမိပြည်နယ်မှာ လက်နက်ကိုင်ပြီးအုပ်ချုပ်နေရတဲ့အဖြစ်ကနေ ကင်းလွတ်ပြီး မိမိလူမျိုးပဲအုပ်ချုပ်မယ့် အရပ်သားအုပ်ချုပ်မှုစနစ်ကိုဖြစ်လာတော့မယ့်အရေးကို ဦးနှောက်နဲ့စဉ်းစားပြီး မဲပေးကြဖို့ လိုအပ်ပါတယ်....


စစ်မှန်တဲ့ဒီမိုကရေစီ စစ်မှန်တဲ့ငြိမ်းချမ်းမှု စစ်မှန်တဲ့တိုးတတ်မှုကို လိုလားသူ

Anonymous said...

အပေါ်မှာ ရေးသွားတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းမှု တိုးတဲ့မှုကိုကို လိုလားသူ ဆိုတဲ့ ကောင်ဟာ ဒီစီဘောမှာ သူများသင်ထားပေးတဲ့အတိုင်း လာအော်အော်နေတဲ့ သန်းရွှေလစုပ် missile ဆိုတဲ့ စစ်ဗိုလ်ဂါဒူးပဲဖြစ်ပါကြောင်း အားလုံးကို အသိပေးပါတယ်ခင်ဗျား.. ၀ါးဟားဟား

မိုးမခ

Post a Comment